Skip to main content

ခြင်္သေ့


ခြင်္သေ့
-----
ခြင်္သေ့သည် ကြောင်မျိုးနွယ်စုဝင်ဖြစ်ကာ နို့တိုက်သတ္တဝါ ဖြစ်သည် ။ အချို့သော ခြင်္သေ့ထီးများသည် ပေါင် ၅၅၀ ကျော်လောက်ထိရှိလေသည် ။ ယနေ့ ခြင်္သေ့များနေထိုင်နိုင်သော တောကြီးများမှာ အာဖရိက ဆာဟာရ တောင်ပိုင်းနှင့် အာရှတိုက်တွင်သာ နေထိုင်ကြသည် ။ ခြင်္သေ့သည် ခြုံမြက်ပေါများသော နေရာများတွင်သာ အများဆုံး နေထိုင်သည် ။

သမိုင်းကြောင်းအရ မြောက်အာဖရိကနှင့် အနောက်တောင်အာရှမှ ခြင်္သေ့များမှာ မျိုးတုန်းပျောက်ကွယ်သွားခဲ့ပြီဖြစ်လေသည် ။ ကမ္ဘာပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀ ခန့်က ခြင်္သေ့များသည် လူသားများပြီးလျင် အများဆုံးနေထိုင်သည့် နို့တိုက်သတ္တဝါများ ဖြစ်ကြသည် ။ ၄င်းတို့ကို အာဖရိကတိုက်၊ ဥရောပ အနောက်ပိုင်းမှ အိန္ဒိယအထိ ၊ အမေရိကရှိ ယူကွန်းမှ ပီရူးအထိ ရုပ်ကျွင်းများ ရှာဖွေတွေ့ရှိခဲ့သည်။

ခြင်္သေ့သည် ယနေ့ခေတ်တွင်တော့ အရေအတွက်အားဖြင့် နည်းပါးသွားခဲ့လေပြီဖြစ်လေသည် ။ ၂၀ ရာစု၏ ဒုတိယ နှစ်ဝက်တွင် ဆယ်စုနှစ် နှစ်ခုအတွင်း အာဖရိက၏ ခြင်္သေ့စာရင်းမှာ ၃၀ မှ ၅၀% အထိ ကျဆင်းခဲ့ရသည်။ ၎င်းတို့၏ နေရပ်ဒေသများ ဆုံးရုံးလာခြင်းနှင့် လူသားတို့၏ စစ်ပွဲများ ၊ ခြင်္သေ့မှောင်ခိုဈေးများသည် အကြီးမားဆုံးသော စိုးရိမ်စရာ အကြောင်းအရင်းများ ဖြစ်လာသည် ။

ခြင်္သေ့များကို “ သတ္တဝါတို့၏ဘုရင်” ဟုခေါ်လေ့ရှိသည်။ သူတို့ကို ရဲစွမ်းသတ္တိ၏ သင်ကေတအဖြင့် ဖော်ပြကြသည် ။ သူတို့၏ ခွန်အားကြောင့် တိရိစ္ဆာန်များအကြားမှ ထင်ရှားနေရသည် ။ ခြင်္သေ့များသည် တောရိုင်းအတွင်း၌ ၁၀နှစ်မှ ၁၄ နှစ်အထိ နေထိုင်ကြပြီး သူတို့အား ဖမ်းမိသည့်အချိန်မှစတင်ကာ နှစ်ပေါင်း ၂၀ အထိ အသက်ရှင်သန်နိုင်ကြသည် ။ များသောအားဖြင့် ခြင်္သေ့အထီးများသည် တောရိုင်းအတွင်း၌  အသက် ၁၀ နှစ်ထက်ပို၍ အသက်မရှင်နိုင်ကြပေ ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြားခြင်္သေ့များနှင့် တိုက်ခိုက်ရာမှ ရရှိလာသည့် ဒဏ်ရာများကြောင့် သေဆုံးမှုနှုန်းထားမှာ များပြားသောကြောင့် ဖြစ်သည် ။

ခြင်္သေ့သည် များသောအားဖြင့် မြက်ပင်များအကြား၌ နေထိုင်လေ့ရှိကြပြီး သူတို့၏ ပတ်ဝန်ကျင်မှ မြက်ပင်များသည် သူတို့၏ အကာအကွယ်များဖြစ်ကာ အခြားတိရိစ္ဆာန်များအား ဖမ်းယူစားသောက်ရာ၌ အကောင်းဆုံး နေရပ်ဒေသဖြစ်နေလေသည် ။

ခြင်္သေ့များသည် အသားစားသတ္တဝါများဖြစ်ကာ အမဲလိုက်ရာ၌ ထူးချွန်သော သူများ ဖြစ်ကြသည် ။ သူတို့သည် နာနေသော သတ္တဝါများ သို့မဟုတ် ဒဏ်ရာရနေသော တိရိစ္ဆာန်များကို ရှာဖွေကြသည် ။ အထူးသဖြင့် သူတို့သည် လင်းယုန်ငှက်များ၏ ကောင်းကင်ပျံသန်းပုံ စက်ဝိုင်းကိုကြည့်ကာ နေရပ် ရွေ့လျားကြလေ၏ ။ အဘယ်ကြောင့်ဆိုသော် လင်းယုန်ပျံဝဲနေသည့် မြေပြင်၌ နာကျင်နေသော တိရိစ္ဆာန်တစ်ကောင်ကောင် ရှိနေသောကြောင့်ဖြစ်သည် ။

အာဖရိကတောရိုင်း၌ ခြင်္သေ့ကောင်ရေ ၃၀၀၀၀ ခန့်ရှိသည် ။ အာရှခြင်္သေ့မှာ ၃၅၀ ခန့်သာ ရှိတော့သည် ။ အာရှရှိခြင်္သေ့များကို အိန္ဒိယနိုင်ငံ၌ အများဆုံးတွေ့ရသည် ။ ခြင်္သေ့ထီးများမှာ ပေါင် ၃၃၀ မှ ၅၅၀ ကြားထိ ကြီးထွားကြပြီး သက်တမ်းရင့်သော ခြင်္သေ့ကြီးများမှာ ပေါင် ၆၀၀ အထိ ရှိကြသည် ။ ခြင်္သေ့မ များသည် ပေါင် ၂၆၅ မှ ၄၀၁ ပေါင်အထိ ကြီးမားကြလေ၏ ။ ရင့်ကျတ်သည့်အရွယ်သို့ရောက်သော ခြင်္သေ့ထီးများမှာ လည်ဆံမွှေးများ ထွက်လာကြသည် ။ ခြင်္သေ့သည် ခန္ဓာကိုယ်ရှည်ပြီး ခြေထောက်များတိုကာ ကြီးမားသည့် ခြေသည်းများ ရှိသည် ။ ခေါင်းကြီးကြီးနှင့် အရောင်မှာလည်း အဝါရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြလေသည် ။

ခြင်္သေ့များသည် တောအတွင်း၌ အားကြီးသော မျိုးနွယ်စုဝင်များ ကြသည့်အလျောက်  ၁၀ နှစ်မှ ၄၀ နှစ်အထိ သူတို့သည် မာနထောင်လွှားကာ နေထိုင်ကြသည် ။ သူတို့သည် ၎င်းတို့ ပိုင်နက်ဟူ၍ သတ်မှတ်သည့် နေရပ်ဧရိယာ ရှိ၏ ။ အခြား သားစားသတ္တဝါများကို သူတို့၏ နယ်မြေအတွင်း အမဲလိုက်ခွင့် မပေးပေ ။ နယ်မြေတစ်ခုသည် စတုရန်းမိုင် ၁၀၀ အထိ ကြီးမားနိုင်သည် ။

ခြင်္သေ့ဟောက်သံသည် တစ်ကောင်နှင့်တစ်ကောင် ကွဲပြားသည် ။ ၎င်းသည် နယ်မြေသတ်မှတ်ခြင်းနှင့် အခြားခြင်္သေ့များအား သီးခြား ဂုဏ်ပြိုင်ခြင်းအတွက် သတိပေးခြင်း၌ အသုံးပြုကြသည် ။ ခြင်္သေ့သည် သားကောင်များကို အစာစားရန်အတွက် သတ်ပစ်နိုင်ကြသော်လည်း သူတို့သည် လူသားများအတွက် အန္တရာယ်အရှိဆုံးတိရစ္ဆာန်များတွင် မပါဝင်ပေ။

#htoohtoolay



Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...