Mr. Bean အဖြစ် သရုပ်ဆောင်တဲ့ မင်းသားကြီး Rowan Atkinson ဟာ တကယ့်လက်တွေ့ဘဝမှာ လေယာဉ်မောင်းပြီး လူတွေရဲ့အသက်ကို ကယ်တင်ခဲ့ဖူးပါတယ် ။ ၂၀၀၁ ခုနှစ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက Rowan Atkinson ဟာ သူ့ရဲ့ မိသားစုနဲ့အတူ ကင်ညာနိုင်ငံမှာ အပန်းဖြေဖို့ ပုဂ္ဂလိက လေယာဉ်ငယ်လေးတစ်စင်းနဲ့ ခရီးသွားနေခဲ့တာပါ။ လေယာဉ်ပေါ်မှာ သူရယ်၊ သူ့ဇနီးနဲ့ ကလေးနှစ်ယောက် ပါပါတယ်။ လေယာဉ်က ပေထောင်ချီ အမြင့်ရောက်နေတဲ့အချိန်မှာ လေယာဉ်မှူးဟာ ရုတ်တရက် သတိလစ် သွားခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာ Rowan Atkinson ဟာ လေယာဉ်မောင်းတတ်တဲ့ သင်တန်း တရားဝင်တက်ဖူးသူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ လေယာဉ်မှူးနေရာကို ဝင်ထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ခဲ့ပါတယ်။ လေယာဉ်မှူး သတိပြန်မရလာမချင်း လေယာဉ် မပျက်ကျအောင် သူက အချိန်အတော်ကြာအောင် ထိန်းမောင်းပေးခဲ့တာပါ။ နောက်ဆုံးမှာတော့ လေယာဉ်မှူး သတိပြန်ရလာပြီး လေယာဉ်ကို ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်မှူး သတိလစ်နေချိန်မှာ သူဟာ လုံးဝ ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အေးအေးဆေးဆေးနဲ့ လေယာဉ်ကို ထိန်းကျောင်းနိုင်ခဲ့တာကြောင့် လူတိုင်းက ချီးကျူးခဲ့ကြပါတယ်။ ရုပ်ရှင်ထဲမှာတော့ သူက လွဲချော်မှုတွေလုပ်တတ်တဲ့ လ...
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။