zawgyi -
အေနာ္ရထာ ၏ နိုင္ငံတည္ေထာင္မႈကို ေအာင္ျမင္ေစတဲ႕ အခြင့္ေကာင္းမ်ား !
----
အေနာ္ရထာမင္းႀကီး ပထမျမန္မာနိုင္ငံကို တည္ေထာင္တာက စစ္ေရးကိုအေျခခံထားတာ ျဖစ္တယ္ ။ စစ္ေရးအရ စည္းရံုးေရး လုပ္ငန္းမွာ ေခါင္းေဆာင္ခဲ႕ႀကတာက အေနာ္ရထာမင္းႀကီးနဲ႔ သူ႕ရဲ႕ စစ္သူႀကီးေတြျဖစ္တဲ႕ က်န္စစ္သားတို႕ျဖစ္တယ္ ။
စစ္ေရးအရ ႀကိဳးပမ္းမႈကို ေအာင္ျမင္ဖို႕အတြက္က အေထာက္အကူျပဳတဲ႕အခ်က္မွာ စီးပြားေရးအေျခခံေကာင္းမႈျဖစ္ပါတယ္ ။ တမၸဒီပဟာ စိုက္ပ်ိဳးလုပ္ကိုင္မႈကို ေကာင္းစြာျဖစ္ထြန္းမယ့္ ဆည္ေရေသာက္ ျမစ္သာ ၁၁ ခရိုင္ေခၚ အခု ေက်ာက္ဆည္ကိုးခရိုင္နဲ႕ မင္းဘူးေျခာက္ခရိုင္ေဒသေတြ , စိုက္ပ်ိဳးဖို႕ အထိုက္အေလ်ာက္ျဖစ္ထြန္းတဲ႕ ေတာင္တြင္းႀကီး ေဒသအျပင္ ေတာင္ပလုန္ခရိုင္(ေတာင္ျပဳန္း) ေဒသေတြကို ပိုင္ဆိုင္ထားတဲ႕အတြက္ ရိကၡာအတြက္ မပူမပန္ရေတာ့ပါဘူး ။
ဒါ့အျပင္ တမၸဒီပမွာေနထိုင္တဲ႕ နိုင္ငံသားတို႕မွာ အဆင့္အတန္းျမင့္တဲ႕ အေျခခံယဥ္ေက်းမႈနဲ႕ လူမႈေရးအစဥ္အလာရွိႀကတဲ႕ ပ်ဴမ်ားနဲ႕ မြန္မ်ား ပါဝင္ေနႀကတယ္ ။ ႀကံ႕ခိုင္သန္စြမ္းျပီး စစ္ေရးအေတြ႕အႀကံဳ မ်ားစြာရွိတဲ႕ ျမင္းနဲ႕ေလး , ျမားတို႕ကို ကြ်မ္းကြ်မ္းက်င္က်င္ အသံုးျပဳတက္တဲ႕ ျမန္မာေတြလဲ မ်ားစြာပါဝင္ေနပါတယ္ ။
အဲ႕ဒါေတြေႀကာင့္ တိုင္းရင္းသား စည္းလံုးညီညြတ္ေရးအင္အားကို ေကာင္းစြာ အသံုးခ်ျပီး အင္အားေကာင္းတဲ႕ တပ္မေတာ္ကို တည္ေထာင္ကာ စစ္ေရးအရ စည္းရံုးေရးကို ေဆာင္ရြက္နိုင္ခဲ႕တာ ျဖစ္ပါတယ္ ။
ဒါ့အျပင္ တမၸဒီပဟာ သဘာဝလမ္းမႀကီးျဖစ္တဲဲ့ ဧရာဝတီျမစ္ေႀကာင္းအလယ္ပိုင္းကို စိုးမိုးထားနိုင္တဲ႕အတြက္ လႈပ္ရွားသြားလာဖို႕ အခြင့္အလမ္း ပိုမိုရရွိထားပါတယ္ ။
ပထဝီအေနအထား , စီးပြားေရးနဲ႕ လူမႈေရးတို႕ ေကာင္းမြန္တဲ႕အတြက္ တမၸဒီပဟာ အကြဲကြဲအျပားျပားျဖစ္ေနတဲ႕ ေဒသမ်ားကို စုစည္းနိုင္တဲ႕ အခြင့္ေကာင္း , အေျခေနေကာင္းကို ရရွိခဲ႕တာပဲ ျဖစ္တယ္ ။
#htoohtoolay
unicode -
အနော်ရထာ ၏ နိုင်ငံတည်ထောင်မှုကို အောင်မြင်စေတဲ့ အခွင့်ကောင်းများ !
----
အနော်ရထာမင်းကြီး ပထမမြန်မာနိုင်ငံကို တည်ထောင်တာက စစ်ရေးကိုအခြေခံထားတာ ဖြစ်တယ် ။ စစ်ရေးအရ စည်းရုံးရေး လုပ်ငန်းမှာ ခေါင်းဆောင်ခဲ့ကြတာက အနော်ရထာမင်းကြီးနဲ့ သူ့ရဲ့ စစ်သူကြီးတွေဖြစ်တဲ့ ကျန်စစ်သားတို့ဖြစ်တယ် ။
စစ်ရေးအရ ကြိုးပမ်းမှုကို အောင်မြင်ဖို့အတွက်က အထောက်အကူပြုတဲ့အချက်မှာ စီးပွားရေးအခြေခံကောင်းမှုဖြစ်ပါတယ် ။ တမ္ပဒီပဟာ စိုက်ပျိုးလုပ်ကိုင်မှုကို ကောင်းစွာဖြစ်ထွန်းမယ့် ဆည်ရေသောက် မြစ်သာ ၁၁ ခရိုင်ခေါ် အခု ကျောက်ဆည်ကိုးခရိုင်နဲ့ မင်းဘူးခြောက်ခရိုင်ဒေသတွေ , စိုက်ပျိုးဖို့ အထိုက်အလျောက်ဖြစ်ထွန်းတဲ့ တောင်တွင်းကြီး ဒေသအပြင် တောင်ပလုန်ခရိုင်(တောင်ပြုန်း) ဒေသတွေကို ပိုင်ဆိုင်ထားတဲ့အတွက် ရိက္ခာအတွက် မပူမပန်ရတော့ပါဘူး ။
ဒါ့အပြင် တမ္ပဒီပမှာနေထိုင်တဲ့ နိုင်ငံသားတို့မှာ အဆင့်အတန်းမြင့်တဲ့ အခြေခံယဉ်ကျေးမှုနဲ့ လူမှုရေးအစဉ်အလာရှိကြတဲ့ ပျူများနဲ့ မွန်များ ပါဝင်နေကြတယ် ။ ကြံ့ခိုင်သန်စွမ်းပြီး စစ်ရေးအတွေ့အကြုံ များစွာရှိတဲ့ မြင်းနဲ့လေး , မြားတို့ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတက်တဲ့ မြန်မာတွေလဲ များစွာပါဝင်နေပါတယ် ။
အဲ့ဒါတွေကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအင်အားကို ကောင်းစွာ အသုံးချပြီး အင်အားကောင်းတဲ့ တပ်မတော်ကို တည်ထောင်ကာ စစ်ရေးအရ စည်းရုံးရေးကို ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ဒါ့အပြင် တမ္ပဒီပဟာ သဘာဝလမ်းမကြီးဖြစ်တဲ့ ဧရာဝတီမြစ်ကြောင်းအလယ်ပိုင်းကို စိုးမိုးထားနိုင်တဲ့အတွက် လှုပ်ရှားသွားလာဖို့ အခွင့်အလမ်း ပိုမိုရရှိထားပါတယ် ။
ပထဝီအနေအထား , စီးပွားရေးနဲ့ လူမှုရေးတို့ ကောင်းမွန်တဲ့အတွက် တမ္ပဒီပဟာ အကွဲကွဲအပြားပြားဖြစ်နေတဲ့ ဒေသများကို စုစည်းနိုင်တဲ့ အခွင့်ကောင်း , အခြေနေကောင်းကို ရရှိခဲ့တာပဲ ဖြစ်တယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment