Skip to main content

မင်းကွန်းခေါင်းလောင်းတော်ကြီး


မင်းကွန်းခေါင်းလောင်းတော်ကြီး
-----
မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် -

၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။
၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။
၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်)  - ၁၁ ပေ ၊ ၆ လက်မ ။
၄ ။ အမြင့် (အပြင်ပိုင်းမှ တိုင်းတာလျှင်) - ၁၂ ပေ ။
၅ ။ အတွင်းပိုင်းအချင်း (ထိပ့်ပိုင်းတွင် တိုင်းတာလျှင်) - ၈ ပေ ၊ ၆ လက်မ ဖြစ်သည် ။

မင်းကွန်းခေါင်းလောင်းကြီး သွန်းလုပ်ဖြစ်သည့်အကြောင်းအရာ -

အလောင်းမင်းတရား လက်ထက်ကနေ ဘိုးတော်ဘုရားလက်ထက်တိုင် စစ်ပွဲရဲ့ ပြယုဂ်တွေ ဖြစ်တဲ့ အမြှောက်ဆန်တွေ ကြေးအမြှောက်တွေကို နန်းရင်ပြင်မှာ စုပုံထားပါသတဲ့။ ကာနယ်ဆိုင်းက ဒီလိုစုပုံမထားဘဲ သေသေချာချာ စနစ်တကျ လုပ်သင့်တယ်လို့ ပြောပါတယ်။ ဘိုးတော်ဘုရားကလည်း ကြေးအမြောက်တွေကို ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်ပါ။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အများကောင်းမှုနဲ့ ခေါင်းလောင်းသွန်းဖို့ ကာနယ်ဆိုင်းက အကြံပေးပါသတဲ့။ ထို့နောက်မှ ယင်းခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့ခြင်း ဖြစ်ပါတယ် ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...