Skip to main content

ကံကောင်းလို့ပါတဲ့ !

ကံကောင်းလို့ပါတဲ့ !
------
သင်ဟာ ကြီးကျယ်ထင်ရှားတဲ့ သိပ္ပံရှာဖွေမှုတစ်ရပ်ကို အမှတ်မထင် ကံကောင်းထောက်မစွာ တွေ့ရှိခဲ့တယ်လို့ ပြောသံကြားလိုက်တဲ့အခါ ဘယ်လို မှတ်ချက် ချမိပါမလဲ ။ ဒီလို အပြောမျိုးကိုရော သိပ္ပံပညာရှင်တွေ သုံးလေ့ရှိပါ့မလားလို့ သင် တွေးထင်ကောင်း ထင်မိပါလိမ့်မယ် ။ သို့သော် သင် လက်ခံရမှာက သိပ္ပံပညာရှင် အလက်ဇန္ဒားဖလင်းမင်းကတော့ သူ့ကိုယ်သူ နှိမ့်ချကာ သူ့ရဲ့ ကြိုးပမ်းမှုများအားလုံးအတွက် မာန်မာနမရှိပဲ ဒီလို စကားမျိုး သုံးနှုန်းလိုက်ပါတယ် ။ ( ဒီ တွေ့ရှိမှုဟာ ကံကောင်းထောက်မစွာ အမှတ်မထင် တွေ့ရှိလိုက်တာပါ ) တဲ့ ။

ခေတ်အဆက်ဆက် အကြီးကျယ်ဆုံး အသက်ကယ်ဆေးတွေထဲက တစ်ခုကို ရှာဖွေဖေါ်ထုတ်ပြီး တိုးတက်အောင် လုပ်နိုင်ခဲ့တာဟာ ကံကောင်းလို့ဆိုတာထက် အများချည်း ပိုပါတယ် ။ နှစ်ပေါင်းများစွာ သိပ္ပံဆိုင်ရာ အလေ့အကျင့်တွေ စိတ်ကူးစိတ်သန်းတွေနဲ့ သိလိုစိတ် ပြင်းပြမှုတွေဟာ တွေ့ရှိမှုတိုင်းရဲ့ နောက်ကွယ်မှာ ဒုနဲ့ဒေး ပါဝင်ပါတယ် ။

အနည်းငယ် ဘတ်တီးရီးယားတွေဟာ လူသားတွေအတွက် အကျိုးပြုသော်ငှားလည်း အများစုကတော့ အန္တရာယ်ကောင်တွေပါ ။ ဆုံဆို့နာရောဂါ / အူရောင်ငန်းဖျား / နမိုးနီးယားနဲ့ အဆုတ်ရောဂါလို ရောဂါမျိုးတွေဟာ ဘက်တီးရီးယားကြောင့် ဖြစ်ပေါ်လာရတာဖြစ်တယ် ။ ဒီလို အလွန်သေးငယ်တဲ့ အဏုဇီဝသက်ရှိလေးတွေကို ကျွန်တော်တို့ အသက်ရှုရာ လေထုထဲမှာပင်ပဲ အနှံ့အပြား တွေ့ရလျက်ပါ ။ အခုအချိန်မှာတောင် သင့်ခန္ဓာကိုယ်ထဲ ဘက်တီးရီးယား ထောင်ပေါင်းများစွာကို သင်က သယ်ဆောင်သွားလာနေရတာဖြစ်တယ် ။ ဒါပေမယ့် စိတ်တော့ မပူလိုက်ပါနဲ့ ။ ခန္ဓာကိုယ်ဟာ သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းများစွာ ရှိနေလျက်ပါ ။ ကျွန်တော်တို့ရဲ့ အထိရောက်ဆုံး ဘတ်တီးရီးယား တိုက်ဖျက်ရေးဟာ သွေးဖြူဥလို့ခေါ်တဲ့ သွေးရည်ထဲက သေးငယ်တဲ့ အဖြူရောင်ဆဲလ်လေးတွေပါပဲ ။

ရောဂါဖြစ်တဲ့ ဘတ်တီးရီးယားများကို နှစ်ပေါင်းများစွာ အလက်ဇန္ဒားဖလင်းမင်းက သုတေသနပြုပြီး လေ့လာခဲ့တယ် ။ လူနာတွေဆီက လေ့လာလိုသမျှ ဘတ်တီးရီးယား ဘယ်လိုအမျိုးအစားကိုမဆို ရရှိနိုင်တဲ့ ရောဂါမျိုးစုံနဲ့ လူနာတွေရှိရာ လန်ဒန်မြို့ စိန်မေရီ ဆေးရုံရှိ ဓါတ်ခွဲခန်းတစ်ခုမှာ ဖလင်းမင်း သုတေသနစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။

၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ် ဖြစ်ပွားချိန်မှာ သူဟာ တော်ဝင်ဆေးတပ်ဖွဲ့ရဲ့ ဗိုလ်ကြီးတစ်ယောက်အဖြင့် ရှေ့တန်း စစ်မြေပြင်ရှိရာ ပြင်သစ်ကို ရောက်ရှိလာခဲ့တယ် ။ ဒဏ်ရာရ တပ်သားတွေကို ဆေးကုသပေးရင်း ဆေးပြင်းတဲ့ ရောဂါ ကာကွယ်ဆေးဟာ တစ်ခါတစ်ရံ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေကြောင်း သူတွေ့ရှိခဲ့ပါတယ် ။ ရောဂါဖြစ်စေတဲ့ ဘတ်တီးရီးယားတစ်ချို့ကို အဲ့ဒီ့ဆေးတွေက တိုက်ဖျက်နိုင်စွမ်းရှိတာ မှန်ပေမယ့် ခန္ဓာကိုယ်ရဲ့ အကောင်းဆုံး ရောဂါ ခုခံမှုစနစ်ဖြစ်တဲ့ သွေးဖြူဥတွေကိုပါ သေစေနိုင်တာကို သူဟာ လုံးဝသဘောမကျခဲ့ပါဘူး ။ လူ့တစ်သျှူးဆဲလ်တွေကို အန္တရာဟ် မဖြစ်စေပဲ ဘတ်တီးရီးယားတွေကို တိုက်ဖျက်နိုင်စွမ်း ရှိစေတဲ့ ဆေးသစ်တစ်မျိုးကို သူ့နေရပ် ဓါတ်ခွဲခန်း ပြန်ရောက်ချိန်မှာ မအောင်မြင်မခြင်း ဖေါ်ထုတ်သွားမယ်လို့ သူ့ကိုယ်သူ ကတိပြုလိုက်တယ် ။

၁၉၂၂ ခုနှစ်မှာ သူဟာ လူသားတွေရဲ့ မျက်ရည်မှာ ဘတ်တီးရီးယားတွေကို သေစေနိုင်တဲ့ ဓါတုတစ်မျိုးပါရှိကြောင်း အထင်ကရ ရှာဖွေတွေ့ရှိမှုတစ်ခုကို ဖေါ်ထုတ်နိုင်ခဲ့တယ် ။ အဲ့ဒီ့ ဓါတုပစ္စည်းကို လိုင်ဆိုဇိုင်း လို့ အမည်ပေးခဲ့ပါတယ် ။ လိုင်ဆိုဇိုင်းကို ချွေး တံတွေးနဲ့ အစာအိမ်ထဲက အစာချေရည်ထဲမှာပါ ဖလင်းမင်း တွေ့ရှိခဲ့ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ဟာ များများ မငိုဖို့ တံတွေးတွေ မထွေးဖို့နဲ့ ဖြစ်နိုင်ရင် ချွေးများများ မထွက်အောင် ဂရုစိုက်သင့်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့မှာ အရေးတကြီး လိုအပ်လျက်ရှိတဲ့ အကောင်းဆုံး ဘတ်တီးရီးယား တိုက်ဖျက်နိုင်တဲ့ ဆဲလ်တွေဟာ ဒီလိုတွေ များများလုပ်တိုင်း ပါသွားလို့ပါပဲ ။ ဒါကြောင့် များများ မငိုမိပါစေနဲ့ ။ တံထွေး မထွေးလိုက်ပါနဲ ။

သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးဖြူဥတွေနဲ့ လိုက်ဆိုဇိုင်းတို့ဟာ အန္တရာယ်ပေးတဲ့ ဘတ်တီးရီးဟားတွေရဲ့ ဘေးရန်ကနေ သင့်ကို အစဉ်အမြဲ ပူးတွဲ ကာကွယ်ပေးလျက် ရှိကြပါတယ် ။

အဏုကြည့်မှန်ဘီလူးနဲ့ လေ့လာနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေဟာ ဘတ်တီးရီးယားပိုးတွေကို သေးငယ်တဲ့ ဂျယ်လီပန်ကန်ပြားတစ်ချပ်ထဲ မွေးမြူထားတက်ကြတယ် ။ ပြင်ပက ဘတ်တီးရီးယားတွေ ဆတိုး ပေါက်ပွားလာတဲ့အခါမှာ အဏှကြည့် မှန်ဘီလူး မပါပဲ သာမန်မျက်စိနဲ့ မြင်တွေ့နိုင်လောက်အောင် ကြီးမားတဲ့ ဘတ်တီးရီးယားအုပ် ခေါ် သေးငယ်တဲ့ အကွက်တစ်ကွက် ဖြစ်ပေါ်လာပါမယ် ။

၁၉၂၈ ခု ဖလင်းမင်းဟာ အနာစိမ်ရောဂါနဲ့ အခြား ကူးစက်ရောဂါတွေ ဖြစ်ပွားစေတဲ့ ဘတ်တီးရီးယား မျိုးစိတ်တစ်ချို့ကို သုတေသနလုပ်ကာ လေ့လာနေချိန် သူ့ဓါတ်ခွဲခန်းထဲက ဂျယ်လီပန်ကန်ပြားချပ်ရေ ရာနဲ့ချီရှိပြီး ဘတ်တရီးယားဆွေ ပေါက်ပွားကြီးထွားလာခြင်း / ရှိမရှိကို ဖလင်မင်းဟာ နေ့စဉ် အဖုံးဖွင့်ပြီး စစ်ဆေးလေ့ ရှိတယ် ။

ဒီလိုနဲ့ တစ်ရက်မှာ မမျှော်လင့်ပဲ ( သူသုံးလိုက်တဲ့ စကားဖြစ်ဖို့ရာ ) ကံကောင်းထောက်မခြင်း တစ်ရပ်ဖြစ်ပေါ်ခဲ့တယ် ။အဲ့ဒါက ပန်ကန်ပြားတစ်ချပ်ထဲ မှိုအစိမ်းရောင် အကွက်လေးများကို တွေ့ရှိလိုက်တာပါပဲ ။ ဒါဟာ ဘတ်တီးရီးယား ဓါတ်ခွဲခန်းတွေမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး သာမန်သိပ္ပံပညာရှင်တစ်ယောက်ဟာ ဒါကို မှိုတက်ပျက်ဆီးပြီဆိုကာ ပန်ကန်ပြားတစ်ချက်လုံး လွှင့်ပစ်လိုက်မှာပါ ။

သို့သော် သူကတော့ အဲ့မှိုကို အထူးစိတ်ဝင်စားပြီး အဏုကြည့်မှန်ဘီလူးနဲ့ အနီးကပ် ကြည့်ရှုလိုက်ပါပြီ ။ ဒါဟာ သာမန်မှိုတစ်မျိုးပါ ။ ဒီ့ထက်စုံအောင်ပြောရရင် ပင်နီစီလီယမ် မှိုတစ်မျိုးဖြစ်တယ် ။ ဒါပေမယ့် အဲ့ဒီ့မှိုဟာ သာမန်ထက် အလွန်ထူးခြားနေပါတယ် ။ ပန်ကန်ပြားကို ဝိုင်းလာတဲ့ သေစေနိုင်တဲ့ ဘတ်တီးရီးယားတွေကို အဲ့ဒီ့မှိုက သတ်ဖြတ်နိုင်စွမ်း ရှိနေတယ် ။ ဘတ်တီးရီးယားတွေကို ဖျက်ဆီးသုတ်သင်ဖို့ အထူးပြုလေ့လာနေတဲ့ ဖလင်းမင်းအဖို့ကတော့ ဒီမှိုအသစ်ဟာ အလွန်ပဲ စိတ်ဝင်စားစရာ ကောင်းနေပါပြီ ။ ဒီမှိုကို ပင်နီစလင် လို့ အမည်ပေးပြီး သူ့အကြောင်းကို သိဖို့ လေ့လာမှုတွေ စတင်ပါတော့တယ် ။

ဖလင်းမင်းဟာ မှိုနမူနာစ အနည်းငယ်ကို သန့်ရှင်းပြီး ပိုးသတ်ထားတဲ့ ဂျယ်လီပန်ကန်ပြားချပ်ထဲ ပြောင်းထည့်ထားကြည့်တယ် ။ အဲ့ဒီ့နောက် အမ်ျိုးမတူတဲ့ ဘတ်တီးရီးယား မျိုးစိတ်တွေကို ပင်နီစလင်မှိုနဲ့အတူ ထားရှိလိုက်ပါတယ် ။ ပန်ကန်ပြားတစ်ချို့မှာတော့ မှိုဟာ ဘတ်တီးရီးယားတွေကို သေစေနိုင်စွမ်းမရှိတာ တွေ့ရပြီး အခြားပန်ကန်ပြားတွေမှာတော့ ပင်နစလင်မှိုဟာ ဘတ်တီးရီးယားတွေကို ချေဖျက်လိုက်နိုင်တာ တွေ့ရပါတယ် ။ ဒါဟာ ထူးခြားလှတဲ့ မှတ်တမ်းဝင် တွေ့ရှိမှုတစ်ခုပါ ။

ပင်နီစလင်ဟာ နူးညံ့တဲ့ အသားစတစ်သျှူးတွေကို ဘေးဥပါဒ်မဖြစ်စေနိုင်ကြောင်း စိတ်ချကျေနပ်တဲ့အထိတိုင် လေ့လာစမ်းသပ်ပြီးနောက် ဖလင်းမင်းဟာ လိမ်းဆေးတစ်မျိုးနဲ့ ရောစပ်ပြီး ဆေးရုံရှိ လူနာတစ်ချို့ရဲ့ အနာပေါ်ကို လူးပေးကြည့်လိုက်ပါတယ် ။ သုံးနေကြ ဖယောင်းချပ်လောက်တောင် ထိရောက်မှုမရှိတာကို တွေ့ရတဲ့အခါ သူ့အတွက်တော့ စိတ်ပျက်စရာ တစ်ခုဖြစ်သွားမှာပါပဲ ။

ဖလင်းမင်းဟာ ပင်နီစလင်နဲ့ နှစ်အတော်ကြာကြာ လေ့လာစမ်းသပ်ခဲ့တယ် ။ နောက်ဆုံးတော့ သုတေသနဆက်လုပ်ဖို့ သူ့မှာ ငွေကြေး ချို့တဲ့နေပါပြီ ။

ဒါပေမယ့် ၁၉၃၉ ခုနှစ်မှာ ဗြိတိသျှ သိပ္ပံပညာရှင်နှစ်ဦးဖြစ်တဲ့ ပါမောက္ခဖလောရီ နဲ့ ဒေါက်တာချိန်း တို့ဟာ ဖလင်းမင်းရဲ့ ပင်နဆလင်မှိုအကြောင်း သုတေသနလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ အဲ့ဒီ့အခါမှာ ပင်နီစလင်မှိုဟာ ဆဲဖ်ဖာဆေးဝါးတွေထက် အဆပေါင်းများစွာ အစွမ်းထက်ပြီး သေစေနိုင်လောက်တဲ့ ဘတ်တီးရီးယားတွေ ကူးစက်ခံထားရတဲ့ ကြွက်တွေကို မျက်လှည့်ပြသလို ကုသနိုင်တယ်ဆိုတာ သူတို့ သိရှိခဲ့ကြပါပြီ ။ မှိုက စိမ့်ထွက်လာတဲ့ ရွှေရောင်အရည်ကို အညိုရောင်အမှုန့်တွေအဖြစ် အခြောက်ခံလိုက်တဲ့အခါ အချိန်ကြာကြာ ထားသိုခံပြီး ဆေးစွမ်းမပျယ်တာကိုလဲ တွေ့ရှိခဲ့ပါတယ် ။

အခုဆိုရင်တော့ ပင်နီစလင်ကို ရှာဖွေတွေ့ရှိပြီး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အလက်ဇန္ဒားဖလင်းမင်းနဲ့ ဒေါက်တာဖလောရီတို့ဟာ ၁၉၄၄ ခုနှစ် ဇွန်လမှာ အင်္ဂလန်ဘုရင်ရဲ့ သူကောင်းဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရတယ် ။ ၁၉၄၅ ခုနှစ် မှာတော့သူတို့နှစ်ဦးနဲ့ ဒေါက်တာချိန်းအပါအဝင် သုံးဦးပူးတွဲပြီး သိပ္ပံကမ္ဘာရဲ့ အမြင့်ဆုံး ဂုဏ်ပြုပေးအပ်တဲ့ နာမည်ကျော် နိုဘယ်ဆုကို ငွေကြေးတွေနဲ့တကွ လက်ခံရရှိခဲ့ပါတော့တယ်ခင်ဗျာ ။

ဖလင်းမင်း ပြောလိုက်တာကတော့ ( ဒီတွေ့ရှိမှုဟာ ကံကောင်းထောက်မစွာနဲ့ တွေ့ရှိလိုက်တာပါ ) တဲ့ ။ သိပ္ပံပညာရဲ့ အမြင့်ဆုံးဘွဲ့ကို ရရှိခဲ့တဲ့သူ့အဖို့ မိမိဂုဏ်ကို မမြှင့်ပဲ ရိုးရိုးလေး သုံးလိုက်တဲ့စကားဟာ အင်မတန် လေးစားစရာကောင်းတဲ့ စိတ်ဓါတ်ပါပဲ ။ သူ၏ ကျေးဇူးကြောင့် လူ့အသက် သန်းပေါင်းများစွာကို ကယ်တင်နေနိုင်ခဲ့ပါပြီ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...