အချိန်ဆိုတာ ဘာလဲ
------
အချိန်ဆိုသည်မှာ တိုးတက်မှု ဖြစ်သည် ။ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ဟု ယျေဘုယျ သတ်မှတ်ကြသော်လည်း အချိန်သည် အစဉ်အမြဲ တိုးတက်ခြင်းများကိုသာ ပြုလုပ်သည့် အရာဖြစ်သည် ။ အချိန်၏ အနက်မှာ အလွန်ကျယ်ပျံ့သော်လည်း အချိန်သည် အရာရာ၏ အစီအစဉ်တကျ ဖြစ်ပေါ်လာနိုင်ရန် ကြာချိန်၏ တိုင်းတာမှု တစ်ခုအဖြစ် လူအများ လက်ခံထားကြသည် ။ တိုင်းတာမှု ကြာချိန်၏ အစိတ်အပိုင်းအရေအတွတ်သည် အချိန်ဖြစ်သည် ။ ထို့ကြောင့် အချိန်သည် တိုးတက်ပြောင်းလဲမှု၏ အဓိပ္ပာယ်သာ ဖြစ်လေသည် ။
အချိန်သည် သိပ္ပံဘာသာရပ်နှင့် အရာရာအပေါ် လွှမ်းမိုးချယ်လှယ်သည့် မရှိမဖြစ် အရာဖြစ်သော်လည်း အချိန်၏ အခန်းအဏ္ဏကို မှတ်တမ်းများအတွင်းမှ ဖယ်ထုတ်ထားခြင်း ခံထားရလေသည် ။ မည်သို့ပင် ဆိုစေကာမူ စီးပွားရေး၊ စက်မှုလုပ်ငန်း၊ အားကစား၊ သိပ္ပံနှင့် ဖျော်ဖြေရေးအနုပညာ စသည့် တိုးတက်ပြောင်းလဲမှုများတွင ်တော့ အချိန်၏ တန်ဖိုးကို ရှေ့တင်ထုတ်ဖော်ကြလေ၏ ။ ဉပမာ - AD / BC ဖော်ပြပုံကို ဆိုလိုသည် ။
ရူပဗေဒအရ အချိန်ကို နာရီကိရိယာဖြင့် ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြသ၏ ။ အချိန်တွင် နှေးသည် မြန်သည် မရှိပေ ။ အချိန်၌ ရပ်တန့်ခြင်းမရှိ ။ အချိန်၏ တစ်ခုတည်းသော စွမ်းဆောင်မှုမှာ တိုးတက်ပြောင်းလဲခြင်းသာ ဖြစ်သည် ။
ယခုခေတ်တွင်တော့ အချိန်ကို လည်ပတ်မှု တစ်ခုအဖြင့် သိရှိလက်ခံထားကြပြီး အကြိမ်ကြိမ် ပြုလုပ်ခြင်းသည် ဒုတိယ စံယူနစ်အဖြင့် အလွန်အသုံးဝင်သည်ဟု ဆိုသည် ။ ဥပမာ ဘဝတစ်ခု၏ တိုတောင်းပံကို အချိန်ဖြင့် ဖော်ပြကြသလို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းအချက်မှာလည်း အချိန်၏ ပါဝင်မှုသည် အလွန်ကြီးမားနေပြန်၏ ။ သို့သော် အချိန်၏ တန်ဖိုးသည်တော့ မြှပ်ကွယ်လျက် ရှိလေသည် ။
စကြာဝဠာအတွင်း မဟာပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်မှစ၍ ယနေ့အချိန်ထိတိုင်အောင် အချိန်နှင့်ပတ်သတ်၍ လေ့လာဖော်ထုတ်ခြင်းခံရသည့် တန်ဖိုးမှာ အချက် နှစ်ခုသာ ရှိလေ၏ ။ ၎င်းတို့မှာ -
(၁) အချိန်ကို စုစည်းကာ သင်္ချာကိန်းများဖြင့် အပေါင်းအစုဖွဲ့စည်းထားသည့် ပြကဒိန် ဖြစ်သည် ။
(၂) တစ်ရက်သာ၏ သင်္ချာကိန်းများအား ရပ်တန့်မှုမရှိ ဖော်ပြသည့် နာရီ ဖြစ်သည် ။
အမှန်မှာ အချိန်သည် ရှေးယခင်အတည်းက မပြောင်းလဲသော သဘောတရား တစ်ခုသာ ရှိသည် ။ ထိုအရာမှာ တိုးတက်ပြောင်းလဲခြင်းသာ ဖြစ်လေတော့၏ ။
#htoohtoolay
------
အချိန်ဆိုသည်မှာ တိုးတက်မှု ဖြစ်သည် ။ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်ဟု ယျေဘုယျ သတ်မှတ်ကြသော်လည်း အချိန်သည် အစဉ်အမြဲ တိုးတက်ခြင်းများကိုသာ ပြုလုပ်သည့် အရာဖြစ်သည် ။ အချိန်၏ အနက်မှာ အလွန်ကျယ်ပျံ့သော်လည်း အချိန်သည် အရာရာ၏ အစီအစဉ်တကျ ဖြစ်ပေါ်လာနိုင်ရန် ကြာချိန်၏ တိုင်းတာမှု တစ်ခုအဖြစ် လူအများ လက်ခံထားကြသည် ။ တိုင်းတာမှု ကြာချိန်၏ အစိတ်အပိုင်းအရေအတွတ်သည် အချိန်ဖြစ်သည် ။ ထို့ကြောင့် အချိန်သည် တိုးတက်ပြောင်းလဲမှု၏ အဓိပ္ပာယ်သာ ဖြစ်လေသည် ။
အချိန်သည် သိပ္ပံဘာသာရပ်နှင့် အရာရာအပေါ် လွှမ်းမိုးချယ်လှယ်သည့် မရှိမဖြစ် အရာဖြစ်သော်လည်း အချိန်၏ အခန်းအဏ္ဏကို မှတ်တမ်းများအတွင်းမှ ဖယ်ထုတ်ထားခြင်း ခံထားရလေသည် ။ မည်သို့ပင် ဆိုစေကာမူ စီးပွားရေး၊ စက်မှုလုပ်ငန်း၊ အားကစား၊ သိပ္ပံနှင့် ဖျော်ဖြေရေးအနုပညာ စသည့် တိုးတက်ပြောင်းလဲမှုများတွင
ရူပဗေဒအရ အချိန်ကို နာရီကိရိယာဖြင့် ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြသ၏ ။ အချိန်တွင် နှေးသည် မြန်သည် မရှိပေ ။ အချိန်၌ ရပ်တန့်ခြင်းမရှိ ။ အချိန်၏ တစ်ခုတည်းသော စွမ်းဆောင်မှုမှာ တိုးတက်ပြောင်းလဲခြင်းသာ ဖြစ်သည် ။
ယခုခေတ်တွင်တော့ အချိန်ကို လည်ပတ်မှု တစ်ခုအဖြင့် သိရှိလက်ခံထားကြပြီး အကြိမ်ကြိမ် ပြုလုပ်ခြင်းသည် ဒုတိယ စံယူနစ်အဖြင့် အလွန်အသုံးဝင်သည်ဟု ဆိုသည် ။ ဥပမာ ဘဝတစ်ခု၏ တိုတောင်းပံကို အချိန်ဖြင့် ဖော်ပြကြသလို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြောင်းအချက်မှာလည်း အချိန်၏ ပါဝင်မှုသည် အလွန်ကြီးမားနေပြန်၏ ။ သို့သော် အချိန်၏ တန်ဖိုးသည်တော့ မြှပ်ကွယ်လျက် ရှိလေသည် ။
စကြာဝဠာအတွင်း မဟာပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်မှစ၍ ယနေ့အချိန်ထိတိုင်အောင် အချိန်နှင့်ပတ်သတ်၍ လေ့လာဖော်ထုတ်ခြင်းခံရသည့် တန်ဖိုးမှာ အချက် နှစ်ခုသာ ရှိလေ၏ ။ ၎င်းတို့မှာ -
(၁) အချိန်ကို စုစည်းကာ သင်္ချာကိန်းများဖြင့် အပေါင်းအစုဖွဲ့စည်းထားသည့် ပြကဒိန် ဖြစ်သည် ။
(၂) တစ်ရက်သာ၏ သင်္ချာကိန်းများအား ရပ်တန့်မှုမရှိ ဖော်ပြသည့် နာရီ ဖြစ်သည် ။
အမှန်မှာ အချိန်သည် ရှေးယခင်အတည်းက မပြောင်းလဲသော သဘောတရား တစ်ခုသာ ရှိသည် ။ ထိုအရာမှာ တိုးတက်ပြောင်းလဲခြင်းသာ ဖြစ်လေတော့၏ ။
#htoohtoolay

Comments
Post a Comment