Skip to main content

UFO လေ့လာမှုစီမံကိန်း၏ ရလဒ်များ


UFO လေ့လာမှုစီမံကိန်း၏ ရလဒ်များ
-----
၂၀၁၇  ခုနှစ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၂၀၀၇ မှ ၂၀၁၂ အတွင်း အမေရိကန်အစိုးရမှ ငွေကြေးထောက်ပံ့ထားသော Advanced Aviation Threat Identification Program (AATIP) ၏ တည်ရှိမှုကို ထုတ်ဖော်ပြသခဲ့သည် ။ ထိုအဖွဲ့အစည်းသည် UFO များကို လေ့လာသော အဖွဲ့အစည်းဖြစ်ကာ ၎င်းလုပ်ငန်းအတွက် လျှိုဝှက်ဒေါ်လာ ၂၂ သန်း သုံးထားခြင်းသည်တော့ ပထမဆုံးသော အစီအစဉ်ဖြစ်သည်ဟု ဆိုသည် ။ အစိုးရ၏ တရားဝင် UFO လေ့လာခြင်းကို ၁၉၄၀ ပြည့်လွန်နှစ်များမှစတင်ကာ Project Sign ဖြင့် စတင်ခဲ့ခြင်းဖြစ်သည် ။ ယနေ့အထိ ဝေဟင်ပြင်၌ မြင်တွေ့ရသော စိတ်ချယုံကြည်ရသည့် video အချို့အား သိမ်းဆည်းထားနိုင်ခဲ့သည်ဟု ဆိုသည် ။ US အစိုးရသည် UFO များကို တက်ကြွစွာ သုတေသနပြုနေကြောင်း ၂၀၁၇ ၌ ဖွင့်ချပြောဆိုမှုကြောင့် ကမ္ဘာတစ်ဝှမ်း၌ UFO နှင့်ပတ်သတ်၍ စိတ်ဝင်စားမှုများ အများအပြား တိုးတက်လာခဲ့တော့၏။ အောက်တွင် ဖော်ပြမည့် UFO နှင့်ပတ်သတ်သည့် တွေ့ရှိမှု ၅ ခုသည် ၂၁ ရာစုအတွင်း စိတ်အချရဆုံး မှတ်တမ်းတင်မှုများမှ ဖြစ်သည်ဟု ဆိုသည် ။

၁။ New Jersey Turnpike ကောင်းကင်ထက်က အလင်းရောင် (၂၀၀၁)

၂၀၀၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် နယူးဂျာစီပြည်နယ် အတွင်း၌ မော်တော်ဆိုင်ကယ်များ အများအပြားရပ်တန့်၍ လူအများသည် ကောင်းကင်ယံအထက်မှ ထူးဆန်းသော လိမ္မော်ရောင်နှင့် အဝါရောင် မီးတန်းများကို တွေ့ရှိခဲ့ကြသည်ဟု ဆိုသည် ။ အချိန်မှာ ညသန်းခေါင်ပြီးနောက် မိနစ် ၁၅ မိနစ်ခန့်ဖြစ်ကာ နယူးဂျာစီပြည်နယ် Staten Island New York နှင့် Carteret ကြားရှိ Arthur Kill ရေလမ်းကြောင်းပေါ်တွင် တွေ့ရှိရခြင်းဖြစ်သည် ။

၎င်းနှင့်ပတ်သတ်၍ တာဝန်ရှိသူများသည် လေကြောင်းထိန်းချုပ်ရေးမှ ဂျက်လေယဉ်များ၏ မီးရောင်များဖြစ်နိုင်သည်ဟု ကနေဉီး ထုတ်ပြန်ခဲ့သော်လည်း နယူးယောက်ရှိ Phenomena စုံစမ်းစစ်ဆေးရေးဌာန (NY-SPI) မှ ယင်းအလင်းရောင်နှင့်ပတ်သတ်သည့် ရေဒါအချက်အလက်များကို အာကာသအတွင်းမှ လက်ခံရရှိခဲ့သည်ဟု ဆိုသည် ။

၂။ USS Nimitz ကြုံတွေ့မှု (၂၀၀၄)

၂၀၀၄၊ နိုဝင်ဘာ ၁၄ ရက်တွင် USS Nimitz လေယာဉ်တင်သင်္ဘောသယ်ဆောင်သောအဖွဲ့၏ အစိတ်အပိုင်းဖြစ်သော USS Princeton သည် San Diego မှ ကမ်းခြေနှင့် မိုင် ၁၀၀ အကွာရှိ ရေဒါတွင် အမျိုးအမည်မသိရသော သင်္ဘောတစ်စင်းကို သတိပြုမိခဲ့သည်။ နှစ်ပတ်အကြာ၌ သင်းဘောသားများမှ ၎င်း အရာကို လေ့လာရန် ပေ ၈၀၀၀၀ တွင်ရှိသော အရာဝတ္ထုကို ခြေရာခံပြီး ပစိဖိတ်သမုဒ္ဒရာအထက်သို့ သွားရောက်ခဲ့ကြသည် ။

လေယာဉ်တင်သင်္ဘော USS Nimitz မှ FA-18F ဂျက်တိုက်လေယာဉ် စီးရောက်ရှိလာချိန်တွင် ၎င်းတို့သည် ပထမဆုံး ရေထုထဲမှ ဘဲဉပုံသဏ္ဏာန် အရာဝတ္ထုများ ပေါ်ထွက်လာခဲ့သည် ။ ခဏကြာတော့ Tic Tac-shaped အဖြူရောင်အရာက ရေပေါ်မှာပေါ်လာပြန်သည် ။ ၎င်းသည် အင်ဂျင် ၊ အတောင်ပံ ၊ တံတွင်းပေါက်များဟု ခေါ်ဆိုနိုင်လောက်သည့် အရာများ ဘာတစ်ခုမှ မပါပေ ။ အနီအောက်ရောင်ခြည်မော်နီတာများသည် ယင်းယဉ်ပျံ၏ အိပ်ဇောမှ ထုတ်လုပ်ပုံသင်ကေတအမှတ်အသားများကို လက်ခံမရရှိပေ ။ Black Aces တပ်မှူး David Fravor နှင့် Strike Fighter Squadron 41 မှဒုဗိုလ်မှူးကြီး Jim Slaight တို့သည် ယာဉ်ကိုကြားဖြတ်ရန်ကြိုးစားသော်လည်း မိုင် ၆၀ အကွာရှိရေဒါတွင် ပြန်ပေါ်လာသည်။ ၎င်းသည် အသံမြန်နှုန်းသုံးဆနှင့် တိုက်လေယာဉ်များ၏ မြန်နှုန်းထက် နှစ်ဆပိုမိုမြန်နေသည်ဟု ထုတ်ပြန်ခဲ့သည် ။

၃ ။ O'Hare အပြည်ပြည်ဆိုင်ရာလေဆိပ် Saucer (2006)

ပျံသန်းမှု ၄၄၆ သည် ချီကာဂိုရှိ အိုဟားအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြောက်ကာရိုလိုင်းနားသို့ ပျံသန်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ယူအဲလေကြောင်းလိုင်း ၀န်ထမ်းတစ်ဦးသည် တံခါးဝ C17 ပေါ်တွင် ပျံဝဲနေသည့် မှောင်မိုက်သောမီးခိုးရောင်သတ္တုယာဉ်ကို သတိပြုမိခဲ့သည်။ ထိုနေ့၊ နိုဝင်ဘာ ၇ ၊ ၂၀၀၆ တွင် စုစုပေါင်းယူနိုက်တက် ၀န်ထမ်း ၁၂ ယောက်နှင့် လေဆိပ်အပြင်ဘက်မှ မျက်မြင်သက်သေ အနည်းငယ်တို့သည် ညနေ : ၁၅ နာရီခန့်တွင် ပန်းကန်ပြားပျံပုံစံကို တွေ့လိုက်ရသည်။

မျက်မြင်သက်သေများက ပြောကြားသည်မှာ ၎င်းသည် အထက်ကောင်းကင်ယံသို့ မပျံတက်မီ ၅ မိနစ်ခန့် လှည့်လည်နေပြီး အရှိန်ဖြင့် တစ်ဟိုန်ထိုး ထိုးတက်သွားမှုကြောင့် ကောင်းကင်အပေါ်တွင် အပေါက်ကြီးသဖွဘ် ကျန်ခဲ့သည်ဟု  ဆိုသည် ။ ထိုနေ့မှ ဖြစ်စဉ်သည် ချီကာဂို Tribune ၏ဝက်ဘ်ဆိုက်ပေါ်တွင် လူကြိုက်အများဆုံး ဖြစ်လာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ သတင်းအဖြင့် ဖော်ပြခြင်း ခံရသည် ။ သို့သော် တာဝန်ရှိသူများမှ ၎င်း UFO သည် ရေဒါတွင် မတွေ့ရသဖြင့် ၎င်းကို ရာသီဉတုဖြစ်စဉ်အနေဖြင့် သတ်မှတ်လျက် ဆက်လက်စုံစမ်းရန် ငြင်းဆိုခြင်း ခံခဲ့ကြသည် ။

Dallas မြို့၏ အနောက်တောင်ဘက် မိုင် ၁၀၀ အကွာ တက္ကဆက်ပြည်နယ်၊ စတီဗင်ဗေးလ်မြို့ငယ်လေးကို နို့ထွက်မွေးမြူရေးခြံများကြောင့် လူသိများကြသော်လည်း ၂၀၀၈၊ ဇန်နဝါရီလ ရက် ညနေခင်းတွင် ယင်း၌ နေထိုင်သူများစွာသည် ကောင်းကင်၌ ထူးခြားသောအရာတစ်ခုကို ကြည့်ရှုခဲ့ကြသည်။ နိုင်ငံသားများအနေဖြင့် အဝေးပြေးလမ်းမကြီး ၆၇ အထက်တွင် အဖြူရောင်မီးရောင်များကိုတွေ့မြင်ရပြီး၊ ဒေသခံလေယာဉ်မှူး စတိဗ်အလန်က ခန့်မှန်းတွက်ချက်ချက်အရ strobe မီးများသည် တစ်မိုင်အကွာနှင့် တစ်မိုင်ခွဲကျယ်ဝန်းပြီး တစ်နာရီမိုင် ၃၀၀၀ ခန့်မောင်းနှင်နိုင်သည်ဟုခန့်မှန်းခဲ့သည်။ ထိုယဉ်ပျံများသည် အသံမရှိပါ။

မျက်မြင်သက်သေများက ထိုအဖြစ်အပျက်သည် ၁၉၉၇ ခုနှစ်၏ Phoenix Lights ၏ မြင်ကွင်းနှင့် ဆင်တူသည်ဟုဆိုကြသည် ။ အမရိကန်အစိုးရက ယင်းဖြစ်စဉ်အား သူတို့၏ ဂျက်လေယဉ် F-16 ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများက ယုံကြည်မှု မရှိကြပေ ။ သူတို့မြင်တွေ့ခဲ့သောအရာသည် လက်ရှိလူသားစွမ်းရည်များအတွက် နည်းပညာ အဆင့် မြင့်လွန်းသည်ဟု ယုံကြည်နေကြသည်။

၅။ East Coast GO FAST  (၂၀၁၅)

အရှေ့ကမ်းခြေတစ်လျှောက် Raytheon Advanced Targeting Forward-Look Infrared Pod (ATFLIR) Pod ပေါ်ရှိ ထိုအမည်မသိယာဉ်သည် ၂၀၀၄ ခုနှစ် San Diego မှ ပြန်တက်သည့် ပုံစံနှင့်ဆင်တူသည်။ အရှိန်အဟုန်ဖြင့် ရွေ့လျားနေသော အဖြူရောင်ဘဲဥပုံသည် ၄၅ ပေရှည်ပြီး အတောင်ပံများ သို့မဟုတ် အိပ်ဇောများ မပါပေ ။

လေယာဉ်မှူးများသည် အတ္တလန္တိတ်သမုဒ္ဒရာအထက် ပေ ၂၅၀၀၀ တွင် ယင်းကိုရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည် ။ post ပါ photo သည် ယင်းယဉ်ပျံအား ရိုက်ကူးထားသောပုံဖြစ်သည် ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...