Skip to main content

အချိန်ခရီးသွား


အချိန်ခရီးသွား
-----
ခေါင်းစဉ်ကိုကြည့်ပြီး သင်ဘာတွေးလိုက်မလဲဆိုတာ သိချင်သည် ။ သင့်စိတ်ထဲမှာ ဒါဟာ ပေါကြောင်ကြောင်နိုင်ပေလိမ့်မည် ။ သို့သော် ဆန္ဒသိပ့်မသောစေချင် ။ သင်တကယ်အချိန်ခရီးသွားခြင်း၏ သီအိုရီကို လေ့လာဖြစ်မည်ဆိုပါက သင့်ရဲ့စိတ်ကူးကို သင်ကိုယ်တိုင် ပြန်လည်ပြုချင်ပေလိမ့်မည် ။

အချိန်ခရီးသွားခြင်းနှင့်ပတ်သတ်၍ ရူပဗေဒပညာရှင်အချို့က ဤအရာအား တကယ်လက်တွေ့ဖြစ်နိုင်သည်ဟု ဆိုကြသည် ။ အိုင်စတိုင်းလို အစရှိသော ထင်ရှားကျော်ကြားသည့် ပညာရှင်များက ၎င်းသီအိုရီအား ထောက်ခံချက် ပေးပြီးဖြစ်သည် ။ အိုင်စတိုင်းသည် စကြာဝဠာတွင်း  Black Hole များ မတွေ့ခင်ကတည်းက အမှန်တကယ်ရှိနိုင်ကြောင်း သူ၏ သီအိုရီဖြင့် ဖော်ထုတ်ပြသခဲ့သလို အချိန်ခရီးသွားခြင်းဖြစ်ရပ်များသည်လည်း ကြိမ်းသေတည်ရှိနိုင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်လေသည် ။

သို့သော် သင်ကိုယ်တိုင် တွေ့မြင်ကြုံတွေ့ဖူးသော အရာဝတ္ထုနှင့် လူတစ်ဉီးတစ်ယောက်ကို သင်ကိုယ်တိုင် ပြန်လည်တွေ့မြင်ကြုံဆုံနိုင်ခြင်းသည် ဖြစ်နိုင်ပါသလောဟု တွေးထင်ကောင်း တွေးထင်ပေလိမ့်မည် ။ သို့မဟုတ် မေးခွန်းထုတ်ပေမည် ။

၎င်းသည် မိုက်မဲသော မေးခွန်းတစ်ခုဟု ထင်ရသော်လည်း သိပ္ပံပညာရှင်များစွာသည် ထိုမေးခွန်းအပေါ် လေးလေးနက်နက် အာရုံစိုက်လေ၏ ။ သိပ္ပံပညာရှင်များအတွက် ကမ္ဘာကြီး၏ အကြီးမားဆုံးသော စကားဝှက်လည်း ဖြစ်လေသည် ။ ထို့ကြောင့် ထိုအမေးပုစ္ဆာကို ဖြေရှင်းဖို့ရန်အတွက် သူတို့သည် ဆယ်စုနှစ်များစွာချီ၍ အတိတ်မှ ရောက်ရှိလာသည်ဟု ဆိုသောသူများကို ရှာဖွေလာခဲ့ကြသည် ။ ယခုအချိန်ထိတိုင် အမျိုးမျိုးသော စမ်းသပ်ချက်များကို လုပ်ဆောင်နေကြသည် ။

ကျွန်ုပ်တို့သည် အချိန်ခရီးသွားနိုင်ခြင်းအား ဘာကြောင့် လက်ခံကြသနည်း ။ သို့အဟုတ် ဘာကြောင့်ဟု ထင်သနည်း ။

ရာစုနှစ်များစွာကြာအောင် အချိန်ခရီးသွားခြင်းသည် လူတို့၏ စိတ်ကူးယဉ်ဆန်သော အတွေးဖြစ်သည် ။ သို့သော် လွန်ခဲ့သော ရာစုနှစ်အတွင်း၌ သိပ္ပံပညာရှင်များသည် ထို အချိန်ခရီးသွားခြင်းအား ဖြစ်နိုင်သည်ဆိုသည့် သီအိုရီများစွာ ထုတ်ဖော်ခဲ့သည် ။ သိပ္ပံပညာရှင်တစ်ဉီးက အချိန်ကို နောက်ပြန်သွားတာ ရပါတယ် ၊ ဒါပေမယ့် ကံမကောင်းတာက တော်တော် ရှုပ်ထွေးစေတယ် , ဟု ဆိုခဲ့သည် ။

အိုင်းစတိုင်း၏ ယေဘုယျနှိုင်းယှဉ်သီအိုရီအရ wormhole သည် အဝေးမှ အချက်နှစ်ခုကို လျင်မြန်မှုတစ်ခုနှင့် ဆက်သွယ်ပေးခြင်းအားဖြင့် အချိန်နှင့် နေရာအကြား တံတားတစ်ခုပမာ ပြုမူပေးနိုင်သည်ဟု ဆိုသည် ။ ထိုတွင်းမျိုးသည် စကြာဝဠာအတွင်း အများအပြား တည်ရှိနေသည် ။ ထိုအမျိုးအစား၏ လမ်းကြောင်းအတွင်းသို့ ရောက်သွားမည်ဆိုပါက အချိန်ခရီးသွားခြင်းသည် ဖြစ်ပေလိမ့်မည်ဟု ဆိုသည် ။ ဉပမာ -  အမွှာနှစ်ယောက်ရှိသည်ဆိုပါစို့ ။ တစ်ယောက်သည် အလင်း၏အရှိန်ဖြင့် ပျံသန်းနေသော ယဉ်ပျံတစ်စီးပေါ်၌ ရောက်နေသည် ။ အခြားတစ်ယောက်မှာ ကမ္ဘာမြေပေါ်တွင် သူလိုကိုယ်လို ကျန်ရစ်ခဲ့မည် ။ ထိုအခါ အလင်းလျင်ဖြင့် ပျံသန်းနေသော ယဉ်ပျံပေါ်မှ အမွှာသည် ကမ္ဘာမြေပေါ်မှ အမွှာထပ် တစ်ဖြေးဖြေး ငယ်သွားမည် ဖြစ်သည် ။ မြေထုဆွဲအား၏ စွမ်းအင်သည် လွန်ခဲ့သော အချိန်ကာလကိုလည်း ကွာခြားစေသည် ။ ထို့ကြောင့်ပင် အာကာသအတွင်းမှ ယဉ်မှူးတို့၏  နာရီများသည် ကမ္ဘာမြေပြင်မှ နာရီများထက် နှေးကွေးလျက်ရှိသည် ။

ထင်ထင်ရှားရှား သိမြင်ချင်သည်ဆိုလျှင် အချိန်ခရီးသွားဖို့ရာအတွက် သင်သည် နဂါးငွေ့တန်အတွင်းသို့ ဝင်ရောက်ကြည့်မည်ဆိုလျှင် သင်တကယ် အချိန်များအပေါ် ခုန်ပျံသွားနိုင်မည် ။ သို့မဟုတ် အလင်းလျင်နှုန်းဖြင့် တည်ဆောက်ထားသော ယဉ်ပျံတစ်စီးကို သင်ကိုယ်တိုင် စီးနင်းလိုက်ပါနိုင်သည် ။ ထိုအရာများသည် သင့်အား အချိန်ခရီးသွားမှုကို ဖြစ်ပေါ်စေလိမ့်မည် ။ အနာဂတ်ကမ္ဘာသို့ သင်သွားနိုင်သလို အတိတ်ကမ္ဘာဆီလည်း သင်ရောက်နိုင်သည် ။ ဤသို့မှမဟုတ်လျှင် သဘာဝတရားကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံအရ wormhole အတွင်း မတော်တစ်ဆ ကျရောက်သွားမည်ဆိုပါက အချိန်ခရီးသွားမှုများ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နိုင်သည် ။

ယခုအချိန်တွင်တော့ အထက်ဖော်ပြပါ အရာများကို အကောင်အထည်ဖော်ဖို့ရာ မဖြစ်နိုင်ပါ ။ သိပ္ပံပညာရှင်တို့၏ အချိန်ခရီးသွားခြင်းသီအိုရီအား လွယ်လွယ်ကူကူ ဖော်ထုတ်နိုင်သည့် နည်းတစ်နည်းမှာ ကျွန်ုပ်တို့ကြားတွင် လမ်းလျှောက်နေသော အချိန်ခရီးသွားများကို ရှာဖွေဖို့ရန် ဖြစ်သည် ။ ဤ အရာအတွက် ဓာတ်ခွဲခန်းမလိုပါ ။ ၎င်းသည် သိပ္ပံပညာရှင်များစွာ ပြုလုပ်ခဲ့သော ဖြေရှင်နည်း ဖြစ်နေလေ၏ ။

#htoohtoolay


Comments