Skip to main content

ပုဂံအမည္မ်ား !

zawgyi -

ပုဂံ အမည္မ်ား
-----
ဇမၺဴဒီပဥေဆာင္းအစရွိတဲ႕ ေရွးျမန္မာပထဝီဝင္က်မ္းမ်ားနဲဲ႕ ေက်ာက္စာ , ရာဇဝင္လာ စကားရပ္မ်ားအရ ျမန္မာနိုင္ငံကို သုနာပရႏၱ , တမၸဒီပ စတဲ႕ တိုင္းႀကီး ရွစ္တိုင္း / တိုင္းႀကီး ၉ တိုင္း / တိုင္းႀကီး  ၁၀ တိုင္း / တိုင္းႀကီး ၁၆ တိုင္းတို႕နဲ႕ အသီးသီး ဖြဲ႕စည္းထားတာ ေတြ႕ရပါတယ္ ။ အဲ႕ဒီလို ဖြဲ႕စည္းရာမွာ ဧရာဝတီျမစ္ အေရွ႕ဘက္နဲ႕ ေတာင္ဘက္တစ္ဝန္းကို " တမၸဒီပတိုင္း " လို႕ သတ္မွတ္ထားတယ္ ။ အဲ႕ဒီ႕တိုင္းအတြင္းမွာ ပုဂံ , ပင္းယ , အဝ စတဲ႕ မင္းေနျပည္ေတာ္ေတြ ပါဝင္တယ္ ။ အဲ႕ဒီလိုနဲ႕ ပုဂံမင္းေနျပည္ရဲ႕ တည္ေနရာဟာ တမၸဒီပတိုင္းလို႕ ဒီလို ေခၚတြင္လာေႀကာင္း သိရပါတယ္ ။

ပုဂံကို အမည္အမ်ိဳးမ်ိဳးနဲ႕ ေခၚႀကတယ္ ။ ပုဂံမဂၤလာေစတီေတာ္အတြင္းမွာ ေတြ႕ရွိရတဲ႕ သကၠရာဇ္ ၆၇၄ (Ad-1312) ထိုး ရွင္ဒိသာျပမုက္ေက်ာက္စာမွွာ ( တံျပတိတ္ ) ျပည္ လို႕ ေရးထိုးထားပါတယ္ ။

ပုဂံေက်ာက္စာမ်ားမွာ ပုဂံကို ( အရိမဒၵန ) လို႕ ေဖၚျပေလ့ရွိတယ္ ။ အရိမဒၵန ဆိုတာ ပါဠိစကားလံုးျဖစ္ျပီး အဓိပၸါယ္က ရန္သူကို ေခ်မႈန္းသည့္ေနရာလို႕ အဓိပၸါယ္ရပါတယ္ ။ အဲ႕ဒီ႔အမည္ကို ပုဂံ ေက်ာက္စာေတြမွာတင္မက ေနာက္ပိုင္းက်တဲ႕ အဝ ေခတ္ ေက်ာက္စာမ်ားမွာလည္း အမ်ားအျပား ေတြ႕ရွိရပါတယ္ ။

မြန္တို႕က ပုဂံကို (ေပါ့ကာမ္) (ပုကါမ္) (ပုကာမ္) လို႕ ေရးသားေဖၚျပႀကတယ္ ။ အဲ႕ဒီ႕အမည္ကို Ad-1093 ခုႏွစ္ထိုး ေရွးမြန္ေက်ာက္စာမွာ စတင္ေတြ႕ရွိရတယ္ ။ ဒါ့အျပင္ မြန္တို႕က ပုဂံကို (တတၴေဒသ) လို႕လဲ ေခၚဆိုႀကျပန္တယ္ ။ အဲ႕ဒီ႕အဓိပၸါယ္ကေတာ့ ပူျပင္းသည့္ အရပ္ေဒသ တဲ႕ ။

အရိမဒၵနာဆိုတဲ႕ အမည္နဲ႕ တြဲဖက္ျပီး အမ်ားဆံုး ေတြ႕ရွိရတဲ႕ အမည္က (ပုကံ) ဆိုတဲ႕အမည္ ။ သို႕ေသာ္ အဲ႕ဒီ႕အမည္ကို သံုးတာေတာ့ အေတာ္နည္းပါတယ္ ။ ေက်ာက္စာအေတာ္မ်ားမ်ားမွာ ပုဂံကို ကြ်န္အမည္နဲ႕တြဲဖက္ျပီး သံုးစြဲထားတာကို ေတြ႕ရွိရတယ္ ။ သကၠရာဇ္ ၆၁၀ ခု (ခရစ္ႏွစ္ ၁၂၄၈) ထိုး အေစာႀကြမ္း ေက်ာက္စာမွာ (ပုကံကြ်န္ ကုဘာယန္ သည္ ၁၁၆ ေယာက္) ဆိုတဲ႕ စာသားေတြ႕ရတယ္ ။ ထူးျခားတာက ပုဂံေခတ္ ေက်ာက္စာမ်ားမွာ ပုဂံလို႕ မေရးပဲ (ပုကံ) လို႕ ေရးထြင္းခဲ႕ျခင္းေတြသာ ျဖစ္တယ္ ။

အခုခ်ိန္မွာေတာ့ ပ်ဴရြာလို႕ အဓိပၸါယ္ရွိတဲ႕ ပ်ဴဂါမ-ပ်ဴဂါမ္-ပုဂါမ အမည္ကို ဆင္းသက္လာတဲ႕ (ပုဂံ) အမည္နဲ႔ သံုးစြဲလာႀကပါတယ္ ။

#htoohtoolay


unicode -

ပုဂံ အမည်များ
-----
ဇမ္ဗူဒီပဥဆောင်းအစရှိတဲ့ ရှေးမြန်မာပထဝီဝင်ကျမ်းများနဲ့ ကျောက်စာ , ရာဇဝင်လာ စကားရပ်များအရ မြန်မာနိုင်ငံကို သုနာပရန္တ , တမ္ပဒီပ စတဲ့ တိုင်းကြီး ရှစ်တိုင်း / တိုင်းကြီး ၉ တိုင်း / တိုင်းကြီး  ၁၀ တိုင်း / တိုင်းကြီး ၁၆ တိုင်းတို့နဲ့ အသီးသီး ဖွဲ့စည်းထားတာ တွေ့ရပါတယ် ။ အဲ့ဒီလို ဖွဲ့စည်းရာမှာ ဧရာဝတီမြစ် အရှေ့ဘက်နဲ့ တောင်ဘက်တစ်ဝန်းကို " တမ္ပဒီပတိုင်း " လို့ သတ်မှတ်ထားတယ် ။ အဲ့ဒီ့တိုင်းအတွင်းမှာ ပုဂံ , ပင်းယ , အဝ စတဲ့ မင်းနေပြည်တော်တွေ ပါဝင်တယ် ။ အဲ့ဒီလိုနဲ့ ပုဂံမင်းနေပြည်ရဲ့ တည်နေရာဟာ တမ္ပဒီပတိုင်းလို့ ဒီလို ခေါ်တွင်လာကြောင်း သိရပါတယ် ။

ပုဂံကို အမည်အမျိုးမျိုးနဲ့ ခေါ်ကြတယ် ။ ပုဂံမင်္ဂလာစေတီတော်အတွင်းမှာ တွေ့ရှိရတဲ့ သက္ကရာဇ် ၆၇၄ (Ad-1312) ထိုး ရှင်ဒိသာပြမုက်ကျောက်စာမှှာ ( တံပြတိတ် ) ပြည် လို့ ရေးထိုးထားပါတယ် ။

ပုဂံကျောက်စာများမှာ ပုဂံကို ( အရိမဒ္ဒန ) လို့ ဖေါ်ပြလေ့ရှိတယ် ။ အရိမဒ္ဒန ဆိုတာ ပါဠိစကားလုံးဖြစ်ပြီး အဓိပ္ပါယ်က ရန်သူကို ချေမှုန်းသည့်နေရာလို့ အဓိပ္ပါယ်ရပါတယ် ။ အဲ့ဒီ့အမည်ကို ပုဂံ ကျောက်စာတွေမှာတင်မက နောက်ပိုင်းကျတဲ့ အဝ ခေတ် ကျောက်စာများမှာလည်း အများအပြား တွေ့ရှိရပါတယ် ။

မွန်တို့က ပုဂံကို (ပေါ့ကာမ်) (ပုကါမ်) (ပုကာမ်) လို့ ရေးသားဖေါ်ပြကြတယ် ။ အဲ့ဒီ့အမည်ကို Ad-1093 ခုနှစ်ထိုး ရှေးမွန်ကျောက်စာမှာ စတင်တွေ့ရှိရတယ် ။ ဒါ့အပြင် မွန်တို့က ပုဂံကို (တတ္ထဒေသ) လို့လဲ ခေါ်ဆိုကြပြန်တယ် ။ အဲ့ဒီ့အဓိပ္ပါယ်ကတော့ ပူပြင်းသည့် အရပ်ဒေသ တဲ့ ။

အရိမဒ္ဒနာဆိုတဲ့ အမည်နဲ့ တွဲဖက်ပြီး အများဆုံး တွေ့ရှိရတဲ့ အမည်က (ပုကံ) ဆိုတဲ့အမည် ။ သို့သော် အဲ့ဒီ့အမည်ကို သုံးတာတော့ အတော်နည်းပါတယ် ။ ကျောက်စာအတော်များများမှာ ပုဂံကို ကျွန်အမည်နဲ့တွဲဖက်ပြီး သုံးစွဲထားတာကို တွေ့ရှိရတယ် ။ သက္ကရာဇ် ၆၁၀ ခု (ခရစ်နှစ် ၁၂၄၈) ထိုး အစောကြွမ်း ကျောက်စာမှာ (ပုကံကျွန် ကုဘာယန် သည် ၁၁၆ ယောက်) ဆိုတဲ့ စာသားတွေ့ရတယ် ။ ထူးခြားတာက ပုဂံခေတ် ကျောက်စာများမှာ ပုဂံလို့ မရေးပဲ (ပုကံ) လို့ ရေးထွင်းခဲ့ခြင်းတွေသာ ဖြစ်တယ် ။

အခုချိန်မှာတော့ ပျူရွာလို့ အဓိပ္ပါယ်ရှိတဲ့ ပျူဂါမ-ပျူဂါမ်-ပုဂါမ အမည်ကို ဆင်းသက်လာတဲ့ (ပုဂံ) အမည်နဲ့ သုံးစွဲလာကြပါတယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...