Skip to main content

ဂ်ြမ္း(ခမာ) စစ္သည္တို႕ကို ေအာင္ျမင္ျခင္း ႏွင့္ စစ္သူႀကီးက်န္စစ္သားနဲ႕ လက္တြဲျဖဳတ္ျခင္း !

zawgyi -

ဂ်ြမ္း(ခမာ) စစ္သည္တို႕ကို ေအာင္ျမင္ျခင္း ႏွင့္ စစ္သူႀကီးက်န္စစ္သားနဲ႕ လက္တြဲျဖဳတ္ျခင္း !
-----
အေနာ္ရထာမင္းႀကီးဟာ ခဗင္းနဲ႕ ဒလကို ေရာက္ေနခ်ိန္မွာ ဂြ်မ္းစစ္သည္တို႕ ဥႆာပဲခူးကို လာျပီး တိုက္ခိုက္ႀကတယ္ ။ ဥႆာပဲခူးက အေနာ္ရထာမင္းႀကီးဆီ စစ္ကူေတာင္းလာခဲ႕တယ္ ။ အေနာ္ရထာကလည္း က်န္စစ္သား , ငေထြးရူး , ငလံုးလက္ဖယ္နဲ႕ ေညာင္ဦးဖီးတို႕ကို ေခါင္းေဆာင္ေစျပီး ကုလားေျခလ်င္ ရွစ္က်ိပ္ကိုသာ ဥႆာပဲခူးဆီ စစ္ကူသြားေရာက္ေစခဲ႕ပါတယ္ ။ စစ္ကူမ်ား ေရာက္လာတယ္ဆိုရင္ပဲ ဥႆာပဲခူးက ျမင္းသည္ ေလးသိန္းလာေရာက္မယ္ဆိုျပီး ျမင္းေလးစီးသာ ေရာက္လာတဲ႕အတြက္ မသက္မသာစကားကို ဆိုလာႀကတယ္ ။

ဒါေႀကာင့္ ပုဂံစစ္သူႀကီးေလးဦးက သူတို႕ရဲ႕ ကြ်မ္းက်င္မႈကို ျပသႀကပါတယ္ ။ အဲ႕အခါမွ ဥႆာမင္းနဲ႕ ျပည္သူအေပါင္းတို႕ အံ႕ႀသခ်ီးမႊမ္းႀကရတယ္လို႕ ရာဇဝင္မ်ားမွာ မွတ္တမ္းတင္ထားပါတယ္ ။

ဂြ်မ္းစစ္သည္တို႕ အလံုးအရင္းနဲ႕ ေရာက္လာတဲ႕အခါ ပုဂံသူရဲေကာင္း ေလးဦးလည္း ဂြ်မ္းစစ္သည္တို႕ကို ေလးစုကြဲေအာင္ အလယ္ကို ထြင္းျပီးတိုက္တယ္ ။ ေလးစုကြဲျပီး ဂြ်မ္းတို႕ရဲ႕ စစ္သူႀကီးျဖစ္တဲ႕ ေအာက္ျဗရံ , ေအာက္ျဗရဲ , ေအာက္ျဗဘံု , ေအာက္ျဗပိုက္ စစ္သူႀကီးေလးဦးတို႕ကို အရွင္ဖမ္းဆီးရမိႀကတယ္ ။

ဂြ်မ္းစစ္သည္တို႕လည္း မိမိတို႕ စြဲကိုင္ထားႀကတဲ႕ လက္နက္ေတြကို စြန္႕ျပီး ထြက္ေျပးႀကရတယ္ ။ အဲ႔ဒီ႕ေနာက္ ပုဂံသူရဲေကာင္း ေလးဦးဟာ သူတို႕ ဖမ္းဆီးရမိတဲ႕ စစ္သူႀကီးေလးဦးကို ဥႆာမင္းဆီ ဆက္သလိုက္ပါတယ္ ။

ဥႆာမင္းလည္း အလြန္အားရေတာ္မူတဲ႕အတြက္ ပုဂံသူရဲေကာင္းတို႕ကို ဆုလာဘ္ေတြ ခ်ီးျမွင့္တယ္ ။ အေနာ္ရထာမင္းႀကီးအတြက္လည္း ဥႆာမင္း အဆက္ဆက္တို႕ ေရႊႀကဳတ္မွာထည့္ျပီး ကိုးကြယ္တဲ႕ ဓါတ္ေတာ္နဲ႔အတူ ခ်စ္လွစြာေသာသမီးေတာ္ မဏိစႏၵာကိုပါ ဆက္သလိုက္ပါတယ္။

ဒီလိုနဲ႕ စစ္ေတာင္းျမစ္ အေနာက္ဘက္မွာရွိတဲ႕ ဥႆာပဲခူးရဲ႕ စစ္ေရးအႀကပ္အတည္းကို အေနာ္ရထာမင္းႀကီးက ကူညီေျဖရွင္းေပးနိုင္တဲ႕အတြက္ ပုဂံရဲ႕ႀသဇာက ပိုမိုႀကီးထြားလာျပီး ဥႆာပဲခူးဟာ ပုဂံရဲ႕စစ္အင္အားကို ခန္႔ညားလာရတယ္လို႕ ဆိုနိုင္ပါတယ္ ။ ေနာက္ေတာ့ အေနာ္ရထာမင္းႀကီး အားထားရတဲ႕ စစ္သူႀကီး က်န္စစ္သားကို ဥႆာမင္းရဲ႕ သမီးေတာ္ မဏိစႏၵာနဲ႕ ျငိစြန္းတယ္လို႕ အျမတ္ေတာ္ရွလာတဲ႕အတြက္ အဲ႕ဒီ႔အခ်ိန္ကေနစျပီး အေနာ္ရထာနဲ႕ က်န္စစ္သားတို႕ဟာ လက္တြဲျဖဳတ္ခဲ႕ႀကပါေတာ့တယ္ ။

#htoohtoolay


unicode -

ဂျွမ်း(ခမာ) စစ်သည်တို့ကို အောင်မြင်ခြင်း နှင့် စစ်သူကြီးကျန်စစ်သားနဲ့ လက်တွဲဖြုတ်ခြင်း !
-----
အနော်ရထာမင်းကြီးဟာ ခဗင်းနဲ့ ဒလကို ရောက်နေချိန်မှာ ဂျွမ်းစစ်သည်တို့ ဥဿာပဲခူးကို လာပြီး တိုက်ခိုက်ကြတယ် ။ ဥဿာပဲခူးက အနော်ရထာမင်းကြီးဆီ စစ်ကူတောင်းလာခဲ့တယ် ။ အနော်ရထာကလည်း ကျန်စစ်သား , ငထွေးရူး , ငလုံးလက်ဖယ်နဲ့ ညောင်ဦးဖီးတို့ကို ခေါင်းဆောင်စေပြီး ကုလားခြေလျင် ရှစ်ကျိပ်ကိုသာ ဥဿာပဲခူးဆီ စစ်ကူသွားရောက်စေခဲ့ပါတယ် ။ စစ်ကူများ ရောက်လာတယ်ဆိုရင်ပဲ ဥဿာပဲခူးက မြင်းသည် လေးသိန်းလာရောက်မယ်ဆိုပြီး မြင်းလေးစီးသာ ရောက်လာတဲ့အတွက် မသက်မသာစကားကို ဆိုလာကြတယ် ။

ဒါကြောင့် ပုဂံစစ်သူကြီးလေးဦးက သူတို့ရဲ့ ကျွမ်းကျင်မှုကို ပြသကြပါတယ် ။ အဲ့အခါမှ ဥဿာမင်းနဲ့ ပြည်သူအပေါင်းတို့ အံ့သြချီးမွှမ်းကြရတယ်လို့ ရာဇဝင်များမှာ မှတ်တမ်းတင်ထားပါတယ် ။

ဂျွမ်းစစ်သည်တို့ အလုံးအရင်းနဲ့ ရောက်လာတဲ့အခါ ပုဂံသူရဲကောင်း လေးဦးလည်း ဂျွမ်းစစ်သည်တို့ကို လေးစုကွဲအောင် အလယ်ကို ထွင်းပြီးတိုက်တယ် ။ လေးစုကွဲပြီး ဂျွမ်းတို့ရဲ့ စစ်သူကြီးဖြစ်တဲ့ အောက်ဗြရံ , အောက်ဗြရဲ , အောက်ဗြဘုံ , အောက်ဗြပိုက် စစ်သူကြီးလေးဦးတို့ကို အရှင်ဖမ်းဆီးရမိကြတယ် ။

ဂျွမ်းစစ်သည်တို့လည်း မိမိတို့ စွဲကိုင်ထားကြတဲ့ လက်နက်တွေကို စွန့်ပြီး ထွက်ပြေးကြရတယ် ။ အဲ့ဒီ့နောက် ပုဂံသူရဲကောင်း လေးဦးဟာ သူတို့ ဖမ်းဆီးရမိတဲ့ စစ်သူကြီးလေးဦးကို ဥဿာမင်းဆီ ဆက်သလိုက်ပါတယ် ။

ဥဿာမင်းလည်း အလွန်အားရတော်မူတဲ့အတွက် ပုဂံသူရဲကောင်းတို့ကို ဆုလာဘ်တွေ ချီးမြှင့်တယ် ။ အနော်ရထာမင်းကြီးအတွက်လည်း ဥဿာမင်း အဆက်ဆက်တို့ ရွှေကြုတ်မှာထည့်ပြီး ကိုးကွယ်တဲ့ ဓါတ်တော်နဲ့အတူ ချစ်လှစွာသောသမီးတော် မဏိစန္ဒာကိုပါ ဆက်သလိုက်ပါတယ်။

ဒီလိုနဲ့ စစ်တောင်းမြစ် အနောက်ဘက်မှာရှိတဲ့ ဥဿာပဲခူးရဲ့ စစ်ရေးအကြပ်အတည်းကို အနော်ရထာမင်းကြီးက ကူညီဖြေရှင်းပေးနိုင်တဲ့အတွက် ပုဂံရဲ့သြဇာက ပိုမိုကြီးထွားလာပြီး ဥဿာပဲခူးဟာ ပုဂံရဲ့စစ်အင်အားကို ခန့်ညားလာရတယ်လို့ ဆိုနိုင်ပါတယ် ။ နောက်တော့ အနော်ရထာမင်းကြီး အားထားရတဲ့ စစ်သူကြီး ကျန်စစ်သားကို ဥဿာမင်းရဲ့ သမီးတော် မဏိစန္ဒာနဲ့ ငြိစွန်းတယ်လို့ အမြတ်တော်ရှလာတဲ့အတွက် အဲ့ဒီ့အချိန်ကနေစပြီး အနော်ရထာနဲ့ ကျန်စစ်သားတို့ဟာ လက်တွဲဖြုတ်ခဲ့ကြပါတော့တယ် ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...