Skip to main content

ကမ္ဘာ့ဗဟို


 ကမ္ဘာ့ဗဟို
-----
ကမ္ဘာ့အလယ်ဗဟို၏ အရေးပါမှုမှာ စကြာဝဠာ တည်ဆောက်ပုံအတွက် အလွန်ရေးကြီးသောကြောင့် လူသားများနှင့် လူတစ်ဉီးချင်းစီ၏ ကံကြမ္မာကို အတူတကွ စုပေါင်းထားခြင်းဖြစ်ရာ လွန်စွာထူးခြားသော ကမ္ဘာ့အလယ်ဗဟိုရှိ အရာများအားလုံးကို မခန့်မှန်းနိုင်ကြပေ ။

အကြမ်းဖျင်း သိရှိဖို့ရန် လိုအပ်သည်များမှာ ကမ္ဘာ့ဗဟိုချက်တွင် မရှိမဖြစ်လိုအပ်သော ပုံစံအားလုံးသည် အတူတကွ စုဝေးတည်ရှိနေသည်ဟု နားလည်ရမည်ဖြစ်၏ ။ ယင်းတို့၏ တစ်ခုနှစ်တစ်ခု ဆက်သွယ်မှုများမှ ရှင်သန်ကြီးထွားခြင်း ရလဒ်ကို ကမ္ဘာမြေမျက်နှာပြင်အထက်၌ ခံစားကြရသည်ဟု ဆိုသည် ။

ကမ္ဘာ၏ အလယ်ဗဟိုသည် အမှန်တကယ် ထင်ရှားရှိသော နေရာဖြစ်သည် ။ ယင်းဖြစ်ပေါ်မှု၏ သဘောသဘာဝမှာ မရေရာမှုများအကြား တည်ရှိနေသော်လည်း  ဖန်တီးဖြစ်ပေါ်လာသည့်အချိန်မှစတင်၍ ၎င်းသည် စွမ်းအင်အရင်းအမြစ်တို့ စုဝေးရာနေရာဖြစ်သောကြောင့် ထိုနေရာရှိ အရာရာတိုင်းသည် အားကြီးသော ဖွံ့ဖြိုးထွန်းတောက်ခြင်းများကို ပိုင်ဆိုင်ထားသည်ဟု သိရှိရသည် ။

မြေမျက်နှာပြင်အထက်ရှိ အရာရာတိုင်းနှင့် ကွဲပြားခြားနားလိမ့်မည် ။ ဤစင်တာသည် တကယ့် တကယ်ကို အရေးပါသောနေရာအဖြင့် တစ်သီးတစ်ခြား ရပ်တည်နေသောကြောင့် ၎င်းသည် အမြဲတမ်း မြင့်မြတ်သော နေရာတစ်ခု ဖြစ်နေရပြီး သာမန်နေရာနှင့် လုံးဝ ကွာခြားနေ၏ ။ ဘာသာရေး ရှုထောင့်များမှ ကြည့်လျှင် ၎င်းသည် Gods တို့၏ ဗိမ္မာန်သမျှ ပြီးပြည့်စုံနေလိမ့်မည် ။ ဤ အကြောင်းကြောင်းကြောင့် ကမ္ဘာ၏ ဗဟိုချက်ကို လူသားတို့ မတိုင်းတာနိုင်ခြင်းဖြစ်သည်ဟု ဆိုသည် ။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာ၏ ဗဟိုချက်သည် ဘုရားများနှင့် ယှဉ်တွဲဖော်ပြနိုင်သည့်နေရာဖြစ်သောကြောင့် သတ်မှတ်ချက်ရှိသည့် အမြင်အာရုံ သို့မဟုတ် အနုစိတ်ကို မြင်နိုင်သော အမြင်မျိုးရှိမှပင် ၎င်းအရပ်ဒေသကို တွေ့ရှိရမည်ဖြစ်၏ ။ ထိုအရပ်၌ အလွန်သေးငယ်သော သတ္တဝါများရှိသလို အလွန်ကြီးမားသော သက်ရှိများလည်း နေထိုင်နေကြမည်ဖြစ်သည် ။

မက်ဆိုပိုတေးမီးယား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ယဉ်ကျေးမှုများသည် မြင့်မြတ်သောနေရာကို အထက်ကောင်းကင်ယံ၌ ဖော်ပြထားချက်များမှာ ၎င်း အမှန်တကတယ်တည်ရှိနေမှုနှင့် ကိုက်ညီမှုမရှိပေ ။ ကမ္ဘာ၏ ဗဟိုချက်သည် ဒဏ္ဏာရီဆိုင်ရာ ပထဝီဝင် နယ်မြေတစ်ခုဖြစ်သည် ။ ယခုခေတ်၌ ဖော်ပြကြသော ကမ္ဘာ့ဗဟိုရုပ်ပုံများမှာ စိတ်သဘောဖြင့် မှန်းဆ ဖော်ပြချက်များဖြစ်သောကြောင့် ဘာတစ်ခုမျှ မှန်ကန်ခြင်း  မရှိပေ ။

စကြာဝဠာကြီးအတွင်း ကောင်းကင် ၊ ငရဲ စသည်ဖြင့် အလွှာအမျိုးမျိုးဖြင့် ဖော်ပြထားကြကာ အမျိုးမျိုးသော သတ္တဝါများ၏ ရှင်သန်ရာပေါင်းစည်းတည်ရှိမှုသည် ကမ္ဘာ့အလယ်ဗဟို၌သာ စုံစည်းရမည်ဖြစ်သည် ။ မြင့်မြတ်သော စင်တာတစ်ခု တည်ရှိမှုမှာ ကမ္ဘာကြီးအား ဗရမ်းဗတာဖြစ်မှုများမှ ထိန်းသိမ်း မ တည်ထားသည် ။


လူတို့သည် စက်ဝိုင်း၏ လျှို့ဝှက်ချက်ကို မတွေ့မြင်ကြသေးပေ ။ လည်ပတ်မှု၏ စွမ်းအင်သည် ကမ္ဘာ့အလယ်ဗဟိုမှ လာခြင်းဖြစ်၏ ။ ထိုလျှို့ဝှက်ချက်များအား အနည်းငယ်သာ ဖော်ထုတ်နိုင်သောကြောင့် ဤမျှ စွမ်းအားကြီးများသော သိပ္ပံခေတ်ကြီးကို ဉီးဆောင်ထားလေလျှင် စက်ဝိုင်းနင့် လည်ပတ်မှုလျှို့ဝှက်ချက်များအား ဒီ့ထက် ဖော်ထုတ်နိုင်မည်ဆိုပါက ဆိုဖွယ်ရာ မရှိတော့ပေ ။

ဤ အယူအဆများကြောင့် တစ်ချိန်က အနောက်နိုင်ငံများ၌ မြေအောက်ကမ္ဘာ၏ ဝင်ပေါက်ကို ရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည် ။ တစ်ချို့က မီးတောင်ပေါက်ဝအား မြေအောက်ကမ္ဘာ၏ ဝင်ပေါက်အဖြင့် ယနေ့ထက်တိုင် ယုံကြည်နေကြ၏ ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...