zawgyi -
အေနာ္ရထာမင္း၏ ခမည္းေတာ္ နန္းတက္ပံုႏွင့္ နန္းဆင္းပံု !
-----
ပုဂံေခတ္ ျမန္မာ့သမိုင္းမွာ အေနာ္ရထာဆိုတဲ႕အမည္နဲ႕ လူသိမ်ားခဲ႕ေပမယ့္ သူကိုယ္တိုင္ မြန္ဘာသာ / ပါဠိ / သကၠတဘာသာမ်ားနဲ႕ အုတ္ခြက္စာ ေရးထိုးတဲ႕အခါမွာ (အနိရုဒၶ) လို႕ပဲ ေရးေလ့ရွိပါတယ္ ။ အေနာ္ရထာရဲ႕ နန္းသက္ကိုလည္း က်န္စစ္သား(ထိလိုင္မင္း) ျဖစ္တဲ႕ ခရစ္ႏွစ္ ၁၀၈၄ ကို တည္ျပီး ေစာလူး(ဝျဇာဘရဏာ) အရ နန္းသက္ (၇) ျဖစ္ျပီး ထိုမင္းျဖစ္သည့္ ႏွစ္မွာ ၁၀၇၇ လို႕ ယူတာျဖစ္တယ္ ။ အေနာ္ရထာရဲ႕ နန္းသက္က ဇာတာပံု ရာဇဝင္အရ (၃၃)ႏွစ္ျဖစ္ျပီး ခရစ္ႏွစ္ ၁၀၄၄ ျဖစ္မယ္လို႕ ယူရပါတယ္ ။ နန္းသက္နဲ႕ ဆက္စပ္ျပီး ဇာတာေတာ္ပံုကို ယူရတဲ႕ အေႀကာင္းကေတာ့ က်န္စစ္သားကေနစျပီး ေက်ာက္စာပါအေထာက္အထားနဲ႕ ဇာတာေတာ္ပံု အမွတ္အသား တိုက္ဆိုင္ညီညြတ္မႈမ်ား ရွိလို႕ပဲ ျဖစ္ပါတယ္ ။ ဒါေႀကာင့္ အေနာ္ရထာကို(၁၀၄၄ - ၁၀၇၇) လို႕ မွတ္ယူရမွာျဖစ္တယ္ ။
မွန္နန္းရာဇဝင္မွာ အေနာ္ရထာက ကြမ္းေဆာ္ေႀကာင္ျဖဴမင္းနဲ႕ ေျမာက္ျပင္သည္တို႕ရဲ႕ သားေတာ္ျဖစ္တယ္လို႕ ျပဆိုတယ္ ။ ကြမ္းေဆာ္ေႀကာင္ျဖဴက တန္နက္မင္းရဲ႕ သားေတာ္ျဖစ္တယ္ ။ တန္နက္မင္းကို စေလငေခြးလုပ္ႀကံျပီး မင္းျပဳတဲ႕အခါ တန္နက္မင္းရဲ႕ မိဖုရားက စေလငေခြးရဲ႕ မိဖုရားမလုပ္လိုတဲ႕အတြက္ ဝမ္းတြင္း ပဋိသေႏၶနဲ႕အတူ နန္းကဆင္းျပီး ေျပးတယ္ ။ အဲ႕ဒီ႕ေနာက္ေႀကာင္ျဖဴအရပ္မွာေနထိုင္ရင္း ကေလးေမြးဖြားတဲ႕အတြက္ ထိုကေလးမွာ ေႀကာင္ျဖဴမင္းအမည္ သြင္လာပါတယ္ ။
အရြယ္ေရာက္လာေတာ့ သူဟာ မင္းမ်ိဳးက ဆင္းသက္လာသူျဖစ္ေႀကာင္း သိရျပီး တစ္ခ်ိန္ ခမည္းေတာ္အရိုက္အရာကို ရရပါမယ္လို႕ ယံုႀကည္ထားတယ္ ။ ေနာက္ေတာ့ နန္းေတာ္မွာ ကြမ္းေဆာ္အျဖစ္အမႈထမ္းေနတယ္ ။ တစ္ေန႔ ပုဂံမွာ မင္းေလာင္းေပၚမယ္လို႕ ေက်ာ္ေစာလာတယ္ ။ ပုဂံသားတို႕က မင္းေလာင္းကို ပူေဇာ္ဖို႕အတြက္ တုရင္ေတာင္ကို သြားႀကတယ္ ။ ကြမ္းေဆာ္မင္းလည္း မင္းေလာင္းကို ႀကည့္လိုတဲ႕အတြက္ အလာမွာ (အမည္မသိ)လူတစ္ေယာက္က သူ႕ရဲ႕ ျမင္းနဲ႕အတူ ပတၱျမားဥေသွ်ာင္ / ပတၱျမားလက္စြပ္ / လွံ(အရိႏၵမာလွံ) နဲ႔ ဓါးကို ကြမ္းေဆာ္မင္းဆီ ေပးလိုက္တယ္လို႕ ဆိုတယ္ ။ ကြမ္းေဆာ္လည္း အဲ႕အရာေတြယူျပီး မင္းေလာင္းႀကည့္ဖို႕ တုရင္ေတာင္ကို သြားခဲ႕တယ္ ။ အဲ႕မွာပဲ ကြမ္းေဆာ္ကို မင္းေလာင္းအျဖစ္နဲ႕ ျမင္ျပီး တင္ေျမွာက္လိုက္ႀကပါတယ္ ။ အဲ႕မွွာ ေစာရဟန္းမင္းက မိမိရွိေနပါလ်က္နဲ႕ ဘယ္သူက ဒီလို လုပ္သလဲဆိုျပီး အမ်တ္ရွေနစဥ္မွာပဲ တံခါးဝက ရုပ္ထုက်ိဳးက်ျပီး ဦးေခါင္းစိုက္က် နတ္ရြာစံခဲ႕ေတာ့တယ္ ။
ေညာင္ဦးေစာရဟန္းမင္း နတ္ရြာစံေတာ့ မိဖုရား သံုးဦးက်န္ခဲ႕တယ္ ။ မိဖုရားႀကီးကို ေတာင္ျပင္ ။ အလတ္ကို အလယ္ျပင္ ။ အငယ္ကို ေျမာက္ျပင္လို႕ ေခၚျပီး ထိုအခ်ိန္မွာ အႀကီးနဲ႕ အလတ္မိဖုရားဆီမွာ ကိုယ္ဝန္ကိုယ္စီနဲ႕က်န္ခဲ႔တယ္ ။ အငယ္တစ္ဦးပဲ ကိုယ္ဝန္မရွိပဲ က်န္ခဲ႕ပါတယ္ ။ အေနာ္ရထာက မိဖုရားအငယ္ျဖစ္တဲ႔ ေျမာက္ျပင္သည္ရဲ႕ ဝမ္းက ေမြးဖြားလာခဲ႕တာ ျဖစ္ပါတယ္ ။
ေညာင္ဦးေစာရဟန္းကြယ္လြန္ျပီးတဲ႕ေနာက္ ပုဂံထီးနန္းကို ကြမ္းေဆာ္မင္း နန္းတက္တယ္ ။ ေညာင္ဦးေစာရဟန္းမင္းရဲ႕ မိဖုရား သံုးေယာက္ကိုပဲ မိဖုရားတင္ေျမွာက္ထားပါတယ္။
ေညာင္ဦးေစာရဟန္းရဲ႕ သားေတာ္မ်ားျဖစ္ႀကတဲ႕ က်ည္စိုးနဲ႕ စုကၠေတးတို႕ဟာ အရြယ္ေရာက္လာတဲ႕အခါ နန္းလုဖို႕ႀကံစည္ျပီး ဥပါယ္တံမ်ဥ္းျပဳတယ္ ။ ေက်ာင္းေဆာက္ျပီး ကြမ္းေဆာ္မင္းကို ေရစက္ခ်ဖို႔ ေလွ်ာက္တယ္ ။ ကြမ္းေဆာ္မင္းလဲ ယံုႀကည္တဲ႕အတြက္ လာေရာက္တဲ႕အခါ က်ည္စိုးနဲ႕ စကၠေတးတို႕က ဖမ္းျပီး ျခိမ္းေျခာက္ကာ ရဟန္းေပးျပဳလိုက္ႀကေတာ့တယ္ ။ ဒီလိုနဲ႕ အေနာ္ရထာရဲ႕ ခမည္းေတာ္ဟာ နန္းက်မင္း ျဖစ္သြားခဲ႕ရပါတယ္ ။
#htoohtoolay
unicode -
အနော်ရထာမင်း၏ ခမည်းတော် နန်းတက်ပုံနှင့် နန်းဆင်းပုံ !
-----
ပုဂံခေတ် မြန်မာ့သမိုင်းမှာ အနော်ရထာဆိုတဲ့အမည်နဲ့ လူသိများခဲ့ပေမယ့် သူကိုယ်တိုင် မွန်ဘာသာ / ပါဠိ / သက္ကတဘာသာများနဲ့ အုတ်ခွက်စာ ရေးထိုးတဲ့အခါမှာ (အနိရုဒ္ဓ) လို့ပဲ ရေးလေ့ရှိပါတယ် ။ အနော်ရထာရဲ့ နန်းသက်ကိုလည်း ကျန်စစ်သား(ထိလိုင်မင်း) ဖြစ်တဲ့ ခရစ်နှစ် ၁၀၈၄ ကို တည်ပြီး စောလူး(ဝဇြာဘရဏာ) အရ နန်းသက် (၇) ဖြစ်ပြီး ထိုမင်းဖြစ်သည့် နှစ်မှာ ၁၀၇၇ လို့ ယူတာဖြစ်တယ် ။ အနော်ရထာရဲ့ နန်းသက်က ဇာတာပုံ ရာဇဝင်အရ (၃၃)နှစ်ဖြစ်ပြီး ခရစ်နှစ် ၁၀၄၄ ဖြစ်မယ်လို့ ယူရပါတယ် ။ နန်းသက်နဲ့ ဆက်စပ်ပြီး ဇာတာတော်ပုံကို ယူရတဲ့ အကြောင်းကတော့ ကျန်စစ်သားကနေစပြီး ကျောက်စာပါအထောက်အထားနဲ့ ဇာတာတော်ပုံ အမှတ်အသား တိုက်ဆိုင်ညီညွတ်မှုများ ရှိလို့ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် အနော်ရထာကို(၁၀၄၄ - ၁၀၇၇) လို့ မှတ်ယူရမှာဖြစ်တယ် ။
မှန်နန်းရာဇဝင်မှာ အနော်ရထာက ကွမ်းဆော်ကြောင်ဖြူမင်းနဲ့ မြောက်ပြင်သည်တို့ရဲ့ သားတော်ဖြစ်တယ်လို့ ပြဆိုတယ် ။ ကွမ်းဆော်ကြောင်ဖြူက တန်နက်မင်းရဲ့ သားတော်ဖြစ်တယ် ။ တန်နက်မင်းကို စလေငခွေးလုပ်ကြံပြီး မင်းပြုတဲ့အခါ တန်နက်မင်းရဲ့ မိဖုရားက စလေငခွေးရဲ့ မိဖုရားမလုပ်လိုတဲ့အတွက် ဝမ်းတွင်း ပဋိသန္ဓေနဲ့အတူ နန်းကဆင်းပြီး ပြေးတယ် ။ အဲ့ဒီ့နောက်ကြောင်ဖြူအရပ်မှာနေထိုင်ရင်း ကလေးမွေးဖွားတဲ့အတွက် ထိုကလေးမှာ ကြောင်ဖြူမင်းအမည် သွင်လာပါတယ် ။
အရွယ်ရောက်လာတော့ သူဟာ မင်းမျိုးက ဆင်းသက်လာသူဖြစ်ကြောင်း သိရပြီး တစ်ချိန် ခမည်းတော်အရိုက်အရာကို ရရပါမယ်လို့ ယုံကြည်ထားတယ် ။ နောက်တော့ နန်းတော်မှာ ကွမ်းဆော်အဖြစ်အမှုထမ်းနေတယ် ။ တစ်နေ့ ပုဂံမှာ မင်းလောင်းပေါ်မယ်လို့ ကျော်စောလာတယ် ။ ပုဂံသားတို့က မင်းလောင်းကို ပူဇော်ဖို့အတွက် တုရင်တောင်ကို သွားကြတယ် ။ ကွမ်းဆော်မင်းလည်း မင်းလောင်းကို ကြည့်လိုတဲ့အတွက် အလာမှာ (အမည်မသိ)လူတစ်ယောက်က သူ့ရဲ့ မြင်းနဲ့အတူ ပတ္တမြားဥသျှောင် / ပတ္တမြားလက်စွပ် / လှံ(အရိန္ဒမာလှံ) နဲ့ ဓါးကို ကွမ်းဆော်မင်းဆီ ပေးလိုက်တယ်လို့ ဆိုတယ် ။ ကွမ်းဆော်လည်း အဲ့အရာတွေယူပြီး မင်းလောင်းကြည့်ဖို့ တုရင်တောင်ကို သွားခဲ့တယ် ။ အဲ့မှာပဲ ကွမ်းဆော်ကို မင်းလောင်းအဖြစ်နဲ့ မြင်ပြီး တင်မြှောက်လိုက်ကြပါတယ် ။ အဲ့မှှာ စောရဟန်းမင်းက မိမိရှိနေပါလျက်နဲ့ ဘယ်သူက ဒီလို လုပ်သလဲဆိုပြီး အမျတ်ရှနေစဉ်မှာပဲ တံခါးဝက ရုပ်ထုကျိုးကျပြီး ဦးခေါင်းစိုက်ကျ နတ်ရွာစံခဲ့တော့တယ် ။
ညောင်ဦးစောရဟန်းမင်း နတ်ရွာစံတော့ မိဖုရား သုံးဦးကျန်ခဲ့တယ် ။ မိဖုရားကြီးကို တောင်ပြင် ။ အလတ်ကို အလယ်ပြင် ။ အငယ်ကို မြောက်ပြင်လို့ ခေါ်ပြီး ထိုအချိန်မှာ အကြီးနဲ့ အလတ်မိဖုရားဆီမှာ ကိုယ်ဝန်ကိုယ်စီနဲ့ကျန်ခဲ့တယ် ။ အငယ်တစ်ဦးပဲ ကိုယ်ဝန်မရှိပဲ ကျန်ခဲ့ပါတယ် ။ အနော်ရထာက မိဖုရားအငယ်ဖြစ်တဲ့ မြောက်ပြင်သည်ရဲ့ ဝမ်းက မွေးဖွားလာခဲ့တာ ဖြစ်ပါတယ် ။
ညောင်ဦးစောရဟန်းကွယ်လွန်ပြီးတဲ့နောက် ပုဂံထီးနန်းကို ကွမ်းဆော်မင်း နန်းတက်တယ် ။ ညောင်ဦးစောရဟန်းမင်းရဲ့ မိဖုရား သုံးယောက်ကိုပဲ မိဖုရားတင်မြှောက်ထားပါတယ်။
ညောင်ဦးစောရဟန်းရဲ့ သားတော်များဖြစ်ကြတဲ့ ကျည်စိုးနဲ့ စုက္ကတေးတို့ဟာ အရွယ်ရောက်လာတဲ့အခါ နန်းလုဖို့ကြံစည်ပြီး ဥပါယ်တံမျဉ်းပြုတယ် ။ ကျောင်းဆောက်ပြီး ကွမ်းဆော်မင်းကို ရေစက်ချဖို့ လျှောက်တယ် ။ ကွမ်းဆော်မင်းလဲ ယုံကြည်တဲ့အတွက် လာရောက်တဲ့အခါ ကျည်စိုးနဲ့ စက္ကတေးတို့က ဖမ်းပြီး ခြိမ်းခြောက်ကာ ရဟန်းပေးပြုလိုက်ကြတော့တယ် ။ ဒီလိုနဲ့ အနော်ရထာရဲ့ ခမည်းတော်ဟာ နန်းကျမင်း ဖြစ်သွားခဲ့ရပါတယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment