zawgyi-
သေရေခတၱရာကို တိုက္ခိုက္သိမ္းသြင္းျခင္း !
-----
အေနာ္ရထာမင္းႀကီး ဦးစီးကြပ္ကဲတဲ႕ တမၸဒီပတပ္ဟာ ဧရာဝတီျမစ္ေႀကာင္းအတိုင္း စုန္ဆင္းျပီး ပ်ဴတို႕ရဲ႕ေဒသ သေရေခတၱရာကို ပထမဦးဆံုး တိုက္ခိုက္သိမ္းသြင္းခဲ႕တယ္ ။ တမၸဒီပတပ္တို႕ဟာ ဆင္လံုး ျမင္းလံုးအားနဲ႔ ေရအား , ႀကည္းအားႏွင့္ သေရေခတၱရာကို ခ်ီတက္ႀကတယ္ ။ သေရေခတၱရာကိုေရာက္ရင္ပဲ ဒြတၱေပါင္မင္းႀကီး တည္ထားကိုးကြယ္တဲ႔ ေစတီေတာ္ကို ဖ်က္ကာ နဖူးသင္းက်စ္ဓါတ္ေတာ္ကိုယူျပီး ရတနာအတိျပီးတဲ႔ ျပာသာဒ္နဲ႕ ဆင္ျဖဴေပၚမွာ တင္ကာ ပင့္ေဆာင္လာခဲ႕ပါတယ္ ။
အေနာ္ရထာက သေရခတၱရာျမိဳ႕ကို ေနာက္ေနာင္ သူပုန္သူကန္တို႕ ေနမွာစိုးတဲ႕အတြက္ ဖ်က္ဆီးခဲ႕တယ္လို႕ သိရပါတယ္ ။ သေရေခတၱရာကေန ေနျပည္ေတာ္ပုဂံကို ေရာက္လွ်င္ပဲ ရွင္အရဟံနဲ႔ တိုင္ပင္ကာ သတၱဝါတို႕ရဲ႔ အက်ိဳးစီးပြားအက်ိဳးငွာ ေရႊစည္းခံုဘုရားမွာ ဌာပနာျပဳခဲ႕တယ္ ။ ဒီအေႀကာင္းအရာနဲ႕ပတ္သတ္ျပီး ျမန္မာရာဇဝင္မ်ားမွာ ေဖၚျပထားပါတယ္ ။
အဲ႕ ရာဇဝင္မ်ားရဲ႕အဆိုေတြ မွန္ကန္ေႀကာင္း သက္ေသျပတဲ႕အခ်က္ကေတာ့ အေနာ္ရထာမင္းတည္ခဲ႕တဲ႕ ေရႊစည္းခံုဘုရားဌာပနာတိုက္ကေန ပ်ဴစာပါရွိတဲ႕ ဗုဒၶရုပ္ပြားေတာ္တစ္ဆူ ေတြ႕ရွိရျခင္းပါပဲ ။
ေနာက္ျပီးေတာ့ ျပည္ေမွာ္စာမွာရွိတဲ႕ ေဘာေဘာႀကီးဘုရားရဲ႕ေအာက္ေျခမွာ လူတစ္ဦးစာ ဝင္နိုင္ေလာက္တဲ႕ အေပါက္ႀကီးတစ္ေပါက္ကို ေတြ႕ရွိႀကရတယ္ ။ ဘုရားရဲ႕ ဌာပနာတိုက္မွာ အေနာ္ရထာမင္းႀကီးရဲ႕ လက္မွတ္ပါတဲ႕ ဗုဒၶရုပ္ပြားေတာ္ အဆူငါးဆယ္ကို ေတြ႔ရွိရတယ္ ။
ဒီအခ်က္က အေနာ္ရထာမင္းႀကီးဟာ အဲ႕ဒီ႕ဘုရားကေန ပ်ဴဗုဒၶရုပ္ပြားေတာ္မ်ားကို ပုဂံကို သယ္ေဆာင္သြားျပီး မိမိထုလုပ္တဲ႕ ဗုဒၶရုပ္ပြားေတာ္မ်ားကို ေဘာေဘာႀကီးဘုရားမွာ ဌာပနာခဲ႕ေႀကာင္း ညႊန္းျပေနတာျဖစ္ပါတယ္ ။ ဒါေႀကာင့္ သေရေခတၱရာက ေစတီကို ဖ်က္ဆီးခဲ႕တယ္ဆိုတဲ႕အခ်က္မွာ မွန္ကန္မႈ မရွိတာ ေတြ႕ရပါတယ္ ။
#htoohtoolay
unicode -
သရေခေတ္တရာကို တိုက်ခိုက်သိမ်းသွင်းခြင်း !
-----
အနော်ရထာမင်းကြီး ဦးစီးကွပ်ကဲတဲ့ တမ္ပဒီပတပ်ဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းပြီး ပျူတို့ရဲ့ဒေသ သရေခေတ္တရာကို ပထမဦးဆုံး တိုက်ခိုက်သိမ်းသွင်းခဲ့တယ် ။ တမ္ပဒီပတပ်တို့ဟာ ဆင်လုံး မြင်းလုံးအားနဲ့ ရေအား , ကြည်းအားနှင့် သရေခေတ္တရာကို ချီတက်ကြတယ် ။ သရေခေတ္တရာကိုရောက်ရင်ပဲ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်တဲ့ စေတီတော်ကို ဖျက်ကာ နဖူးသင်းကျစ်ဓါတ်တော်ကိုယူပြီး ရတနာအတိပြီးတဲ့ ပြာသာဒ်နဲ့ ဆင်ဖြူပေါ်မှာ တင်ကာ ပင့်ဆောင်လာခဲ့ပါတယ် ။
အနော်ရထာက သရေခတ္တရာမြို့ကို နောက်နောင် သူပုန်သူကန်တို့ နေမှာစိုးတဲ့အတွက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ် ။ သရေခေတ္တရာကနေ နေပြည်တော်ပုဂံကို ရောက်လျှင်ပဲ ရှင်အရဟံနဲ့ တိုင်ပင်ကာ သတ္တဝါတို့ရဲ့ အကျိုးစီးပွားအကျိုးငှာ ရွှေစည်းခုံဘုရားမှာ ဌာပနာပြုခဲ့တယ် ။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး မြန်မာရာဇဝင်များမှာ ဖေါ်ပြထားပါတယ် ။
အဲ့ ရာဇဝင်များရဲ့အဆိုတွေ မှန်ကန်ကြောင်း သက်သေပြတဲ့အချက်ကတော့ အနော်ရထာမင်းတည်ခဲ့တဲ့ ရွှေစည်းခုံဘုရားဌာပနာတိုက်ကနေ ပျူစာပါရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တွေ့ရှိရခြင်းပါပဲ ။
နောက်ပြီးတော့ ပြည်မှော်စာမှာရှိတဲ့ ဘောဘောကြီးဘုရားရဲ့အောက်ခြေမှာ လူတစ်ဦးစာ ဝင်နိုင်လောက်တဲ့ အပေါက်ကြီးတစ်ပေါက်ကို တွေ့ရှိကြရတယ် ။ ဘုရားရဲ့ ဌာပနာတိုက်မှာ အနော်ရထာမင်းကြီးရဲ့ လက်မှတ်ပါတဲ့ ဗုဒ္ဓရုပ်ပွားတော် အဆူငါးဆယ်ကို တွေ့ရှိရတယ် ။
ဒီအချက်က အနော်ရထာမင်းကြီးဟာ အဲ့ဒီ့ဘုရားကနေ ပျူဗုဒ္ဓရုပ်ပွားတော်များကို ပုဂံကို သယ်ဆောင်သွားပြီး မိမိထုလုပ်တဲ့ ဗုဒ္ဓရုပ်ပွားတော်များကို ဘောဘောကြီးဘုရားမှာ ဌာပနာခဲ့ကြောင်း ညွှန်းပြနေတာဖြစ်ပါတယ် ။ ဒါကြောင့် သရေခေတ္တရာက စေတီကို ဖျက်ဆီးခဲ့တယ်ဆိုတဲ့အချက်မှာ မှန်ကန်မှု မရှိတာ တွေ့ရပါတယ် ။
#htoohtoolay
လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...
Comments
Post a Comment