Skip to main content

အေနာ္ရထာမင္းႀကီး နန္းတက္စအခ်ိန္က ျမန္မာနိုင္ငံ

zawgyi -

အေနာ္ရထာမင္းႀကီး နန္းတက္စအခ်ိန္က ျမန္မာနိုင္ငံ
-----
အေနာ္ရထာ နန္းတက္စက ပုဂံရဲ႕ ႀသဇာပ်ံ႕ႏွံ႕ရာ အရပ္ေတြက အခု မႏၱေလး / မိတၳီလာ / ျမင္းျခံ / ေက်ာက္ဆည္ / ရမည္းသင္း / မေကြး / စစ္ကိုင္း / ကသာ / ပခုကၠဴ အထိပဲ က်ယ္ဝန္းခဲ႕တယ္ ။ ဒါ့အျပင္ စိုက္ပ်ိဳးေရးျဖစ္ထြန္းတဲ႔ ျမစ္သား ၁၁ ခရိုင္ေခၚ ေက်ာက္ဆည္ ကိုးခရိုင္ေဒသနဲ႕ မင္းဘူး ေျခာက္ခရိုင္ေဒသေတြ / စိုက္ပ်ိဳးမႈ အထိုက္အေလ်ာက္ ျဖစ္ထြန္းတဲ႕ ေတာင္တြင္းႀကီးေဒသနဲ႕ ေတာင္ျပဳန္းေဒသတို႕ ပါဝင္ႀကပါတယ္ ။

အေနာ္ရထာမင္း နန္းတက္စမွာ ျမန္မာနိုင္ငံက စည္းလံုးမႈ ျပိဳကြဲေနတယ္ ။ ေျမာက္ဘက္မွာ တေကာင္းကို ဗဟိုျပဳတဲ႕ သက္ / ကတူးတို႕ရဲ႕ သင္းတြဲျပည္ / ေတာင္ဘက္မွာ သေရေခတၱရာ / ေရွးမြန္တို႕ရဲ႕ ဥႆာပဲခူးနိုင္ငံငယ္ / ခဗင္းနဲ႕ ဒလကုန္သြယ္ေရး နိုင္ငံငယ္ေတြ / သထံုကို ဗဟိုျပဳတဲ႕ ေရွးမြန္တို႕ရဲ႕ သုဝဏၰဘူမိဆိုျပီး အသီးသီး ကြဲျပားေနႀကပါတယ္ ။

အဲ႔ဒီလို ကြဲျပားေနတဲ႕ ေဒသေတြကို စုစည္းျပီး နိုင္ငံေတာ္ တည္ေဆာက္မႈကို အဆင့္ဆင့္ ေဆာင္ရြက္ခဲ႔ရတယ္ ။ နိုင္ငံေတာ္တည္ေဆာက္ေရးလုပ္ငန္းေတြကို ေဆာင္ရြက္ရာမွာ အေနာ္ရထာမင္းႀကီးကိုယ္တိုင္လည္း ရဲစြမ္းသတၱိနဲ႕ ျပည့္စံုျပီး သူ႕ကို ကူညီဖို႕ က်န္စစ္သား , ငေထြးရူး , ငလံုးလက္ဖယ္ , ေညာင္ဦးဖီး စတဲ႕ စစ္သူႀကီးမ်ားလည္း ပါဝင္ႀကပါတယ္ ။ ဒါ့အျပင္ သထံုျပည္ကေန ေရာက္ရွိလာတဲ႕ အိႏၵိယနိုင္ငံသားဗ်တၱ / ေနာင္ ဗ်တၱရဲ႕သား ေရႊဖ်ဥ္းႀကီး ေရႊဖ်ဥ္းငယ္တို႔ ပါဝင္ႀကတယ္ ။

သူရဲေကာင္းျဖစ္တဲ႕ ငေထြးရူးက ျမင္းမူဇာတိျဖစ္ျပီး ထန္းပင္တက္ အလြန္ကြ်မ္းက်င္သူျဖစ္ပါတယ္ ။ ဒါေႀကာင့္လည္း ထန္တက္ရာမွာ အမည္ထင္ရွားတဲ႔သူတစ္ေယာက္ျဖစ္တယ္ ။

သူရဲေကာင္းငလံုးလက္ဖယ္က ပုပၸါးဇာတိျဖစ္ျပီး ထြန္ေရးမွာ ကြ်မ္းက်င္သူျဖစ္တယ္ ။ သူရဲေကာင္း ေညာင္ဦးဖီးကေတာ့ ေညာင္ဦးဇာတိျဖစ္တယ္ ။ သူက ေရကူးတာ အင္မတန္ ကြ်မ္းက်င္တယ္ ။

အေနာ္ရထာမင္းနဲ႔အတူ က်န္စစ္သား / ငေထြးရူး / ငလံုးလက္ဖယ္ / ေညာင္ဦးဖီး တို႕မွာ နတ္ျမင္းလို႕ တင္စားရေလာက္တဲ႕ တိုက္ပြဲဝင္ ျမင္းေကာင္းတစ္ေကာင္စီ ပိုင္ဆိုင္ထားႀကပါတယ္ ။ အေနာ္ရထာမင္းႀကီးစီးတဲ႕ ျမင္းအမည္က က႑ိကလက္လွ လို႕ေခၚတယ္ ။ က်န္စစ္သားျမင္းက ႏွလံုးခြန္ေတာင္း ။ ငလံုးလက္ဖယ္စီးတဲ႕ျမင္းက ေလမိုးယဥ္ေခါင္ ။ ငေထြးရူးစီးတာက ႏွလံုးလ်င္တိုင္ ။ ေညာင္ဦးဖီးကေတာ့ ႏွလံုးအတုမရွိ လို႕ဆိုတဲ႕ ျမင္းကို ကိုယ္စီပိုင္ဆိုင္ထားႀကပါတယ္ ။

အေနာ္ရထာမင္းက အဲ႔ဒီ႕သူရဲေကာင္းေလးဦးအေပၚမွာ ယံုႀကည္အားထားမႈရွိျပီး အေနာ္ရထာမင္းရဲ႕ ပထမျမန္မာနိုင္ငံေတာ္တည္ေထာင္ေရးမွာ အဲ႔ဒီ႔ သူရဲေကာင္းေလးဦးတို႕က တစ္တပ္တစ္အား ပါဝင္ခဲ႕ႀကပါတယ္ ။

#htoohtoolay

unicode -

အနော်ရထာမင်းကြီး နန်းတက်စအချိန်က မြန်မာနိုင်ငံ
-----
အနော်ရထာ နန်းတက်စက ပုဂံရဲ့ သြဇာပျံ့နှံ့ရာ အရပ်တွေက အခု မန္တလေး / မိတ္ထီလာ / မြင်းခြံ / ကျောက်ဆည် / ရမည်းသင်း / မကွေး / စစ်ကိုင်း / ကသာ / ပခုက္ကူ အထိပဲ ကျယ်ဝန်းခဲ့တယ် ။ ဒါ့အပြင် စိုက်ပျိုးရေးဖြစ်ထွန်းတဲ့ မြစ်သား ၁၁ ခရိုင်ခေါ် ကျောက်ဆည် ကိုးခရိုင်ဒေသနဲ့ မင်းဘူး ခြောက်ခရိုင်ဒေသတွေ / စိုက်ပျိုးမှု အထိုက်အလျောက် ဖြစ်ထွန်းတဲ့ တောင်တွင်းကြီးဒေသနဲ့ တောင်ပြုန်းဒေသတို့ ပါဝင်ကြပါတယ် ။

အနော်ရထာမင်း နန်းတက်စမှာ မြန်မာနိုင်ငံက စည်းလုံးမှု ပြိုကွဲနေတယ် ။ မြောက်ဘက်မှာ တကောင်းကို ဗဟိုပြုတဲ့ သက် / ကတူးတို့ရဲ့ သင်းတွဲပြည် / တောင်ဘက်မှာ သရေခေတ္တရာ / ရှေးမွန်တို့ရဲ့ ဥဿာပဲခူးနိုင်ငံငယ် / ခဗင်းနဲ့ ဒလကုန်သွယ်ရေး နိုင်ငံငယ်တွေ / သထုံကို ဗဟိုပြုတဲ့ ရှေးမွန်တို့ရဲ့ သုဝဏ္ဏဘူမိဆိုပြီး အသီးသီး ကွဲပြားနေကြပါတယ် ။

အဲ့ဒီလို ကွဲပြားနေတဲ့ ဒေသတွေကို စုစည်းပြီး နိုင်ငံတော် တည်ဆောက်မှုကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ရတယ် ။ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အနော်ရထာမင်းကြီးကိုယ်တိုင်လည်း ရဲစွမ်းသတ္တိနဲ့ ပြည့်စုံပြီး သူ့ကို ကူညီဖို့ ကျန်စစ်သား , ငထွေးရူး , ငလုံးလက်ဖယ် , ညောင်ဦးဖီး စတဲ့ စစ်သူကြီးများလည်း ပါဝင်ကြပါတယ် ။ ဒါ့အပြင် သထုံပြည်ကနေ ရောက်ရှိလာတဲ့ အိန္ဒိယနိုင်ငံသားဗျတ္တ / နောင် ဗျတ္တရဲ့သား ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ ပါဝင်ကြတယ် ။

သူရဲကောင်းဖြစ်တဲ့ ငထွေးရူးက မြင်းမူဇာတိဖြစ်ပြီး ထန်းပင်တက် အလွန်ကျွမ်းကျင်သူဖြစ်ပါတယ် ။ ဒါကြောင့်လည်း ထန်တက်ရာမှာ အမည်ထင်ရှားတဲ့သူတစ်ယောက်ဖြစ်တယ် ။

သူရဲကောင်းငလုံးလက်ဖယ်က ပုပ္ပါးဇာတိဖြစ်ပြီး ထွန်ရေးမှာ ကျွမ်းကျင်သူဖြစ်တယ် ။ သူရဲကောင်း ညောင်ဦးဖီးကတော့ ညောင်ဦးဇာတိဖြစ်တယ် ။ သူက ရေကူးတာ အင်မတန် ကျွမ်းကျင်တယ် ။

အနော်ရထာမင်းနဲ့အတူ ကျန်စစ်သား / ငထွေးရူး / ငလုံးလက်ဖယ် / ညောင်ဦးဖီး တို့မှာ နတ်မြင်းလို့ တင်စားရလောက်တဲ့ တိုက်ပွဲဝင် မြင်းကောင်းတစ်ကောင်စီ ပိုင်ဆိုင်ထားကြပါတယ် ။ အနော်ရထာမင်းကြီးစီးတဲ့ မြင်းအမည်က ကဏ္ဍိကလက်လှ လို့ခေါ်တယ် ။ ကျန်စစ်သားမြင်းက နှလုံးခွန်တောင်း ။ ငလုံးလက်ဖယ်စီးတဲ့မြင်းက လေမိုးယဉ်ခေါင် ။ ငထွေးရူးစီးတာက နှလုံးလျင်တိုင် ။ ညောင်ဦးဖီးကတော့ နှလုံးအတုမရှိ လို့ဆိုတဲ့ မြင်းကို ကိုယ်စီပိုင်ဆိုင်ထားကြပါတယ် ။

အနော်ရထာမင်းက အဲ့ဒီ့သူရဲကောင်းလေးဦးအပေါ်မှာ ယုံကြည်အားထားမှုရှိပြီး အနော်ရထာမင်းရဲ့ ပထမမြန်မာနိုင်ငံတော်တည်ထောင်ရေးမှာ အဲ့ဒီ့ သူရဲကောင်းလေးဦးတို့က တစ်တပ်တစ်အား ပါဝင်ခဲ့ကြပါတယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...