ပျောက်ဆုံးသွားသော မြို့တော်များ
-----
ပျောက်ဆုံးသွားသော မြို့တော်များ ဆိုသည်မှာ ပျက်ဆီးသွားသော သို့မဟုတ် စွန့်ပစ်ခံရသော မြို့တော်များကို ဆိုလိုသည် ။ ေဒသရင်း နေထိုင်သူများကိုယ်တိုင် မိမိတို့ ဘိုးဘွားများ နေထိုင်ခဲ့သော နေရပ်ဇာတိကို မမှတ်မိကြတော့ပဲ သုတေသီများမှ ပြန်လည်ရှာဖွေတွေ့ရှိချက်များကြောင့် ပျောက်ဆုံးနေသော မြို့တော် အများအပြားကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည် ။
-----
ပျောက်ဆုံးသွားသော မြို့တော်များ ဆိုသည်မှာ ပျက်ဆီးသွားသော သို့မဟုတ် စွန့်ပစ်ခံရသော မြို့တော်များကို ဆိုလိုသည် ။ ေဒသရင်း နေထိုင်သူများကိုယ်တိုင် မိမိတို့ ဘိုးဘွားများ နေထိုင်ခဲ့သော နေရပ်ဇာတိကို မမှတ်မိကြတော့ပဲ သုတေသီများမှ ပြန်လည်ရှာဖွေတွေ့ရှိချက်များကြောင့် ပျောက်ဆုံးနေသော မြို့တော် အများအပြားကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည် ။
၁၅ ရာစုမှစ၍ အာဖရိက ၊ အမေရိက နှင့် အရှေ့တောင်အာရှများကို စွန့်စားရှာဖွေသူများက စတင်ရှာဖွေခဲ့ရာမှ ပျောက်ဆုံးနေသော မြို့ပျက်အများအပြားကို တွေ့ရှိလာခဲ့ကြခြင်း ဖြစ်သည် ။
ပျောက်ဆုံးသွားသော မြို့တော်ဟောင်းများကို ယျေဘူယျအားဖြင့် နှစ်မျိုးခွဲခြားလေသည် ။ ယင်းတို့မှာ ရှာဖွေတူးဖော်တွေ့ရှိခြင်း မရှိသေးမီ ယင်းတို့နှင့် ပတ်သတ်သော ပုံပြင်များ တည်ရှိခြင်းနှင့် နောက်တစ်မျိုးမှာ လူသိနည်းသော မြို့တော်များ ဖြစ်ကြသည် ။
မြို့ကြီးများ ပျောက်ဆုံးခြင်းမှာ သဘာဝဘေးနှင့် စီးပွားရေး ကျဆင်းခြင်း သို့မဟုတ် လူမှုရေး မငြိမ်သပ်မှုများနှင့် စစ်ဘေးများ ကျရောက်ခြင်းတို့ကြောင့် ဖြစ်သည် ။ ၁၅၇၂ ခုနှစ်တွင် ပီရူးကို စပိန်တို့က သိမ်းပိုက်စဥ◌် အင်ကာမြို့တော် ဗီလ်ကာဘမ်ဘာမြို့သည် ဖျက်ဆီးခြင်း ခံခဲ့ရပြီး မြို့တော် ပျက်သုန်းခဲ့ရသည် ။ စပိန်သည် မြို့ကို ပြန်လည်တည်ဆောက်ခြင်း မရှိသဖြင့် ကာလကြာမြင့်လာသည်နှင့်အမျှ အသေးစိတ်အချက်အလက်များပင် ပျောက်ဆုံးသွားခဲ့တော့သည် ။
Troy သည် ယခုအခါ တူရကီနိုင်ငံရှိ Anatolia အနောက်မြောက်ပိုင်းတွင်တည်ရှိသည်။ ၎င်းကို Trojan စစ်ပွဲကြောင့် လူသိများကြသည် ။ ယင်းမြို့သည် ထပ်ကာတလဲလဲ ဖျက်ဆီးခြင်းခံရသောကြောင့် ထိုမြို့တော်ကို ဘိုင်ဇင်တိုင်းခေတ်၌ စွန့်ပစ်ခဲ့ကြသည် ။ ၁၈၆၀ ပြည့်နှစ်တွင် ထိုမြို့ကို တူးဖော်တွေ့ရှိခြင်း မတိုင်ခင်အထိ သူသည် ဒဏ္ဏာရီ ထဲမှာသာ ရှိနေခဲ့ရသည် ။
ပစိဖိတ်အလယ်ပိုင်းရှိ Malden ကျွန်းသည် ၁၈၂၅ ခုနှစ်တွင် ဥရောပသားများက ပထမဆုံးအကြိမ် လည်ပတ်ခဲ့ရာမှ အမှတ်မထင်ပဲ စွန့်ပစ်ခံ မြို့ပျက်များကို တွေ့ရှိခဲ့လေသည် ။ ထိုမြို့ပျက်ရှိ ဘုရားကျောင်းများနှင့် အဆောက်အအုံပျက်များကို လေ့လာရာမှ ထိုေဒသတွင် ပေါ်လီနီးရှားလူမျိုးများ နေထိုင်ခဲ့ကြောင်းကို တွေ့ရလေသည် ။
ယခုတွင်မူ ရှေးဟောင်း သုတေသနပညာများ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် ခေတ်မီနည်းစနစ်များကို အသုံးပြုခြင်းဖြင့် ယခင်က ဆုံးရှံးခဲ့သော မြို့များကို ပြန်လည်ရှာတွေ့ခဲ့လေပြီ ။
ဟီလီယက်သည် ရှေးဂရိမြို့ဖြစ်ပြီး BC 373 ဆောင်းတွင်းအခါ၌ ပျက်သုန်းခဲ့သည် ။ ဤမြို့သည် ကောရိန္သုပင်လယ်ကွေ့ မှ ၂ ကီလိုမီတာ (၁၂ stadia) ၊ Peloponnesos မြောက်ပိုင်း Achaea တွင် တည်ရှိသည်။ ထိုမြို့သည် ယင်းကို မရှာတွေ့ခင် ၂၀၀၁ ခုနှစ်အထိ ဒဏ္ဏာရီပုံပြင် ဖြစ်နေခဲ့ရသည် ။ ၁၉၈၈ ခုနှစ်တွင် ဂရိရှေးဟောင်းသုတေသနပညာရှင် ဒိုရာကက်ဆန်နိုပိုလို သည် ပျောက်ဆုံးနေသောမြို့၏ တည်နေရာကို ရှာဖွေရန် Helike စီမံကိန်းကိုစတင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် Patras တက္ကသိုလ် နှင့် ပူးပေါင်း၍ မြစ်ဝကျွန်းပေါ်အလယ်ပိုင်းတွင် မြေတူးဖော်သည့်အဆောက်အအုံ၏ အကြမ်းဖျင်း ဖော်ပြချက်အား magnetometer စစ်တမ်းကောက်ယူခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ထိုနေရာအား တူးဖော်ခဲ့ကြရာ ထိုပတ်ဝန်းကျင်မှ အဆောက်အအုံများကို ဖော်ထုတ်ခဲ့လေသည် ။ ထိုမြို့ကို ၂၀၀၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်လေသည် ။

Comments
Post a Comment