Skip to main content

Posts

Showing posts from July, 2016

မီးကိုမြင်တိုင်း သနားကြင်နာပါ

မီးကိုမြင်တိုင်း သနားကြင်နာပါ ----- ဂရိလူမျိုးတို့ရဲ့ ဖန်ဆင်းရှင်အယူအဆက အင်မတန် စိတ်ဝင်စားစရာပါပဲ ။ များသောအားဖြင့် ဖန်ဆင်းရှင်အကြောင်းအရာများနဲ့ ပတ်သတ်တဲ့အခါ သိပြီးရင်းဖြစ်တဲ့ ဘာသာကြီး လေး ဘာသာက အကြောင်းအရာများပဲ ထိတွေ့လာခဲ့ကြပါတယ် ။ ဒီတစ်ခေါက်ကတော့ တစ်မူထူးခြားတဲ့ သုတစာတိုလေးဖြစ်အောင် ဖန်ဆင်းရှင်ကို ရှိရင်းဘာသာကြီးများထဲကမဟုတ်ပဲ ဂရိလူမျိုးများရဲ့ ယုံကြည်ရာ အကြောင်းလေးကို ထုတ်ဖေါ်ပေးမှာဖြစ်တယ် ။ ဂရိတို့ရဲ့ ဖန်ဆင်းရှင်အယူအဆလေးကို ပြောရမယ်ဆိုရင် အစပထမတုန်းက ပိန်းပိတ်အောင် မှောင်နေတဲ့ ဟင်းလင်းပြင်ကြီးမှာ တစ်ခုတည်းသော သက်ရှိတာရှိပြီး အခြားဘယ်အရာမှ မရှိခဲ့ပါဘူး ။ အဲ့ဒီ့ တစ်ခုတည်းသော သက်ရှိမှာလည်း အနက်ရောင် အတောင်ပျံများရှိကာ အလွန်ကို ကြီးမားတဲ့ နစ်စ် ခေါ် ငှက်ကြီးတစ်ကောင်ဖြစ်တယ် ။ တစ်နေ့မှာတော့ အဲ့ဒီ့ငှက်ကြီးဟာ အလွန်ကြီးမားတဲ့ ရွှေဥကြီးတစ်လုံးကို ဥချခဲ့တယ်လို့ ဆိုပါတယ် ။ နောက်ပြီး အဲ့ဒီ့ဥကို နှစ်ပေါင်းများစွာ ဝပ်နေခဲ့တယ် ။ နောက်ဆုံးမှာတော့ ယင်းဥကြီးဟာ လှုပ်ရှားလာပြီး အီးရိုးစ် အမည်ရှိတဲ့ အချစ်နတ်ဘုရားတစ်ပါး မွေးဖွါးလာခဲ့လေတယ် ။ ဒါ့အပြင် ကွဲသွားတဲ့ ဥကြီးရဲ့ အပ်ါခြမ်းဟာ လေထဲကို မြောက်တက်သွား...

ကံကောင်းလို့ပါတဲ့ !

ကံကောင်းလို့ပါတဲ့ ! ------ သင်ဟာ ကြီးကျယ်ထင်ရှားတဲ့ သိပ္ပံရှာဖွေမှုတစ်ရပ်ကို အမှတ်မထင် ကံကောင်းထောက်မစွာ တွေ့ရှိခဲ့တယ်လို့ ပြောသံကြားလိုက်တဲ့အခါ ဘယ်လို မှတ်ချက် ချမိပါမလဲ ။ ဒီလို အပြောမျိုးကိုရော သိပ္ပံပညာရှင်တွေ သုံးလေ့ရှိပါ့မလားလို့ သင် တွေးထင်ကောင်း ထင်မိပါလိမ့်မယ် ။ သို့သော် သင် လက်ခံရမှာက သိပ္ပံပညာရှင် အလက်ဇန္ဒားဖလင်းမင်းကတော့ သူ့ကိုယ်သူ နှိမ့်ချကာ သူ့ရဲ့ ကြိုးပမ်းမှုများအားလုံးအတွက် မာန်မာနမရှိပဲ ဒီလို စကားမျိုး သုံးနှုန်းလိုက်ပါတယ် ။ ( ဒီ တွေ့ရှိမှုဟာ ကံကောင်းထောက်မစွာ အမှတ်မထင် တွေ့ရှိလိုက်တာပါ ) တဲ့ ။ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး အသက်ကယ်ဆေးတွေထဲက တစ်ခုကို ရှာဖွေဖေါ်ထုတ်ပြီး တိုးတက်အောင် လုပ်နိုင်ခဲ့တာဟာ ကံကောင်းလို့ဆိုတာထက် အများချည်း ပိုပါတယ် ။ နှစ်ပေါင်းများစွာ သိပ္ပံဆိုင်ရာ အလေ့အကျင့်တွေ စိတ်ကူးစိတ်သန်းတွေနဲ့ သိလိုစိတ် ပြင်းပြမှုတွေဟာ တွေ့ရှိမှုတိုင်းရဲ့ နောက်ကွယ်မှာ ဒုနဲ့ဒေး ပါဝင်ပါတယ် ။ အနည်းငယ် ဘတ်တီးရီးယားတွေဟာ လူသားတွေအတွက် အကျိုးပြုသော်ငှားလည်း အများစုကတော့ အန္တရာယ်ကောင်တွေပါ ။ ဆုံဆို့နာရောဂါ / အူရောင်ငန်းဖျား / နမိုးနီးယားနဲ့ အဆုတ်ရောဂါလို ရောဂါမျိုးတွေဟာ ဘက်တီးရီးယားကြောင့်ြ...