Skip to main content

အတ္တလန္တိတ်တိုက်သားများ


အတ္တလန္တိတ်တိုက်သားများ
-----
Atlantis မြို့တော်သည် အနည်းဆုံးသော နှစ်ပေါင်းသက်တမ်းမှာ ၁၁,၅၀၀ ရှိလိမ့်မည်ဟု ပညာရှင်များ သတ်မှတ်ကြသည် ။ Solon ၏ ဇာတိဖြစ်သော အေသင်ထက်ပင် အလွန်ရှေးကျနိုင်ကြောင်းသိရပြီး အီဂျစ်မှတ်တမ်းတွင် SAIS သည် သူတို့၏မြို့တော်ကို နှစ်ပေါင်း ရှစ်ထောင်လောက်က တည်ထောင်ခဲ့သည်ဟုဆိုကာ ၎င်းတို့သည် Sais မတိုင်မီ နှစ်ပေါင်း ၁၀၀၀ အကြာက အေသင်မြို့ကို တည်ထောင်ခဲ့ပြီး ထိုအချိန်တွင် အေသင်မြို့သားများသည် အတ္တလန္တိတ်တိုက်သားများကို တိုက်ခိုက်ခဲ့ကြသည်ဟု မှတ်တမ်းတင်ထားသည်။

ဆော်လုန်သည် ဘီစီ ၆၃၀ ခန့်မှ ဘီစီ ၅၆၀ ခန့်အထိ နေထိုင်ခဲ့သည်ဟု ဆိုသည် ။ ဤကဲ့သို့ ဖြစ်ခဲ့လျှင်မူ Atlantis ကျဆုံးခြင်းခုနှစ်မှာ ဘီစီ ၉၅၀၀ လောက်က ဖြစ်ခဲ့သည်ဟု သုတေသီတို့ ယုံကြည်၏ ။ ထို့ကြောင့် သုတသီတို့သည် အတ္တလန္တိတ်တိုက်သားတို့အား BC 10000 လောက်က ဖြစ်နိုင်သည်ဟု ကောက်ချက်ဆွဲကြခြင်း ဖြစ်သည် ။

အတ္တလန္တိတ်တိုက်ဟု ယုံကြည်လျက်ရှိသော the lost city ကို အိုင်ယာလန်နိုင်ငံ၏ အနောက်ဘက်ရှိ ကမ်းရိုးတန်းတွင် တွေ့ရှိရသည်ဟု ဆိုသည် ။ သမိုင်းဆိုင်ရာ သုတေသနပြုချက်အရ ထိုအရပ်ဒေသသည်ပင် ၎င်းတို့ ပျောက်ကွယ်သွားသော မြို့တော် ဖြစ်နိုင်ကြောင်း သုတေသနပြုချက်၏ ရလဒ်များက ဆို၏ ။  

၁၅၅၀ ပြည့်နှစ်မှစတင်လျက် နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း လေ့လာခဲ့သောမြေပုံများစွာတွင် မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း၌  'ဖရစ်စလန်' ဟုခေါ်သော ကျွန်းတစ်ကျွန်းရှိသည်ဟု တွေ့ရ၏ ။ ထိုကျွန်းကို တွေ့ရှိခဲ့သော ရှေးဟောင်းမြေပုံများစွာသည် တည်နေရာတစ်ခုတည်းကိုသာ ညွှန်ပြလျက်ရှိသော်လည်း ၎င်းအရပ်သို့ သွားရောက်ရှာဖွေကြသောအခါ ဒဏ္ဏာရီဆန်ဆန်ပင် ထိုကျွန်းသည် ပျောက်ကွယ်လျက်ရှိနေ၏ ။

၎င်းကို တစ်ချို့က အတ္တလန်တိတ် မြို့တော်ဟု ယူဆလျက်ရှိကြသည် ။ ရှေးခေတ်သမိုင်းသုတေသီဖြစ်သည့် ဘူမိဗေဒပညာရှင် Matt Sibson သည် Daily Star Online သို့ ပြောကြားခဲ့သည်မှာ ၎င်းကို ၁၆ ရာစုနှင့် ၁၇ ရာစုရှိ မြေပုံများစွာတွင် တွေ့ရှိခဲ့ရပြီး နောက်ပိုင်းတွင် ပျောက်ကွယ်နေသည်ဟု ၎င်းက ဆိုသည် ။ ထိုကျွန်းကို ထည့်သွင်းရေးဆွဲခဲ့သော မြေပုံများမှာ မှားနိုင်စရာ မရှိပါဟု ၎င်းကပင် ထပ်မံ၍ ကောက်ချက်ချခဲ့၏ ။

၎င်းသည် အိုင်ယာလန်၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ၎င်းကျွန်းပတ်လည်တွင် သေးငယ်သည့် ကျွန်းများ ရှိနေသည်ဟု ဆိုသည် ။

၎င်းနှင့် ပတ်သတ်၍ ပလေတို၏အရေးအသားများ ရှိသည် ။

ပလေတိုသည် ဘီစီ ၃၆၀ ခန့်တွင် Atlantis အကြောင်းရေးသားခဲ့သည်။ သူက ၎င်းသည် Utopia ဟု လူသိများသော ဘုရားတစ်ဝက် / လူသားတစ်ဝက်သော အရပ်သားများနေထိုင်ရာ အရပ်ဖြစ်သည်ဟု ဆိုသည် ။ ထိုတိုင်းပြည်သည် နှစ်ပေါင်း ၉၀၀၀ မျှ သက်တမ်းရှိပြီး ထိုကျွန်း၌ အဖိုးတန် ရွှေငွေနှင့် ကျောက်မြတ်ရတနာများ ပေါများကြွယ်ဝလျက်ရှိသည်ဟု ရေးသားခဲ့၏ ။

ပလေတို၏ ၎င်းဇာတ်လမ်းသည် ယခုခေတ် သုတေသီတို့အတွက် ထိုအရပ်ဒေသသည် ကမ္ဘာပေါ်တွင် အမှန်အကယ် တည်ရှိခဲ့ကြောင်း ပြောဆိုရသည့် တစ်ခုထဲသော မှတ်တမ်းဖြစ်လေ၏ ။

ယခုတွင်တော့ အတ္တလန်တိတ်နင့်ပတ်သတ်၍ ပျောက်ဆုံးနေသောမြို့တော်မှာ ရေအောက်သို့ ကျရောက်လျက်ရှိသည်ဟု ယုံကြည်နေကြပြီး ကမ္ဘာပေါ်တွင် ၎င်းတိုက်ကြီးတည်ရှိခဲ့ကြောင်း လက်မခံသည့် သုတေသီများနှင့် ငြင်းခုံလျက် ရှိနေကြ၏ ။ တစ်ချို့က မြေထဲပင်လယ်အတွင်း တည်ရှိခဲ့ကြောင်း ယုံကြည်လျက် ၊ တစ်ချို့ကမူ အေးခဲနေသော ရေအောက်အတွင်းတွင် နစ်မြှပ်ကွယ်ပျောက်လျက်ရှိကြောင်း အသီးသီး  လက်ခံထားကြသည် ။

အတ္တလန်တိတ်နှင့်ပတ်သတ်၍ အဆိုတစ်ခုလည်း ရှိသေး၏ ။ ၎င်းမှာ “ သင် မြေပုံတစ်ခုပေါ်ကို လက်ထောက်လိုက်ပါ ။ အဲ့ဒီ့နေရာမှာ အတ္တလန်တိတ်မြို့တော်ရှိနေပါတယ် ” ဟူ၏ ။ ၎င်းအဆိုကို နယူးယောက်ပြည်နယ်ပြတိုက်မှ သမိုင်းဆိုင်ရာပြတိုက်မှူးချားလ်စ်အော်ဆာ က ပြောဆိုခဲ့ခြင်းဖြစ်၏ ။ သဘောမှာ လွတ်လပ်စွာ သင်ယုံကြည်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည် ။

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...