သော်( Thor ) နတ်ဘုရား
-----
သော် (Thor) သည် နော့ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါး ဖြစ်သည်။ အက်စဂါ့ (Asgard) ပြည်ကို အုပ်ချုပ်သူ အိုဒင်း (Odin) နှင့် မြေနတ်ဘုရားမ ဖျော့ဂင် (Fjörgyn) တို့မှ မွေးသည်။ မျောနိ (Mjölnir) ဟူသော တူကို ကိုင်စွဲပြီး မိုးကြိုး၊ လျှပ်စီး၊ မုန်တိုင်းတို့ကို ဖန်တီးသောနတ်ဘုရား ဖြစ်သည်။ ဂျွန်ဂရိပေ (Járngreipr) သံလက်အိတ်ကို စွပ်ထားပြီး အားကို နှစ်ဆတိုးစေသည့် မေဂင်ဂျော့ (Megingjörð) ခါးပတ်ကို ဝတ်သည်။
ဂျာမန်လူမျိုးတို့၏ အစောဆုံးမှတ်တမ်းများကို ရောမများက မှတ်တမ်းတင်ထားသည်။ သော်ကို ဂရိနတ်ဘုရား ဟာကျူလီအဖြစ် ဖော်ပြသည် ။ Odin နတ်ဘုရားအား“ Mercury”၊ Thor ကို“ Hercules” နှင့် Tyrr ဘုရားကို Mars ဟုရည်ညွှန်းပြီး Suebi ၏ Isis သေင်္ကတကို ယခုအချိန်ထိ ငြင်းခုံနေကြဆဲ ဖြစ်သည် ။ ရောမအင်ပါယာက သိမ်းပိုက်ထားသော ဂျာမန်ဒေသများတွင် အေဒီ ၂ ရာစု နှင့် ၃ ရာစုမှ ဒင်္ဂါးများကို "ဟာကူကူ" အား ရည်ညွှန်းသည့် လက်တင်ကမ္ပည်းများဖြင့် တွေ့ခဲ့ရပြီး ဖြစ်နိုင်ခြေအမျိုးမျိုးဖြင့် ကောက်ချက်ချကာ Thor ကိုရည်ညွှန်းသည်ဟု ဆိုကြသည် ။
တကယ်တော့ သော် ပုံပြင်ဟာ Midgard မြွေနဂါးနဲ့ အပြင်းအထန် တိုက်ခိုက်တဲ့ အကြာင်းကို ရည်ညွှန်းထားတာဖြစ်ပြီး Norse နတ်ဘုရားများလိုပဲ သူဟာ ကမ္ဘာအဆုံးနဲ့ နတ်ဘုရားများ မွေးဖွားရာ နေရာဖြစ်တဲ့ Ragnarök မှာပဲ သူ့ဘဝကို အဆုံးသတ်ချင်ပေမယ့် မြွေနဂါးကြီးနဲ့ တိုက်ခိုက်ရင်း သူ့ရဲ့တူနဲ့ မြွေနဂါးကို သတ်လိုက်ချိန်မှာ မြွေအဆိပ်မိပြီး သူလည်း သေပွဲ ဝင်ခဲ့ရရှာပါတယ်။ သူ့ရဲ့သားဖြစ်တဲ့ မက်ဂျီနဲ့ မိုဒီတို့ဟာ အခြားနတ်ဘုရားများနဲ့အတူ Ragnarök ကို ဆက်လက်အုပ်ချုပ်ခဲ့ပြီး သူ့ရဲ့ အစွမ်းထက်လှတဲ့ တူကြီးကို အမွေ ဆက်ခံခဲ့ပါတယ် ။
သူဟာ အစောပိုင်းအချိန်က ဂျာမန်ဘုရား Donar ကနေ ပြောင်းလဲလာခဲ့ပြီး Norse Pantheon တွင် လူကြိုက်အများဆုံးနတ်ဘုရား ဖြစ်လာခဲ့ပါတယ် ။ Thor ဟာ အခုချိန်ထိတိုင် လူကြိုက်များတဲ့နတ်ဘုရားအဖြင့် တည်ရှိနေပြီးတော့ ကောင်းကင်ကို အုပ်ချုပ်ခဲ့သူလို့ ယူဆပြီး သူ၏ အခန်းပေါင်း ၅၄၀ ပါသည့် နန်းတော် Bilskírnir ကို တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ် ။
သော် ကို အဓိကအားဖြင့် လူသားတို့အား ကာကွယ်သူနတ်ဘုရားအဖြင့် သတ်မှတ်ကြပြီး သူနှင့် ပတ်သတ်သည့် ပုံပြင်များအားလုံးသည် သဘာဝနှင့် ပတ်သတ်သည့် ရှင်းပြချက်အကြောင်းအရာများသာ ဖြစ်ကြသည် ။ ၄င်းသည် ဘဝ၏ အချို့ရှုထောင့်များမှာ မည်သို့ဖြစ်လာသည်ကို ရှင်းပြနေသည် ။ သူသည် ဆိတ်နှစ်ကောင်ဆွဲသော ရထားကို စီးပြီး သူ စီးနှင်းထွက်ခွာသည်နှင့် ရထားဘီးမှ မိုးချိမ်းသံနှင့်အတူ ဒီရေလှိုင်းများ ကြွထလာသည်ဟု ဆိုလေသည် ။ သို့သော် အများအားဖြင့်သူ့ကို ကာကွယ်စောင့်ရှောက်ရန်အတွက် ဆုတောင်းကြသည်ဟု တွေ့ရသည် ။ သူ့ကို မိုးရွာသွန်းစေခြင်း ၊ ရာသီဥတု မှန်ကုန်စေခြင်း ၊ ကောက်ပဲသီးနှံများ အထွက်တိုးစေခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းနှင့် ရောဂါဘရများ ကျရောက်ခြင်းမှ ကွယ်သူအဖြင့် ယုံကြည်ကြ၏ ။
သော်၏ ဂုဏ်သတ္တိများမှာ ယခင်က ဖော်ပြခဲ့သော သူ၏ တူ ၊ ခါးပတ် ၊ လက်အိတ်တို့ဖြစ်ပြီး သူ၏ ခွန်အားကို လှဆင်ပေးသော ပစ္စည်းနှစ်ခုမှာ ဆိတ်ရထားနှင့် တူ သည် အထင်ရှားဆုံးဖြစ်လေသည် ။
သော်သည် ဒေါသကြီးပြီး အခြားသူများ၏ စည်းမျဥ◌်းစည်းကမ်းကို လိုက်နာရန် စိတ်မရှည်သော သူဖြစ်သည် ။ သူ့အား မည်သည့်အခါမျှ သိမ်မွေ့ခြင်းနှင့် မေတ္တာတရားကြီးမားသော နတ်ဘုရားအဖြင့် မဖော်ပြပေ ။ မည်သည့် ပြဿနာမျိုးကိုအဆို ဖြေရှင်းရန်အတွက် ဆွေးနွေးတိုင်ပင်ခြင်း ၊ စီစဥ◌်ဆောင်ရွက်ခြင်းထက် တိုက်ရိုက်ဖြေရှင်းနည်းကိုသာ ဆောင်ရွက်လိုသာ နတ်ဘုရားဖြစ်သည် ။ Thor သည် လိမ်လည်လှည်းဖြားခြင်းစွမ်းရည် လုံးဝမရှိသောကြောင့် တစ်ပါးသူများ၏ လှည့်ဖြားခြင်းကိုလည်း သိမြင်နိုင်စွမ်း မရှိပေ ။ ထိုအပြင် ယင်းကိုယ်တိုင် လှည့်ဖြားရာတွင်လဲ သရုပ်မပီပြင်သဖြင့် ခဏနှင့် ပေါ်လွင်ရလေသည် ။
ယနေ့ခေတ် Marvel ရုပ်ပြစာအုပ်များနှင့် ရုပ်ရှင်များမှာမူ Thor ၏ စရိုက်နှင့် လုံးဝ ဆန့်ကျင်နေသည် ။ သူသည် Loki ၏ အစ်ကို မဟုတ်ပါ ။ သော်ကို ဆံပင်အရှည် မုတ်ဆိတ်မွှေးနှင့် ဖော်ပြကြသော်လည်း အမှန်တကယ်မှာ သော်သည် ရှင်းလင်းသော မျက်နှာပိုင်ရှင်ဖြစ်ကာ ရေနှင့် နီးစပ်သော နေရာများ၌ ကျင်လည်လိုသူဖြစ်သည် ။ ရန်လိုနေသော သူမဟုတ်သလို ထောင်တန်းကျ၍ တိုက်ခိုက်နေရသော စရိုက်လဲ မရှိပါ ။ သူသည် ယုံကြည်သူအား ရှေ့မသွားမီ လမ်းပြပေးသော ဘုရားသာ ဖြစ်သည် ။ သူ့ကို ပင်လယ်လမ်းပြပေးသော နတ်ဘုရားအဖြစ်သာ မဟုတ်ပဲ စစ်ပွဲများ၌ ချန်ပီယံ အဖြစ်ပါ လေးစားကြသည်ဟု Scholar HR Ellis Davidson က ရေးသားခဲ့ဖူးသည်။
သော် သည် ဗိုက်ကင်းစစ်သည်တော်၏ နတ်ဘုရား မဟုတ်သော်လည်း သူ၏ အားသာချက်မှညာ ပြဿနာများကို တိုက်ရိုက်တုန့်ပြန်မှုတို့ကြောင့် ထိုခေတ်၌ သူသည် စွဲဆောင်မှု အရှိဆုံး ဖြစ်နေလေသည် ။
#htoohtoolay
မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...
Comments
Post a Comment