Skip to main content

ခဗင္းႏွင့္ ဒလကို သိမ္းသြင္းျခင္း !

zawgyi -

ခဗင္းႏွင့္ ဒလကို သိမ္းသြင္းျခင္း !
-----
အေနာ္ရထာမင္းႀကီးဟာ အေရွ႕ေတာင္ဘက္ ပင္လယ္ကမ္းရိုးတန္းမွာရွိတဲ႕ ဒလနဲ႕ ခဗင္း ကုန္သြယ္ေရး ျမိဳ႕ျပနိုင္ငံငယ္မ်ားကို ခ်ီတက္သိမ္းသြင္းခဲ႔တယ္ ။ အဲ႕ဒီ႕အခ်ိန္က ဒလဟာ အခု တြံေတးျမိဳ႕ေနရာမွာျဖစ္တယ္လို႔ ယူဆႀကပါတယ္ ။

ဒလထက္ေစာျပီး တည္ရွိခဲ႔တဲ႕ ျမိဳ႕ေဟာင္းဟာ ရန္ကုန္ျမိဳ႕ကေန ၁၂ မိုင္ကြာေဝးတဲ႕ စမ္းရြာအနီးရွိ ခဗင္းျမိဳ႕ေဟာင္းပဲ ျဖစ္တယ္ ။ ျမိဳ႕ရိုးရွိတဲ႕ ပုဂံေခတ္ဆိုင္ရာ ျမိဳ႕တစ္ျမိဳ႕ ျဖစ္ခဲ႕တယ္ ။ ျမိဳ႕ရိုးနဲ႕ က်ံဳးမ်ားလည္း ရွိတယ္ ။ ခဗင္းျမိဳ႕အနီးမွာရွိတဲ႔ စမ္းရြာမွာ ေမာင္ဒီဘုရား တည္ထားပါတယ္ ။

အဲ႔ဒီ႕ဘုရားက ေျမစိုက္ေစတီလံုးျဖစ္တယ္လို႔ သိရွိရတယ္ ။ ဘုရားရဲ႕ ရွစ္ေျမွာင့္ေထာင့္ခ်ိဳး ေအာက္ေျခပစၥယာႏွစ္ဆင့္ကို ပါဠိနဲ႕ မြန္ဘာသာေတြ ေရးထိုးထားတဲ႕ အေနာ္ရထာမင္းႀကီးရဲ႔ အုတ္ခြက္ႀကီးမ်ားျဖင့္ အလွဆင္ထားပါတယ္ ။ ဒါေႀကာင့္ အဲ႔ဒီ႔ ေရွးေဟာင္းအုတ္ခြက္အေထာက္အထားမ်ားအရ ေမာင္ဒီဘုရားကို အေနာ္ရထာမင္းႀကီး တည္ခဲ႔တယ္လို႕ ခန္႔မွန္းရပါတယ္ ။ အေနာ္ရထာမင္းႀကီး ခဗင္းနဲ႕ဒလကို ေရာက္ရွိခဲ႕တယ္ဆိုတဲ႕ အခ်က္ကိုလည္း ေထာက္ခံေနပါတယ္ ။

ပုဂံေခတ္က ဟိန္ဗို ဟာ သေဘၤာဆိပ္ကမ္းျမိဳ႕ျဖစ္ျပီး ဧရာဝတီျမစ္ဝ လႈိင္ျမစ္ေပၚမွာရွိတဲ႕ ရန္ကုန္ျမိဳ႕ေလာက္ေနရာမွာ ရွိလိမ့္မယ္လို႕ သုေတသီတို႕ ခန္႔မွန္းႀကတယ္ ။ ခဗင္းနဲ႕ ဒလလိုမ်ိဳး ပင္လယ္ဆိပ့္ကမ္းကို ပိုင္ဆိုင္ျပီျဖစ္တဲ႕အတြက္ အေနာ္ရထာမင္းႀကီးဟာ ပင္လယ္ရပ္ျခားကုန္သြယ္တာေတြကို ျပဳလုပ္နိုင္ျပီပဲ ျဖစ္ပါတယ္ ။

အေနာ္ရထာမင္းႀကီးလက္ထက္မွာ ဒလက သေဘၤာဆိပ့္ကမ္းျမိဳ႕ျဖစ္တယ္ ။ ဒလျမိဳ႕ စည္ပင္ဖို႕အတြက္ လူအမ်ားကို ေျပာင္းေရြ႕ေနထိုင္ေစခဲ႕တယ္ ။ အဲ႕ဒီလို ေရြ႕ေျပာင္းမေနထိုင္မီ သထံုျမိဳ႕ကေန ဆံေတာ္မ်ား , ရဟန္းေတာ္မ်ားကို ဒလကို ပို႕ေဆာင္ျပီး ေစတီေတြ တည္ထားကိုးကြယ္ေစခဲ႕ပါတယ္ ။

နယ္ေျမေလးရပ္သတ္မွတ္ျပီး ဆံေတာ္တစ္ဆူကို ဌာပနာကာ ေစတီ တည္ထားေစခဲ႕တယ္ ။ နယ္ေျမေလးရပ္မွာ အေရွ႕ကို သြားရင္ ဓနုတ္ကင္းရြာ အေနာက္ေစတီတစ္ဆူ တည္ထားတယ္ ။ ေတာင္ကို လားေသာ္ သန္လ်က္စြန္းကြ်န္းဦးမွာ ေစတီတစ္ဆူ တည္တယ္ ။ ေျမာက္ကိုလားေသာ္ ပန္းကုန္းေတာင္ဘက္ရြာ အေနာက္ဘီတစိန္ေခ်ာင္းဦးမွာ ေစတီတစ္ဆူ တည္တယ္ ။

ပုဂံျမိဳ႕နယ္ေလးရပ္မွာ ေစတီေလးဆူတည္သလိုပဲ ဒလျမိဳ႕မွာလည္း ေစတီေလးဆူ တည္ထားေစခဲ႕ပါတယ္ ။ ဒလျမိဳ႕ဟာ အဲ႕ဒီ႕အခ်ိန္က ရာဇဝတ္သားတို႕ကို နယ္ႏွင္ဒဏ္အျဖစ္ ပို႕ေဆာင္တဲ႕ ေဒသလည္း ျဖစ္ပါတယ္ ။

#htoohtoolay


unicode -

ခဗင်းနှင့် ဒလကို သိမ်းသွင်းခြင်း !
-----
အနော်ရထာမင်းကြီးဟာ အရှေ့တောင်ဘက် ပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့ ဒလနဲ့ ခဗင်း ကုန်သွယ်ရေး မြို့ပြနိုင်ငံငယ်များကို ချီတက်သိမ်းသွင်းခဲ့တယ် ။ အဲ့ဒီ့အချိန်က ဒလဟာ အခု တွံတေးမြို့နေရာမှာဖြစ်တယ်လို့ ယူဆကြပါတယ် ။

ဒလထက်စောပြီး တည်ရှိခဲ့တဲ့ မြို့ဟောင်းဟာ ရန်ကုန်မြို့ကနေ ၁၂ မိုင်ကွာဝေးတဲ့ စမ်းရွာအနီးရှိ ခဗင်းမြို့ဟောင်းပဲ ဖြစ်တယ် ။ မြို့ရိုးရှိတဲ့ ပုဂံခေတ်ဆိုင်ရာ မြို့တစ်မြို့ ဖြစ်ခဲ့တယ် ။ မြို့ရိုးနဲ့ ကျုံးများလည်း ရှိတယ် ။ ခဗင်းမြို့အနီးမှာရှိတဲ့ စမ်းရွာမှာ မောင်ဒီဘုရား တည်ထားပါတယ် ။

အဲ့ဒီ့ဘုရားက မြေစိုက်စေတီလုံးဖြစ်တယ်လို့ သိရှိရတယ် ။ ဘုရားရဲ့ ရှစ်မြှောင့်ထောင့်ချိုး အောက်ခြေပစ္စယာနှစ်ဆင့်ကို ပါဠိနဲ့ မွန်ဘာသာတွေ ရေးထိုးထားတဲ့ အနော်ရထာမင်းကြီးရဲ့ အုတ်ခွက်ကြီးများဖြင့် အလှဆင်ထားပါတယ် ။ ဒါကြောင့် အဲ့ဒီ့ ရှေးဟောင်းအုတ်ခွက်အထောက်အထားများအရ မောင်ဒီဘုရားကို အနော်ရထာမင်းကြီး တည်ခဲ့တယ်လို့ ခန့်မှန်းရပါတယ် ။ အနော်ရထာမင်းကြီး ခဗင်းနဲ့ဒလကို ရောက်ရှိခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ထောက်ခံနေပါတယ် ။

ပုဂံခေတ်က ဟိန်ဗို ဟာ သငေ်္ဘာဆိပ်ကမ်းမြို့ဖြစ်ပြီး ဧရာဝတီမြစ်ဝ လှိုင်မြစ်ပေါ်မှာရှိတဲ့ ရန်ကုန်မြို့လောက်နေရာမှာ ရှိလိမ့်မယ်လို့ သုတေသီတို့ ခန့်မှန်းကြတယ် ။ ခဗင်းနဲ့ ဒလလိုမျိုး ပင်လယ်ဆိပ့်ကမ်းကို ပိုင်ဆိုင်ပြီဖြစ်တဲ့အတွက် အနော်ရထာမင်းကြီးဟာ ပင်လယ်ရပ်ခြားကုန်သွယ်တာတွေကို ပြုလုပ်နိုင်ပြီပဲ ဖြစ်ပါတယ် ။

အနော်ရထာမင်းကြီးလက်ထက်မှာ ဒလက သငေ်္ဘာဆိပ့်ကမ်းမြို့ဖြစ်တယ် ။ ဒလမြို့ စည်ပင်ဖို့အတွက် လူအများကို ပြောင်းရွေ့နေထိုင်စေခဲ့တယ် ။ အဲ့ဒီလို ရွေ့ပြောင်းမနေထိုင်မီ သထုံမြို့ကနေ ဆံတော်များ , ရဟန်းတော်များကို ဒလကို ပို့ဆောင်ပြီး စေတီတွေ တည်ထားကိုးကွယ်စေခဲ့ပါတယ် ။

နယ်မြေလေးရပ်သတ်မှတ်ပြီး ဆံတော်တစ်ဆူကို ဌာပနာကာ စေတီ တည်ထားစေခဲ့တယ် ။ နယ်မြေလေးရပ်မှာ အရှေ့ကို သွားရင် ဓနုတ်ကင်းရွာ အနောက်စေတီတစ်ဆူ တည်ထားတယ် ။ တောင်ကို လားသော် သန်လျက်စွန်းကျွန်းဦးမှာ စေတီတစ်ဆူ တည်တယ် ။ မြောက်ကိုလားသော် ပန်းကုန်းတောင်ဘက်ရွာ အနောက်ဘီတစိန်ချောင်းဦးမှာ စေတီတစ်ဆူ တည်တယ် ။

ပုဂံမြို့နယ်လေးရပ်မှာ စေတီလေးဆူတည်သလိုပဲ ဒလမြို့မှာလည်း စေတီလေးဆူ တည်ထားစေခဲ့ပါတယ် ။ ဒလမြို့ဟာ အဲ့ဒီ့အချိန်က ရာဇဝတ်သားတို့ကို နယ်နှင်ဒဏ်အဖြစ် ပို့ဆောင်တဲ့ ဒေသလည်း ဖြစ်ပါတယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...