Skip to main content

အေနာ္ရထာမတိုင္မီက မင္းမ်ား !

zawgyi -

အေနာ္ရထာမတိုင္မီက မင္းမ်ား
-----
အေနာ္ရထာမတိုင္မီ မင္းမ်ားအနက္ မင္စာအေထာက္အထားေတြ႕ရတဲ႔ မင္းတစ္ပါးမွာ ေက်ာက္ျဖဴမင္း ျဖစ္ပါတယ္ ။ သူ႕အေႀကာင္းကို ျမင္းကပါဂူေျပာက္မွာ ေရးထိုးထားတဲ့ မင္စာမွာ ေဖၚျပထားတယ္ ။ မင္စာမွာ ေက်ာက္ျဖဴမင္းရဲ႔ ေကာင္းမႈျဖစ္တဲ႕ ရပ္ေတာ္မူဘုရား ပ်က္ဆီးေနတာကို မိဖုရားဖြားေစာက ျပင္ခိုင္းလို႕ ျပင္ဆင္ရေႀကာင္းေရးထိုးထားတာျဖစ္တယ္ ။

ရာဇဝင္မ်ားရဲ႕အဆိုအရ ပုဂံမင္းေပါင္း ၅၅ ဆက္ရွိတယ္ ။ ပုဂံကို တည္ေထာင္တဲ႕ သမုဒၵရာဇ္မင္းဟာ သေရေခတၱရာမွ သုပညာနာဂရစိႏၵမင္းရဲ႕ တူေတာ္ျဖစ္ပါတယ္ ။ သမုဒၵရာဇ္မင္းဟာ တေကာင္းမင္းမ်ိဳးရိုးျဖစ္တဲ႔ ပ်ဴေစာထီးကို သမီးေတာ္နဲ႕ ထိမ္းျမားျပီး အိမ္ေရွ႔အရာေပးတယ္ ။ ပ်ဴေစာထီးကေန ဆင္းသက္၍ ပုဂံမ်ိဳးရိုးမွာ တေကာင္းသာကီဝင္ျဖစ္တယ္လို႕ ရာဇဝင္တို႕က ေဖၚျပႀကတယ္ ။

ပ်ဴေစာထီးဟာ သမုဒၵရာဇ္မင္း လြန္တဲ႔အခါ မင္းမျပဳေသးဘဲ ဆရာရေသ့ကို လူထြက္ေစျပီး မင္းေျမွာက္တယ္ ။ ရေသ့ေႀကာင္မင္းလြန္မွ ပ်ဴေစာထီးက မင္းျပဳေလတယ္ ။

ပုဂံမင္းဆက္ ခုႏွစ္ဆက္ေျမာက္ ေသဥ္လည္ေႀကာင္မင္းလက္ထက္ သကၠရာဇ္ ၂၆၆ ခုႏွစ္(ခရစ္ႏွစ္ ၉၀၄) မွာ ပ်ဴရြာ တစ္ဆယ့္ကိုးရြာကို ဖ်က္ဆီးျပီး ေလာကနႏၵာအရပ္ရွိ သီရိပစၥယာျမိဳ႕ကို တည္လိုက္တယ္ ။ ထိုမင္းလက္ထက္ တေကာင္းက မဟာဂီရိနတ္ေမာင္ႏွမေရာက္လာျပီး ပုပၸါးေတာင္မွာ ေနႀကကာ ႏွစ္စဥ္ ႏြား / ဆိတ္ / ႀကက္ေတြ သတ္ျပီး ပူေဇာ္ပသေနရတယ္လို႕ ဆိုတယ္ ။

ေသဥ္လည္ေႀကာင္မင္းရဲ႕သားေတာ္ ေႀကာင္ဒူရစ္မင္းလက္ထက္မွာ ရွင္မဟာဗုဒၶေဃာသက သီဟိုဠ္(သီရိလကၤာ) ကိုသြားျပီး ပီဋကတ္ေတာ္ကို ကူးကာ သထံုကို ယူေဆာင္လာခဲ႕တယ္ ။

ေႀကာင္ဒူရစ္မင္းရဲ႕ သားေတာ္ သည္းထန္ / အဲ႔ဒီ႕ေနာက္ မင္းရိုးမဟုတ္တဲ႕ မုကၡမန္နဲ႕ သူရဲ / အဲ႔ဒီ႕ေနာက္ သည္းထန္မင္းရဲ႕ ေျမး / သာရမြန္ဖ်ား / အဲ႕ဒီ႕ေနာက္ ထိုမင္းရဲ႕သား သိုက္တိုင္မင္း လက္ထက္ သကၠရာဇ္ ၄၃၈ ခု (ခရစ္ႏွစ္ ၁၀၇၆) မွာ သီရိပစၥယာျမိဳ႕ကို စြန္႕ခြါျပီး သမထီးအရပ္မွာ ျမိဳ႕တည္ကာ တမၸဝတီ လို႕ ေခၚတြင္ေစခဲ႔တယ္ ။ အခု ဖြါးေစာေနရာမွာပါပဲ ။

သိုက္တိုင္မင္း လြန္ျပီးတဲ႕ေနာက္ ခုႏွစ္ဆက္ေျမာက္ ထြန္ခ်စ္မင္း လြန္တဲ႔အခါ ပုပၸါးေစာရဟန္းမင္း ျဖစ္တယ္ ။ ထိုမင္းလက္ထက္ရဲ႕ ထူးျခားတာက သမုဒၵရာဇ္မင္း ထားခဲ႕တဲ႕ သကၠရာဇ္ ၅၂၆ ခု (ခရစ္ႏွစ္ ၁၁၆၄) ေရာက္တဲ႕အခါ ခဆပဥၥာကိန္းႀကံဳျပီး ၅၆၀ ကို ျဖိဳကာ သကၠရာဇ္ ၂ ခု ထားရစ္ခဲ႔ပါတယ္ ။ အခု ျမန္မာသကၠရာဇ္က အဲ႔ဒီ႕ကေနစျပီး ေရတြက္တဲ႕ႏွစ္ျဖစ္တယ္ ။

ပုပၸါးေစာရဟန္းမင္းဟာ ထြန္ခ်စ္မင္းရဲ႕သား ေရႊအုန္းသီးကို သမီးေတာ္နဲ႔ ေဆာင္ႏွင္းျပီး အိမ္ေရွ႕အရာ ေပးလိုက္တယ္ ။ ပုပၸါးေစာရဟန္းမင္း နတ္ရြာစံတဲ႕အခါ မင္းျဖစ္တယ္ ။

ေရႊအုန္းသီးကေနစျပီး ေရတြက္တဲ႕အခါ ၁၄ ဦးေျမာက္ ပ်ဥ္ျပားမင္းလက္ထက္မွာ ပုဂံျမိဳ႕ကို တည္တယ္ ။ ပ်ဥ္ျပားမင္းရဲ႕ ေနာက္သံုးဦးေျမာက္ သိန္းခိုမင္းကို ေတာင္သူႀကီးမင္း လုပ္ႀကံျပီး မင္းျပဳလိုက္တယ္ ။ ေညာင္ဦးေစာရဟန္းလို႕ တြင္လာတယ္ ။

ေညာင္ဦးေစာရဟန္းေနာက္ ကြမ္းေဆာ္ေႀကာင္ျဖဴမင္း မင္းျပဳတယ္ ။ ထိုမင္းကို ေစာရဟန္းရဲ႕ သားေတာ္ က်ည္စိုးနဲ႕ စုကၠေတးတို႕က နန္းခ်ျပီး အစဥ္အတိုင္း မင္းျပဳခဲ႕တယ္ ။ #ကြမ္းေဆာ္ေႀကာင္ျဖဴမင္းဟာ အေနာ္ရထာရဲ႕ ခမည္းေတာ္ပါပဲ ။

ပုဂံကို စတင္တည္ေထာင္သူ သမုဒၵရာဇ္မင္းလက္ထက္ကေန စျပီး ၄၂ ဆက္ေျမာက္ အေနာ္ရထာလက္ထက္မတိုင္ခင္အထိ တိက်တဲ႔ အေထာက္အထားမ်ားမရွိဘဲ ဒ႑ာရီဆန္တဲ႔ အျဖစ္အပ်က္မ်ားကုိသာ ရာဇဝင္မ်ားမွာ ေဖၚျပထားႀကပါတယ္ ။ ပထမျမန္မာနိုင္ငံကို တည္ေထာင္တဲ႕ အေနာ္ရထာမင္း လက္ထက္ကေနစျပီး ပုဂံသမိုင္းက အေထာက္အထားမ်ား တိတိက်က်ရွိလာကာ ပိုမိုပီျပင္လာေႀကာင္း ေတြ႕ရွိရပါတယ္ ။

#htoohtoolay

unicode -

အနော်ရထာမတိုင်မီက မင်းများ
-----
အနော်ရထာမတိုင်မီ မင်းများအနက် မင်စာအထောက်အထားတွေ့ရတဲ့ မင်းတစ်ပါးမှာ ကျောက်ဖြူမင်း ဖြစ်ပါတယ် ။ သူ့အကြောင်းကို မြင်းကပါဂူပြောက်မှာ ရေးထိုးထားတဲ့ မင်စာမှာ ဖေါ်ပြထားတယ် ။ မင်စာမှာ ကျောက်ဖြူမင်းရဲ့ ကောင်းမှုဖြစ်တဲ့ ရပ်တော်မူဘုရား ပျက်ဆီးနေတာကို မိဖုရားဖွားစောက ပြင်ခိုင်းလို့ ပြင်ဆင်ရကြောင်းရေးထိုးထားတာဖြစ်တယ် ။

ရာဇဝင်များရဲ့အဆိုအရ ပုဂံမင်းပေါင်း ၅၅ ဆက်ရှိတယ် ။ ပုဂံကို တည်ထောင်တဲ့ သမုဒ္ဒရာဇ်မင်းဟာ သရေခေတ္တရာမှ သုပညာနာဂရစိန္ဒမင်းရဲ့ တူတော်ဖြစ်ပါတယ် ။ သမုဒ္ဒရာဇ်မင်းဟာ တကောင်းမင်းမျိုးရိုးဖြစ်တဲ့ ပျူစောထီးကို သမီးတော်နဲ့ ထိမ်းမြားပြီး အိမ်ရှေ့အရာပေးတယ် ။ ပျူစောထီးကနေ ဆင်းသက်၍ ပုဂံမျိုးရိုးမှာ တကောင်းသာကီဝင်ဖြစ်တယ်လို့ ရာဇဝင်တို့က ဖေါ်ပြကြတယ် ။

ပျူစောထီးဟာ သမုဒ္ဒရာဇ်မင်း လွန်တဲ့အခါ မင်းမပြုသေးဘဲ ဆရာရသေ့ကို လူထွက်စေပြီး မင်းမြှောက်တယ် ။ ရသေ့ကြောင်မင်းလွန်မှ ပျူစောထီးက မင်းပြုလေတယ် ။

ပုဂံမင်းဆက် ခုနှစ်ဆက်မြောက် သေဉ်လည်ကြောင်မင်းလက်ထက် သက္ကရာဇ် ၂၆၆ ခုနှစ်(ခရစ်နှစ် ၉၀၄) မှာ ပျူရွာ တစ်ဆယ့်ကိုးရွာကို ဖျက်ဆီးပြီး လောကနန္ဒာအရပ်ရှိ သီရိပစ္စယာမြို့ကို တည်လိုက်တယ် ။ ထိုမင်းလက်ထက် တကောင်းက မဟာဂီရိနတ်မောင်နှမရောက်လာပြီး ပုပ္ပါးတောင်မှာ နေကြကာ နှစ်စဉ် နွား / ဆိတ် / ကြက်တွေ သတ်ပြီး ပူဇော်ပသနေရတယ်လို့ ဆိုတယ် ။

သေဉ်လည်ကြောင်မင်းရဲ့သားတော် ကြောင်ဒူရစ်မင်းလက်ထက်မှာ ရှင်မဟာဗုဒ္ဓဃောသက သီဟိုဠ်(သီရိလင်္ကာ) ကိုသွားပြီး ပီဋကတ်တော်ကို ကူးကာ သထုံကို ယူဆောင်လာခဲ့တယ် ။

ကြောင်ဒူရစ်မင်းရဲ့ သားတော် သည်းထန် / အဲ့ဒီ့နောက် မင်းရိုးမဟုတ်တဲ့ မုက္ခမန်နဲ့ သူရဲ / အဲ့ဒီ့နောက် သည်းထန်မင်းရဲ့ မြေး / သာရမွန်ဖျား / အဲ့ဒီ့နောက် ထိုမင်းရဲ့သား သိုက်တိုင်မင်း လက်ထက် သက္ကရာဇ် ၄၃၈ ခု (ခရစ်နှစ် ၁၀၇၆) မှာ သီရိပစ္စယာမြို့ကို စွန့်ခွါပြီး သမထီးအရပ်မှာ မြို့တည်ကာ တမ္ပဝတီ လို့ ခေါ်တွင်စေခဲ့တယ် ။ အခု ဖွါးစောနေရာမှာပါပဲ ။

သိုက်တိုင်မင်း လွန်ပြီးတဲ့နောက် ခုနှစ်ဆက်မြောက် ထွန်ချစ်မင်း လွန်တဲ့အခါ ပုပ္ပါးစောရဟန်းမင်း ဖြစ်တယ် ။ ထိုမင်းလက်ထက်ရဲ့ ထူးခြားတာက သမုဒ္ဒရာဇ်မင်း ထားခဲ့တဲ့ သက္ကရာဇ် ၅၂၆ ခု (ခရစ်နှစ် ၁၁၆၄) ရောက်တဲ့အခါ ခဆပဉ္စာကိန်းကြုံပြီး ၅၆၀ ကို ဖြိုကာ သက္ကရာဇ် ၂ ခု ထားရစ်ခဲ့ပါတယ် ။ အခု မြန်မာသက္ကရာဇ်က အဲ့ဒီ့ကနေစပြီး ရေတွက်တဲ့နှစ်ဖြစ်တယ် ။

ပုပ္ပါးစောရဟန်းမင်းဟာ ထွန်ချစ်မင်းရဲ့သား ရွှေအုန်းသီးကို သမီးတော်နဲ့ ဆောင်နှင်းပြီး အိမ်ရှေ့အရာ ပေးလိုက်တယ် ။ ပုပ္ပါးစောရဟန်းမင်း နတ်ရွာစံတဲ့အခါ မင်းဖြစ်တယ် ။

ရွှေအုန်းသီးကနေစပြီး ရေတွက်တဲ့အခါ ၁၄ ဦးမြောက် ပျဉ်ပြားမင်းလက်ထက်မှာ ပုဂံမြို့ကို တည်တယ် ။ ပျဉ်ပြားမင်းရဲ့ နောက်သုံးဦးမြောက် သိန်းခိုမင်းကို တောင်သူကြီးမင်း လုပ်ကြံပြီး မင်းပြုလိုက်တယ် ။ ညောင်ဦးစောရဟန်းလို့ တွင်လာတယ် ။

ညောင်ဦးစောရဟန်းနောက် ကွမ်းဆော်ကြောင်ဖြူမင်း မင်းပြုတယ် ။ ထိုမင်းကို စောရဟန်းရဲ့ သားတော် ကျည်စိုးနဲ့ စုက္ကတေးတို့က နန်းချပြီး အစဉ်အတိုင်း မင်းပြုခဲ့တယ် ။ #ကွမ်းဆော်ကြောင်ဖြူမင်းဟာ အနော်ရထာရဲ့ ခမည်းတော်ပါပဲ ။

ပုဂံကို စတင်တည်ထောင်သူ သမုဒ္ဒရာဇ်မင်းလက်ထက်ကနေ စပြီး ၄၂ ဆက်မြောက် အနော်ရထာလက်ထက်မတိုင်ခင်အထိ တိကျတဲ့ အထောက်အထားများမရှိဘဲ ဒဏ္ဍာရီဆန်တဲ့ အဖြစ်အပျက်များကိုသာ ရာဇဝင်များမှာ ဖေါ်ပြထားကြပါတယ် ။ ပထမမြန်မာနိုင်ငံကို တည်ထောင်တဲ့ အနော်ရထာမင်း လက်ထက်ကနေစပြီး ပုဂံသမိုင်းက အထောက်အထားများ တိတိကျကျရှိလာကာ ပိုမိုပီပြင်လာကြောင်း တွေ့ရှိရပါတယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...