zawgyi -
ပုဂံ အမည္မ်ား
-----
ဇမၺဴဒီပဥေဆာင္းအစရွိတဲ႕ ေရွးျမန္မာပထဝီဝင္က်မ္းမ်ားနဲဲ႕ ေက်ာက္စာ , ရာဇဝင္လာ စကားရပ္မ်ားအရ ျမန္မာနိုင္ငံကို သုနာပရႏၱ , တမၸဒီပ စတဲ႕ တိုင္းႀကီး ရွစ္တိုင္း / တိုင္းႀကီး ၉ တိုင္း / တိုင္းႀကီး ၁၀ တိုင္း / တိုင္းႀကီး ၁၆ တိုင္းတို႕နဲ႕ အသီးသီး ဖြဲ႕စည္းထားတာ ေတြ႕ရပါတယ္ ။ အဲ႕ဒီလို ဖြဲ႕စည္းရာမွာ ဧရာဝတီျမစ္ အေရွ႕ဘက္နဲ႕ ေတာင္ဘက္တစ္ဝန္းကို " တမၸဒီပတိုင္း " လို႕ သတ္မွတ္ထားတယ္ ။ အဲ႕ဒီ႕တိုင္းအတြင္းမွာ ပုဂံ , ပင္းယ , အဝ စတဲ႕ မင္းေနျပည္ေတာ္ေတြ ပါဝင္တယ္ ။ အဲ႕ဒီလိုနဲ႕ ပုဂံမင္းေနျပည္ရဲ႕ တည္ေနရာဟာ တမၸဒီပတိုင္းလို႕ ဒီလို ေခၚတြင္လာေႀကာင္း သိရပါတယ္ ။
ပုဂံကို အမည္အမ်ိဳးမ်ိဳးနဲ႕ ေခၚႀကတယ္ ။ ပုဂံမဂၤလာေစတီေတာ္အတြင္းမွာ ေတြ႕ရွိရတဲ႕ သကၠရာဇ္ ၆၇၄ (Ad-1312) ထိုး ရွင္ဒိသာျပမုက္ေက်ာက္စာမွွာ ( တံျပတိတ္ ) ျပည္ လို႕ ေရးထိုးထားပါတယ္ ။
ပုဂံေက်ာက္စာမ်ားမွာ ပုဂံကို ( အရိမဒၵန ) လို႕ ေဖၚျပေလ့ရွိတယ္ ။ အရိမဒၵန ဆိုတာ ပါဠိစကားလံုးျဖစ္ျပီး အဓိပၸါယ္က ရန္သူကို ေခ်မႈန္းသည့္ေနရာလို႕ အဓိပၸါယ္ရပါတယ္ ။ အဲ႕ဒီ႔အမည္ကို ပုဂံ ေက်ာက္စာေတြမွာတင္မက ေနာက္ပိုင္းက်တဲ႕ အဝ ေခတ္ ေက်ာက္စာမ်ားမွာလည္း အမ်ားအျပား ေတြ႕ရွိရပါတယ္ ။
မြန္တို႕က ပုဂံကို (ေပါ့ကာမ္) (ပုကါမ္) (ပုကာမ္) လို႕ ေရးသားေဖၚျပႀကတယ္ ။ အဲ႕ဒီ႕အမည္ကို Ad-1093 ခုႏွစ္ထိုး ေရွးမြန္ေက်ာက္စာမွာ စတင္ေတြ႕ရွိရတယ္ ။ ဒါ့အျပင္ မြန္တို႕က ပုဂံကို (တတၴေဒသ) လို႕လဲ ေခၚဆိုႀကျပန္တယ္ ။ အဲ႕ဒီ႕အဓိပၸါယ္ကေတာ့ ပူျပင္းသည့္ အရပ္ေဒသ တဲ႕ ။
အရိမဒၵနာဆိုတဲ႕ အမည္နဲ႕ တြဲဖက္ျပီး အမ်ားဆံုး ေတြ႕ရွိရတဲ႕ အမည္က (ပုကံ) ဆိုတဲ႕အမည္ ။ သို႕ေသာ္ အဲ႕ဒီ႕အမည္ကို သံုးတာေတာ့ အေတာ္နည္းပါတယ္ ။ ေက်ာက္စာအေတာ္မ်ားမ်ားမွာ ပုဂံကို ကြ်န္အမည္နဲ႕တြဲဖက္ျပီး သံုးစြဲထားတာကို ေတြ႕ရွိရတယ္ ။ သကၠရာဇ္ ၆၁၀ ခု (ခရစ္ႏွစ္ ၁၂၄၈) ထိုး အေစာႀကြမ္း ေက်ာက္စာမွာ (ပုကံကြ်န္ ကုဘာယန္ သည္ ၁၁၆ ေယာက္) ဆိုတဲ႕ စာသားေတြ႕ရတယ္ ။ ထူးျခားတာက ပုဂံေခတ္ ေက်ာက္စာမ်ားမွာ ပုဂံလို႕ မေရးပဲ (ပုကံ) လို႕ ေရးထြင္းခဲ႕ျခင္းေတြသာ ျဖစ္တယ္ ။
အခုခ်ိန္မွာေတာ့ ပ်ဴရြာလို႕ အဓိပၸါယ္ရွိတဲ႕ ပ်ဴဂါမ-ပ်ဴဂါမ္-ပုဂါမ အမည္ကို ဆင္းသက္လာတဲ႕ (ပုဂံ) အမည္နဲ႔ သံုးစြဲလာႀကပါတယ္ ။
#htoohtoolay
unicode -
ပုဂံ အမည်များ
-----
ဇမ္ဗူဒီပဥဆောင်းအစရှိတဲ့ ရှေးမြန်မာပထဝီဝင်ကျမ်းများနဲ့ ကျောက်စာ , ရာဇဝင်လာ စကားရပ်များအရ မြန်မာနိုင်ငံကို သုနာပရန္တ , တမ္ပဒီပ စတဲ့ တိုင်းကြီး ရှစ်တိုင်း / တိုင်းကြီး ၉ တိုင်း / တိုင်းကြီး ၁၀ တိုင်း / တိုင်းကြီး ၁၆ တိုင်းတို့နဲ့ အသီးသီး ဖွဲ့စည်းထားတာ တွေ့ရပါတယ် ။ အဲ့ဒီလို ဖွဲ့စည်းရာမှာ ဧရာဝတီမြစ် အရှေ့ဘက်နဲ့ တောင်ဘက်တစ်ဝန်းကို " တမ္ပဒီပတိုင်း " လို့ သတ်မှတ်ထားတယ် ။ အဲ့ဒီ့တိုင်းအတွင်းမှာ ပုဂံ , ပင်းယ , အဝ စတဲ့ မင်းနေပြည်တော်တွေ ပါဝင်တယ် ။ အဲ့ဒီလိုနဲ့ ပုဂံမင်းနေပြည်ရဲ့ တည်နေရာဟာ တမ္ပဒီပတိုင်းလို့ ဒီလို ခေါ်တွင်လာကြောင်း သိရပါတယ် ။
ပုဂံကို အမည်အမျိုးမျိုးနဲ့ ခေါ်ကြတယ် ။ ပုဂံမင်္ဂလာစေတီတော်အတွင်းမှာ တွေ့ရှိရတဲ့ သက္ကရာဇ် ၆၇၄ (Ad-1312) ထိုး ရှင်ဒိသာပြမုက်ကျောက်စာမှှာ ( တံပြတိတ် ) ပြည် လို့ ရေးထိုးထားပါတယ် ။
ပုဂံကျောက်စာများမှာ ပုဂံကို ( အရိမဒ္ဒန ) လို့ ဖေါ်ပြလေ့ရှိတယ် ။ အရိမဒ္ဒန ဆိုတာ ပါဠိစကားလုံးဖြစ်ပြီး အဓိပ္ပါယ်က ရန်သူကို ချေမှုန်းသည့်နေရာလို့ အဓိပ္ပါယ်ရပါတယ် ။ အဲ့ဒီ့အမည်ကို ပုဂံ ကျောက်စာတွေမှာတင်မက နောက်ပိုင်းကျတဲ့ အဝ ခေတ် ကျောက်စာများမှာလည်း အများအပြား တွေ့ရှိရပါတယ် ။
မွန်တို့က ပုဂံကို (ပေါ့ကာမ်) (ပုကါမ်) (ပုကာမ်) လို့ ရေးသားဖေါ်ပြကြတယ် ။ အဲ့ဒီ့အမည်ကို Ad-1093 ခုနှစ်ထိုး ရှေးမွန်ကျောက်စာမှာ စတင်တွေ့ရှိရတယ် ။ ဒါ့အပြင် မွန်တို့က ပုဂံကို (တတ္ထဒေသ) လို့လဲ ခေါ်ဆိုကြပြန်တယ် ။ အဲ့ဒီ့အဓိပ္ပါယ်ကတော့ ပူပြင်းသည့် အရပ်ဒေသ တဲ့ ။
အရိမဒ္ဒနာဆိုတဲ့ အမည်နဲ့ တွဲဖက်ပြီး အများဆုံး တွေ့ရှိရတဲ့ အမည်က (ပုကံ) ဆိုတဲ့အမည် ။ သို့သော် အဲ့ဒီ့အမည်ကို သုံးတာတော့ အတော်နည်းပါတယ် ။ ကျောက်စာအတော်များများမှာ ပုဂံကို ကျွန်အမည်နဲ့တွဲဖက်ပြီး သုံးစွဲထားတာကို တွေ့ရှိရတယ် ။ သက္ကရာဇ် ၆၁၀ ခု (ခရစ်နှစ် ၁၂၄၈) ထိုး အစောကြွမ်း ကျောက်စာမှာ (ပုကံကျွန် ကုဘာယန် သည် ၁၁၆ ယောက်) ဆိုတဲ့ စာသားတွေ့ရတယ် ။ ထူးခြားတာက ပုဂံခေတ် ကျောက်စာများမှာ ပုဂံလို့ မရေးပဲ (ပုကံ) လို့ ရေးထွင်းခဲ့ခြင်းတွေသာ ဖြစ်တယ် ။
အခုချိန်မှာတော့ ပျူရွာလို့ အဓိပ္ပါယ်ရှိတဲ့ ပျူဂါမ-ပျူဂါမ်-ပုဂါမ အမည်ကို ဆင်းသက်လာတဲ့ (ပုဂံ) အမည်နဲ့ သုံးစွဲလာကြပါတယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment