Skip to main content

ရှမ်ဗဲလားနိုင်ငံ၏ နက်နဲသောအရာ


ရှမ်ဗဲလားနိုင်ငံ၏ နက်နဲသောအရာ
-----
ငြိမ်းချမ်းသောနေရာ သို့မဟုတ် စိတ်ငြိမ်သောနေရာဟု အဓိပ္ပာယ်ရသော Sanskrit စကားလုံးဖြစ်သည့် shambala သည် ရှေးခေတ်ကျမ်းများ၌ ဖော်ပြပါရှိသော ဒဏ္ဏာရီလာ နေရာတစ်ခုဖြစ်သည် ။ ဖော်ပြပါ ဒဏ္ဏာရီများအရ ၎င်းနေရာသည် နှလုံးသား သန့်ရှင်းစင်ကြယ်သူများ နေထိုင်ရာ နေရာဖြစ်သည် ။ ချစ်ခြင်းနှင့် ဉာဏ်ပညာများ စိုးမိုးရာ နေရာဖြစ်လျက် လူတို့၏  ဆင်းရဲခြင်းဒုက္ခများနှင့် ကင်းလွတ်ရာ နေရာတစ်ခုဖြစ်သည် ။ ထို့အပြင်

ရှမ်ဗဲလားသည် တိုင်းပြည်တစ်ထောင်ဖြစ်သည် ။ ၎င်းကို တားမြစ်ထားသည့် မြေ ၊ အဖြူရောင်ရေမြေ ၊ တောက်ပသော ဝိဉာဉ်များ ၊ မီးဘေးမြေ ၊ သက်ရှိဘုရားများနေထိုင်ရာ အရပ်နှင့် အံ့ဖွယ်ဒေသဟု အမည်ကျော်ကြားသည် ။ ဟိန္ဒူများက၎င်းကို Aryavartha ( ထိုက်တန်သောပြည် ) တရုတ်တို့က Hsi Tien, Hsi Wang Mu ၏ အနောက်ပိုင်းပရဒိသုအဖြစ်၎င်း , နှင့် ရုရှားယုံကြည်သူများက Belovoyde ဟု လူသိများသည်။ သို့သော် အာရှတစ်လွှားတွင် Sanskrit စကားလုံးဖြစ်သည့် shambala အမည်ဖြင့် ကျော်ကြားလျက်ရှိသည် ။

နှစ်ပေါင်း ထောင်နှင့်ချီပြီး ကြာမြင့်ခဲ့ပြီဖြစ်သော ရှမ်ဗဲလား၏ ဒဏ္ဏာရီကို ရှေးခေတ်ကျမ်းများတွင် တွေ့ရှိနိုင်သည် ။ ဘွန်ကျမ်းစာ၌ Olmolungring ဟုခေါ်သော နီးကပ်စွာဆက်နွှယ်သောနိုင်ငံအကြောင်း ဖော်ပြထားသည်။ Vishnu Purana ကဲ့သို့သော ဟိန္ဒူဘာသာစာသားများသည် Shambhala ကို Kalki ၏မွေးရာနေရာ၊ ရွှေခေတ်သစ်ကို ဆောင်ကြဉ်းမည့်ဗိဿနိုး၏ နောက်ဆုံးလူ့ဇာတိဖြစ်သည့်အရပ်ဟု ဆို၏ ။ Shambhala ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည့် စာသားမှာ Kalachakra ဖြစ်သည်။

Kalachakra သည် တိဗက်ဗုဒ္ဓဘာသာတွင် ရှုပ်ထွေးပြီး အဆင့်မြင့်ခန္ဓာစွမ်းအင်နှင့် စိတ်စွမ်းအင်ဆိုင်ရာ သင်ကြားမှုနှင့် ကျင့်ထုံးကိုရည်ညွှန်းသည်။ Shambhala ၏ဘုရင် Suchandra ၏ တောင်းဆိုမှုအပေါ် Kalachakra ကို သင်ပေးခဲ့သည်ဟု ဆိုသည် ။

Kalachakra ရှိ အယူအဆများစွာကဲ့သို့ပင် Shambhala ၏သဘောသည်လည်း အပြင်၊ အတွင်းနှင့် အခြားအဓိပ္ပါယ်များရှိသည်ဟု ဆိုကြသည်။ ပြင်ပအဓိပ္ပါယ်သည် Shambhala ကို ရုပ်ပိုင်းဆိုင်ရာနေရာတစ်ခုအဖြစ် တည်ရှိနေသည်ဟု နားလည်စေသည်။ သင့်လျော်သော karma ရှိသော လူပုဂ္ဂိုလ်တစ်ဦး တည်းသာ ၎င်းကို ရောက်ရှိပြီး ၎င်းစွမ်းအင်ကို ခံစားနိုင်သည်ဟု ဆိုသည် ။ အတွင်းနှင့်အပြင် ဟု သုံးနှုန်းသော အဓိပ္ပာယ်များက ရှမ်ဗဲလာသည် လူ့ခန္ဓာ၏ အပေါ်ယံရုပ်ကိုယ်ကို ခေါ်ပြီး အတွင်းဆိုသည်မှာ စိတ်စွမ်းအင်ကို ရည်ညွှန်းကြောင်း ပြဆိုသည် ။ ဤသင်္ကေတ ရှင်းလင်းချက်နှစ်မျိုးကို ဆရာက တပည့်များအား ယျေဘူယျ နှုတ်ဖြင့် သင်ကြားပေးလေ၏ ။

အထူးဆက်စပ်မှုရှိသူများသည် သူတို့၏ karmic connection မှတဆင့် အမှန်တကယ်သွားနိုင်သည် ဖြစ်သော်လည်း ၎င်းသည် ကျွန်ုပ်တို့အမှန်တကယ်ရှာတွေ့နိုင်သော ရုပ်ပိုင်းဆိုင်ရာနေရာတစ်ခုမဟုတ်ပါ။ ၎င်းသည် စင်ကြယ်သောပြည်၊ လူသားဘ၀ ၏စင်ကြယ်သောမြေ ဖြစ်သည်ဟုသာပြောနိုင်သည်ဟု ဆို၏ ။

Shambhala ၏အယူအဆသည် တိဗက်ဘာသာရေးသင်ကြားရေးတွင် အရေးပါသောအခန်းကဏ္ဏမှပါဝင်ပြီး အနာဂတ်နှင့် ပတ်သက်၍ တိဗက်ဒဏ္ဏာရီနှင့် အထူးဆက်စပ်မှုရှိနေသည်။ ရုပ်ဝါဒ၏သဘောတရားသည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့သွားသည်နှင့်အမျှ လူသားတို့၏ တဖြည်းဖြည်းယိုယွင်းပျက်စီးခြင်းကို Kalachakra က ကြိုဟောထားသည်။ ဤအတွေးအခေါ်ကိုလိုက်နာသော လူရမ်းကားများ သည် ဆိုးညစ်သောဘုရင်တစ်ပါးလက်အောက်၌ စည်းလုံးညီညွှတ်ကြပြီးနောက် အောင်နိုင်ရန်အတွက် ကမ္ဘာပေါ်တွင် ဘာမှမရှိတော့ဟု ထင်မြင်လာသောအခါ၊ မြူခိုးများနှင်းဖုံးကွယ်နေသော Shambhala တောင်တန်းများကို ရှာဖွေဖော်ထုတ်နိုင်လာလိမ့်မည်။ အဆိုပါ Barbarians များသည် ကြောက်မက်ဘွယ်ကောင်းသော လက်နက်များတပ်ဆင်ထားပြီး ကြီးမားသော စစ်တပ်နှင့်အတူ Shambhala အား တိုက်ခိုက်ပါလိမ့်မည် ။  ထိုအခါ Shambhala ဘုရင်သည် ကြီးမားသောစစ်တပ်ဖြင့် Shambhala မှပေါ်ထွက်လာကာ မှောင်မိုက်သောအင်အားစုများကို အနိုင်ယူလျက် ကမ္ဘာအနှံ့ ရွှေခေတ်ကို ဆောင်ကြဉ်းလိမ့်မည်ဟု kalachakra က ကြိုတင်ဟောကိန်း ထုတ်ထား၏ ။

Kalachakra သည် အနာဂတ်စစ်ပွဲတစ်ခုကို ကြိုဟောထားသော်လည်း အကြမ်းဖက်မှုကို တားမြစ်သည့် ဗုဒ္ဓဘာသာ၏ သွန်သင်ချက်များနှင့် ကွဲလွဲနေသည် ။ ၎င်းသည် ဘာသာရေးပညာရှင်တို့အား စစ်၏ ပုံဆောင်သဘောအဓိပ္ပာယ်ကို ရှာဖွေစေ၏ ။ Kalachakra သည် လူတို့၏ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုခြင်းမဟုတ်ပဲ ခန္ဓာ၏ မကောင်းသော စိတ်ယုတ်များကို ရှင်းလင်းရမည့်ပုံအား ဖော်ညွှန်းထားသည်သာဖြစ်ကြောင်း နားလည်ရပေမည် ။

ရာစုနှစ်များစွာကတည်းက ရှမ်ဗဲလားနှင့်ပတ်သတ်သည့် ကျမ်းများကို တွေ့ရှိခဲ့သောသူများနှင့် ဝိဉာဉ်ရေးရာ ဉာဏ်ပညာကို ရှာဖွေနေသောသူများသည် ဒဏ္ဏာရီလာ ရှမ်ဗဲလားတိုင်းပြည်ကို ရှာဖေွမှုများ စတင်ခဲ့ကြ၏ ။ ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ တည်နေရာကို မြေပုံ၌ ထောက်ပြနိုင်သော်လည်း ရည်ညွှန်းချက်အများစုသည် ၎င်းတိုင်းပြည်အား လျှိုဝှက်စွာ ပျောက်ဆုံးသွားစေ၏ ။

ရှေးဟောင်း Zhang Zhung စာသားများအရ Shambhala ကို Punjab ရှိ Sutlej Valley နှင့် India, Himachal Pradesh တွင် ဖော်ပြထားသည်။ မွန်ဂိုလူမျိုးများက Shambhala ကို ဆိုက်ဘေးရီးယားတောင်ပိုင်း ချိုင့်ဝှမ်းများနှင့် ခွဲခြားသတ်မှတ်ကြသည်။ Altai ရိုးရာအစဉ်အလာတွင် Belukha Mount သည် Shambhala သို့ ထွက်ပေါက်ဖြစ်သည်။ ခေတ်သစ် ဗုဒ္ဓဘာသာပညာရှင်များကမူ Shambhala သည် ဟိမဝန္တာတောင်တန်းများတွင် တည်ရှိသည်ဟု ထင်မြင်ကြသည်။ အချို့သော ဒဏ္ဏာရီများက ရှမ်ဗဲလားကို တိဗက်၏ ဝေးလံခေါင်တီးသော အရပ်ဒေမှ စွန့်ပစ်ထားသည့်ဘုရားကျောင်းများအတွင်း ရှမ်ဗဲလား၏ ဝင်ပေါက်တံခါးကို ကွယ်ဝှက်ထားသည်ဟု ဆိုသည် ။ ထိုတံခါးပေါက်အား သတ္တဝါကြီးများက စောင့်ရှောက်နေသည်ဟု သိရ၏ ။

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...