zawgyi -
အေနာ္ရထာ နန္းတက္ပံု
-----
သကၠရာဇ္ ၃၄၈ ခု (ခရစ္ႏွစ္ ၉၈၆)မွာ ပုဂံထီးနန္းကို က်ည္စိုးမင္း နန္းတက္တယ္ ။ အဲ႕ဒီ႕မင္းဟာ သမင္လိုက္ေလ့ ရွိတယ္ ။ တစ္ေန႕မွာ သမင္ကို ေခ်ာင္းေနတဲ႕ မုဆိုးတစ္ဦးက က်ည္စိုးမင္းေႀကာင့္ သမင္လန္႕ျပီး ထြက္ေျပးသြားတဲ႕အတြက္ ေလးနဲ႕ ပစ္ရာမွာ က်ည္စိုးမင္း နတ္ရြာစံသြားခဲ႕တယ္ ။
က်ည္စိုးမင္း နတ္ရြာစံျပီးတဲ႕ေနာက္ ညီေတာ္စုကၠေတးက သကၠရာဇ္ ၃၅၄ ခု (ခရစ္ႏွစ္ ၉၉၂) မွာ အရိုက္အရာကို ဆက္ခံတယ္ ။ အေနာ္ရထာလည္း စုကၠေတးထံမွာ ခစားေနပါတယ္ ။ တစ္ေန႔ေတာ့ စုကၠေတးက အေနာ္ရထာကို "ညီသားေနာင္မယ္ " လို႕ ေခၚရာမွာ အေနာ္ရထာက ခမည္းေတာ္ေႀကာင္ျဖဴမင္းကို ေလွ်ာက္တင္ေမးျမန္းရာမွ ေႀကာင္ျဖဴမင္းက (အေမာင့္အမိကို ယူလို၍ ညီသားေနာင္မယ္) လို႕ ေခၚတာျဖစ္ေႀကာင္းျပန္ေျဖတာကို သိရတဲ႕အခါ အေနာ္ရထာလည္း ျပင္းစြာ ေဒါသထြက္ျပီး ပုပၸါးအရပ္မွာ လူစုေဆာင္းေတာ့တယ္ ။
အေနာ္ရထာက လူသူဗိုလ္ပါ စုေဆာင္းျပီးတဲ႕ေနာက္ ပုဂံကို ခ်ီတက္လာျပီး စုကၠေတးကို မိမိနဲ႕ စီးခ်င္းထိုးဖို႕ ေတာင္းဆိုတယ္ ။ စုကၠေတးက စီးခ်င္းထိုးဖို႕ သေဘာတူတဲ႕အခါ ခ်ိန္းဆိုထားတဲ႕ ေန႕မွာပဲ သမထီးေခ်ာင္းကိုသြားႀကပါတယ္ ။ စီးခ်င္းထိုးပြဲမွာ စကၠေတးထိုးတဲ႕လွံခ်က္က အေနာ္ရထာကို မထိုးမိဘဲ ျမင္းကဦးကိုသာ ထိုးမိတယ္ ။ အေနာ္ရထာအလွည့္မွာေတာ့ အရိႏၵမာလွံနဲ႕ထိုးတဲ႕အခါ လွံခ်က္က စုကၠေတးရဲ႕အေရွ႕ကေန အေနာက္ထိ ထုတ္ခ်င္းခပ္ ဝင္သြားတယ္ ။ စုကၠေတးလည္း ျမင္းနဲ႕တကြ ျမစ္နားသို႕ ပါသြားျပီး နတ္ရြာစံသြားခဲ႕တယ္ ။ အဲ႔ဒီ႕အရပ္ကို (ျမင္းကပါ) အရပ္လို႕ ယေန႕တိုင္ေအာင္ ေခၚတြင္ေနႀကပါတယ္ ။
အေနာ္ရထာက စကၠေတးကို အနိုင္ရျပီးတဲ႔ေနာက္ ခမည္းေတာ္ေက်ာင္းကိုသြားေရာက္ျပီး ခမည္းေတာ္ ေႀကာင္ျဖဴမင္းကို မင္းျပဳပါလို႕ ေတာင္းပန္တယ္ ။ ခမည္းေတာ္က မိမိအသက္ႀကီးျပီျဖစ္သျဖင့္ သားေတာ္သာ မင္းျပဳပါ လို႕ ေျပာတဲ႕အတြက္ အေနာ္ရထာလည္း မင္းျဖစ္လာခဲ႕ေတာ့တယ္ ။ အေနာ္ရထာက သကၠရာဇ္ ၃၇၉ (ခရစ္ႏွစ္ ၁၀၁၇) မွာ ရာဇဘိေသသခံေတာ္မူပါတယ္ ။ အေနာ္ရထာမင္း နန္းတက္တဲ႕အခါ မင္းနဲ႕ မင္းေဆြမင္းမ်ိဳး / သံပ်င္ကလန္တို႕ေတြ အခုလို အျပန္အလွန္ သစၥာျပဳႀကတယ္ ။
သကၠရာဇ္ ၃၇၉ ခု / မိဂသီႏွစ္ / ျပာသိုလဆုတ္ ၈ ရက္ / ၃ ေန႔အား မင္းအနုရထာစဝ္ သစၥာမူကား , ျမတ္စြာဘုရားရွင္ ခမည္းမင္းႀကီးကိုယ္ေတာ္ လြန္ေသာအခါႏႈိက္ , မင္းသား , မင္းေျမး , မင္းမ်ား , မင္းသမီး , သံပ်င္ကလန္ , ဤသို႕ေသာ အေဆြအမွဴးအမတ္ တို႕ကို သုစကားနာ၍ အျပစ္ရွိ၏ဟု မထိမပါး မဖ်က္ဆီးမညွဥ္းပန္း , ခမည္းမင္းႏွင့္အတူ သိမ္ေမြ႕အံ႕ , ဤသို႕ေသာသစၥာေတာ္ႏွင့္ ခြ်တ္မူကား , အျပစ္ရွစ္ပါး , ဒဏ္ ၁၀ ပါး ရေစ၏ ။ အပါယ္ေလးပါးႏႈိက္ျဖစ္လို၏ ။ မင္းသား မင္းမ်ား မင္းသမီး သံပ်င္ကလန္သစၥာမူသည္ကား ျမတ္စြာဘုရားရွင္ မင္းႀကီးကိုလည္းေကာင္း , သားေတာ္ အနုရထာစဝ္ကိုလည္းေကာင္း ေသေႀကာင္း ပ်က္ေႀကာင္း မႀကံ၍ , တျပည္တြင္းသူကိုလည္းေကာင္း , အရပ္တပါးႏွင့္ ျပည္သူကို လည္းေကာင္း , ျပည္ရြာပ်က္ေႀကာင္း တလည္တပတ္မဆို မမုန္း သားေတာ္ ေျမးေတာ္ အႏြယ္ေတာ္ စသည္တို႕ကို ခီးပင္အံ႕ , ခစားအံ႕ , ဤသို႔ေသာ သစၥာ ျဖင့္ ခြ်တ္မူကား အျပစ္ရွစ္ပါး , ဒဏ္ဆယ္ပါး ေရာက္ေစ၏ , အလွဴမ်ိဳး မရလို , အပါယ္ေလးပါးႏႈိက္ ျဖစ္လို၏ ။
အဲ႕ဒီလို အေနာ္ရထာမင္းႀကီးနဲ႕ သံပ်င္ကလန္တို႕ဟာ ပထမျမန္မာနိုင္ငံတည္ေထာင္ေရးအတြက္ စည္းစည္းလံုးလံုး ညီညီညြတ္ညြတ္နဲ႕ ႀကိဳးပမ္းေဆာင္ရြက္ႀကမဲ႕သေဘာကို ညႊန္ျပေနေႀကာင္း ေတြ႕ရွိရပါတယ္ ။
#htoohtoolay
unicode -
အနော်ရထာ နန်းတက်ပုံ
-----
သက္ကရာဇ် ၃၄၈ ခု (ခရစ်နှစ် ၉၈၆)မှာ ပုဂံထီးနန်းကို ကျည်စိုးမင်း နန်းတက်တယ် ။ အဲ့ဒီ့မင်းဟာ သမင်လိုက်လေ့ ရှိတယ် ။ တစ်နေ့မှာ သမင်ကို ချောင်းနေတဲ့ မုဆိုးတစ်ဦးက ကျည်စိုးမင်းကြောင့် သမင်လန့်ပြီး ထွက်ပြေးသွားတဲ့အတွက် လေးနဲ့ ပစ်ရာမှာ ကျည်စိုးမင်း နတ်ရွာစံသွားခဲ့တယ် ။
ကျည်စိုးမင်း နတ်ရွာစံပြီးတဲ့နောက် ညီတော်စုက္ကတေးက သက္ကရာဇ် ၃၅၄ ခု (ခရစ်နှစ် ၉၉၂) မှာ အရိုက်အရာကို ဆက်ခံတယ် ။ အနော်ရထာလည်း စုက္ကတေးထံမှာ ခစားနေပါတယ် ။ တစ်နေ့တော့ စုက္ကတေးက အနော်ရထာကို "ညီသားနောင်မယ် " လို့ ခေါ်ရာမှာ အနော်ရထာက ခမည်းတော်ကြောင်ဖြူမင်းကို လျှောက်တင်မေးမြန်းရာမှ ကြောင်ဖြူမင်းက (အမောင့်အမိကို ယူလို၍ ညီသားနောင်မယ်) လို့ ခေါ်တာဖြစ်ကြောင်းပြန်ဖြေတာကို သိရတဲ့အခါ အနော်ရထာလည်း ပြင်းစွာ ဒေါသထွက်ပြီး ပုပ္ပါးအရပ်မှာ လူစုဆောင်းတော့တယ် ။
အနော်ရထာက လူသူဗိုလ်ပါ စုဆောင်းပြီးတဲ့နောက် ပုဂံကို ချီတက်လာပြီး စုက္ကတေးကို မိမိနဲ့ စီးချင်းထိုးဖို့ တောင်းဆိုတယ် ။ စုက္ကတေးက စီးချင်းထိုးဖို့ သဘောတူတဲ့အခါ ချိန်းဆိုထားတဲ့ နေ့မှာပဲ သမထီးချောင်းကိုသွားကြပါတယ် ။ စီးချင်းထိုးပွဲမှာ စက္ကတေးထိုးတဲ့လှံချက်က အနော်ရထာကို မထိုးမိဘဲ မြင်းကဦးကိုသာ ထိုးမိတယ် ။ အနော်ရထာအလှည့်မှာတော့ အရိန္ဒမာလှံနဲ့ထိုးတဲ့အခါ လှံချက်က စုက္ကတေးရဲ့အရှေ့ကနေ အနောက်ထိ ထုတ်ချင်းခပ် ဝင်သွားတယ် ။ စုက္ကတေးလည်း မြင်းနဲ့တကွ မြစ်နားသို့ ပါသွားပြီး နတ်ရွာစံသွားခဲ့တယ် ။ အဲ့ဒီ့အရပ်ကို (မြင်းကပါ) အရပ်လို့ ယနေ့တိုင်အောင် ခေါ်တွင်နေကြပါတယ် ။
အနော်ရထာက စက္ကတေးကို အနိုင်ရပြီးတဲ့နောက် ခမည်းတော်ကျောင်းကိုသွားရောက်ပြီး ခမည်းတော် ကြောင်ဖြူမင်းကို မင်းပြုပါလို့ တောင်းပန်တယ် ။ ခမည်းတော်က မိမိအသက်ကြီးပြီဖြစ်သဖြင့် သားတော်သာ မင်းပြုပါ လို့ ပြောတဲ့အတွက် အနော်ရထာလည်း မင်းဖြစ်လာခဲ့တော့တယ် ။ အနော်ရထာက သက္ကရာဇ် ၃၇၉ (ခရစ်နှစ် ၁၀၁၇) မှာ ရာဇဘိသေသခံတော်မူပါတယ် ။ အနော်ရထာမင်း နန်းတက်တဲ့အခါ မင်းနဲ့ မင်းဆွေမင်းမျိုး / သံပျင်ကလန်တို့တွေ အခုလို အပြန်အလှန် သစ္စာပြုကြတယ် ။
သက္ကရာဇ် ၃၇၉ ခု / မိဂသီနှစ် / ပြာသိုလဆုတ် ၈ ရက် / ၃ နေ့အား မင်းအနုရထာစဝ် သစ္စာမူကား , မြတ်စွာဘုရားရှင် ခမည်းမင်းကြီးကိုယ်တော် လွန်သောအခါနှိုက် , မင်းသား , မင်းမြေး , မင်းများ , မင်းသမီး , သံပျင်ကလန် , ဤသို့သော အဆွေအမှူးအမတ် တို့ကို သုစကားနာ၍ အပြစ်ရှိ၏ဟု မထိမပါး မဖျက်ဆီးမညှဉ်းပန်း , ခမည်းမင်းနှင့်အတူ သိမ်မွေ့အံ့ , ဤသို့သောသစ္စာတော်နှင့် ချွတ်မူကား , အပြစ်ရှစ်ပါး , ဒဏ် ၁၀ ပါး ရစေ၏ ။ အပါယ်လေးပါးနှိုက်ဖြစ်လို၏ ။ မင်းသား မင်းများ မင်းသမီး သံပျင်ကလန်သစ္စာမူသည်ကား မြတ်စွာဘုရားရှင် မင်းကြီးကိုလည်းကောင်း , သားတော် အနုရထာစဝ်ကိုလည်းကောင်း သေကြောင်း ပျက်ကြောင်း မကြံ၍ , တပြည်တွင်းသူကိုလည်းကောင်း , အရပ်တပါးနှင့် ပြည်သူကို လည်းကောင်း , ပြည်ရွာပျက်ကြောင်း တလည်တပတ်မဆို မမုန်း သားတော် မြေးတော် အနွယ်တော် စသည်တို့ကို ခီးပင်အံ့ , ခစားအံ့ , ဤသို့သော သစ္စာ ဖြင့် ချွတ်မူကား အပြစ်ရှစ်ပါး , ဒဏ်ဆယ်ပါး ရောက်စေ၏ , အလှူမျိုး မရလို , အပါယ်လေးပါးနှိုက် ဖြစ်လို၏ ။
အဲ့ဒီလို အနော်ရထာမင်းကြီးနဲ့ သံပျင်ကလန်တို့ဟာ ပထမမြန်မာနိုင်ငံတည်ထောင်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်ကြမဲ့သဘောကို ညွှန်ပြနေကြောင်း တွေ့ရှိရပါတယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment