Skip to main content

အန္တာတိက၏ သမိုင်းအကျဉ်း


အန္တာတိက၏ သမိုင်းအကျဉ်း
-----
ရှေးခေတ် ဂရိလူမျိုးများသည် အန္တာတိကတိုက်ကို စတင် တွေ့ရှိခဲ့ကြသည် ။ သူတို့သည် ရေကြောင်းသွားလာရာ၌ ကောင်းကင်မှ ဓူဝံကြယ်ကိုကြည့်ကာ ပင်လယ်ပြင်ခရီး ရွက်လွှင့်ကြရာမှ မြေမျက်နှာ သစ်များကို ရှာဖွေခဲ့ကြခြင်းဖြစ်သည် ။ သူတို့သည် အပူပိုင်းရှိလျှင် အအေးပိုင်းလည်း ရှိရမည်ဟု ယုံကြည်ချက် ထားကြသည် ။

၁၇၇၃ ခုနှစ်တွင် ဂျိမ်းစ်ကွတ်သည် အန္တာတိကတိုက်ကို လှည့်ပတ်လေ့လာခဲ့သည် ။ သူသည် ကုန်းမြေကို မမြင်ခဲ့သော်လည်း ရေခဲတောင်များပေါ်ရှိ ကျောက်လွှာသိုက်များကို တွေ့ရှိခဲ့လေသည် ။ အန္တာတိကတိုက်ဟူ၍ ပထမဆုံး တွေ့ရှိခဲ့သူမှာ သဒ်ဒပ်ဘဲလင်းဟောင်ဆန် ဖြစ်သည် ။ သူသည် ၁၈၂၀ ခုနှစ်တွင် ၎င်း ပတ်ဝန်းကျင်ကို ဖြတ်ကျော်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည် ။

၁၈၀၀ ပြည့်နှစ်နှောင်းပိုင်းမှ စတင်ကာ ၂၀ ရာစု အလယ်ပိုင်းအထိ လေ့လာမှု ခရီးစဉ်များ ပေါ်ထွက်လာခဲ့တော့သည် ။ အဓိကအားဖြင့် ဤအရာသည် အဏ္ဏဝါစူးစမ်းရှာဖွေမှုများ ဖြစ်ပြီး ထိုကာလအတွင်းမှာပင် ဥရောပတိုက်တစ်ခွင်၌ ဝေလငါး အမဲလိုက်မှုများ ခေတ်စားလာခဲ့တော့၏ ။

တိုက်ကြီး၏ မြေပြင်အထက်သို့ ကိုယ်တိုင်ဆင်းသက်ခဲ့သည်ဟု ယူဆရသော ပထမဆုံးပုဂ္ဂိုလ်မှာ နော်ဝေ Carsten Borchgrevink ဖြစ်ပြီး အန္တာတိကတိုက်တွင် သယ်ယူပို့ဆောင်ရေးအတွက် စွတ်ဖားများအသုံးပြုခြင်းကိုလည်း ရှေ့ဆောင်ပြုလုပ်ခဲ့သည်ဟု ဆိုသည် ။

၁၉၀၀ မှ ၁၉၁၆ ခုနှစ်ကို အန္တာတိကတိုက်၏ ရွှေခေတ်ဟု လူသိများသည် ။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်အတွက် သိပ္ပံနည်းကျ ရှာဖွေမှုများ ပြုလုပ်ရန်အတွက် စီးပွားရေး စတော့ဈေးကွက်မှာ ထိပ့်ဆုံးသို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည် ။

ပထမဆုံးသော International Geophysical Year IGY ကို ၁၉၅၇-၁၉၅၈ တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံနှင့်ဖွဲ့စည်းကာ အန္တာတိကတွင် သုတေသနဌာန ၆၀ ကျော်တည်ဆောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းကို စတင်ခဲ့လေသည် ။ ၁၉၆၁ ခုနှစ်မှစတင်ကာ အန္တာတိကစာချုပ်သည် အကျိုးသက်ဝင်လာတော့၏ ။

#htoohtoolay



Comments