Loki
နတ်ဘုရား
-----
Loki
ကို LOAK-ee ဟု အသံထွက်သည် ။ သူသည် Norse ဒဏ္ဏာရီ၏ လှည့်စားမှု ပိရိယာယ်နတ်ဘုရား ဖြစ်သည်
။ လိုကီသည် နတ်ဘုရားအသင်းဝင်အဖြစ် ခံယူထားသော်လည်း သူသည် ဘီလူးများနှင့် ခရစ်ယာန်ခေတ်
မတိုင်မိကပင် ဘာသာတရားများကို လွှမ်းမိုးထားသော အခြားသော ဝိဉာဉ်ရေးရာ သတ္တဝါများအကြား၌
အလွန်ထူးခြားသော အနေအထားတွင် ရှိနေသည် ။
သူ၏ မိသားစုဆက်ဆံရေးကပင်
ထိုအချက်ကို သက်သေထူနေသည် ။ သူ့အဖေမှာ Farbauti ဖြစ်ပြီး အဓိပ္ပာယ်မှာ ရက်စက်ကြမ်းကြုတ်သော
စစ်သူကြီးဖြစ်သည် ။ သူ့အမေက Laufey ဖြစ်ကာ
ထိုအနက်မှာတော့ ဓိပ္ပာယ်ကို မသိသောအဓိပ္ပာယ် ဖြစ်သည် ။ သူသည်လည်း နတ်ဘုရားမဖြစ်သည်
။
လိုကီသည်
မရဏကမ္ဘာ၏ နတ်ဘုရားမဖြစ်သည့် Angrboda ၏ ဖခင်ဖြစ်သည် ။ သူ့ကို Thor ကို သတ်သော မြွေကြီးလိုလို
၊ Odin ကို သတ်သည့် ဝံပလွေလိုလို ၎င်းတို့၏ မျိုးနွယ်စုဝင်လိုလို မရေမရာဖော်ပြခြင်းကပင်
သူ၏ ဂုဏ်သတ္တိဖြစ်သည်ဟု ဆိုသည် ။ သူ့တွင် အလောင်းဟု အဓိပ္ပာယ်ရသော Narfi အမည်ရှိ သားတစ်ယောက်လည်း
ရှိသေးသည် ။
လိုကီသည်
မကြာခဏဆိုသလိုပင် လူမှုရေး မျှော်လင့်ချက်များ ဖြစ်ရုံသာမက ကျွန်ုပ်တို့ သဘာဝတရား၏
နိယာမများနှင့်လည်း သက်ဆိုင်သည် ။ တစ်ချို့က လိုကီကို Odin ၏ သားအဖြစ်လည်း ဖော်ပြကြပြန်သည်
။ သူနှင့်ပတ်သက်သည့် သမိုင်ကြောင်းများသည် အတော်ပင် ရှုပ်ထွေး၏ ။
ပုံပြင်များတွင်
လိုကီကို အပျော်အပါး လိုက်စားသူ ၊ မိမိကိုယ်ကျိုးရှာသူ ၊ သူရဲဘောကြောင်သူအဖြစ် ဖော်ပြသည်
။ သူသည် အခြေအနေကိုကြည့်၍ သာသည့်ဘက်ကို လိုက်သည့် နတ်ဘုရားဖြစ်သည် ။ တစ်ခါတစ်ရံ အခြားသော
နတ်ဘုရားအတွက် အန္တာယ်ဖြစ်စေ၍ တစ်ခါတစ်ရံတွင် အစွန်းကုန် ကူညီတက်ပြန်၏ ။ သူ၏ အသက်အန္တာရာယ်နှင့်ပတ်သတ်လာလျှင်
အခြားသူ၏ အကျိုးကျေးဇူးကို ထည့်မတွေးတက်ပေ ။ တစ်ပါးသူအား ကယ်တင်သည်ဟုဆိုသည့် အရာများတွင်ပင်
သူ၏ အကျိုးကို ပြုလုပ်နေရင်းမှ မတော်တဆ ကယ်မိခြင်းသာလျှင် ဖြစ်ပေမည် ။ လိုကီသည် ဤသို့
စရိုက်ရှိသည့် နတ်ဘုရားပင်တည်း ။
သို့သော်
လိုကီသည် ထင်သလောက်တော့ မဆိုးပေ ။ သူသည် စကြာဝဠာအား ဖျက်ဆီးခံရမည့် စစ်ပွဲတွင် နတ်ဘုရားများနှင့်အတူ
စစ်ပွဲ ဝင်တိုက်သည် ။ ကမ္ဘာဖျက်တိုက်ပွဲ ဆင်နွှဲသောအခါ သူနှင့် Heimdall နတ်ဘုရားတို့သည်
တစ်ဉီးကို တစ်ဉီး တိုက်ခိုက်ရင်း သေဆုံးခဲ့လေသည် ။
#htoohtoolay

Comments
Post a Comment