သေခြင်းနှင့်
ရှင်ခြင်းအကြားမှ အဖြစ်အပျက်
------
သေလွန်သူတို့၏
တွေ့ကြုံရမည့် ပတ်ဝန်းကျင်ဆိုင်ရာ တိဗက်ကျမ်းတစ်အုပ်ကို ယခု လေ့လာမည်ဖြစ်သည် ။ သို့သော်
အကျဉ်းသာ ဖော်ထုတ်ပါမည် ။
လူတစ်ယောက်သည်
သေလွန်ပြီးနောက် ဘာဖြစ်သွားသနည်း ။ ဒါမှမဟုတ် သေခြင်းနှင့်တစ်ဖန် ပြန်လည်မွေးဖွားခြင်းအကြား
ဘယ်လို အသက်တစ်မျိုးနဲ့ ရှင်သန်မည်နည်းဟု တွေးမိဖူးမည်နည်း ။ သင်ကိုယ်တိုင် ဘယ်လိုသင်ယူဖူးသလဲဟူ၍
လူတစ်ဉီးတစ်ယောက်က မေးမြန်းလာခဲ့သည်ရှိသော်
အချို့ယဉ်ကျေးမှုများကို ဆွဲကိုင်၍ သင် သင်ကြားဖူးသည့် အသိမျိုးကိုသာ ဖြေဆိုမိပါလိမ့်မည်
။ ထိုအတူပင် ယခုတွင်လည်း ထိုအတွေ့ကြုံများထဲက တစ်ခုကို လေ့လာခြင်းဖြစ်သည် ။
ထိုကျမ်းသည်
သေလွန်သူများ၏ အတွေ့ကြုံများ ဖြစ်သော်လည်း အဓိကရည်ရွယ်ချက်မှာ သေလွန်ပြီးနောက် လူသားများ
ကြုံတွေ့ရမည့်အရာများကို ဖော်ထုတ်ထားခြင်းဖြစ်ပြီး တမလွန်ဘဝသို့ ရောက်သွားသောအခါ လမ်းပျောက်သွားမည့်အရေးမှ
ကာကွယ်ရန်ဖြစ်သည် ။ အထူးသဖြင့် တမလွန်လမ်းညွှန်ဟု ဆိုသော် ပိုမို၍ မှန်နိုင်ကောင်းပါ၏
။ သို့သော် ထိုကျမ်းသည် လျှိုဝှက်ထားခြင်းခံရသော တိဗက်သေခြင်းကျမ်းဖြစ်သည် ။ အထူးသဖြင့်
တိဗက်ဘုန်းတော်ကြီးများမှ သေခါနီးလူနာများအတွက် ဖတ်ပြရသော ကျမ်းဖြစ်သည် ။ ထို့ကြောင့်ပင်
အပြည့်အစုံ မလေ့လာနိုင်ခြင်း ဖြစ်ပါ၏။
The
First Bardo သည် သေပြီးနောက် ချက်ချင်းဖြစ်ပေါ်လာသော နောင်ဘဝအဆင့်ဖြစ်သည်။ သေခြင်းတရားကို
ရင်ဆိုင်ရသောလူတစ်ဉီးသည် သူ၏ဝိညာဉ်သည် လေဟာပြင်ထဲ လွင့်စင်နေပြီး အမှောင်ထုကြီးက ကြီးစိုးထားလျက်ရှိသည်
။ ထိုအချိန်၌ သူသည် ကြေးစည်သံတစ်သံကို ကြားလာရာကာ တိုးတိုးလေးမှသည် တစ်ဖြေးဖြေး ကျယ်လောင်လာပေမည်
။
ထိုအချိန်၌
သူသည် မှောင်မိုက်နေသော ပတ်ဝန်ကျင်အတွင်းမှ အလင်းဓာတ်တစ်ခုကို ခံစားမိပါလိမ့်မည် ။
ထိုအလင်းဓာတ်သည် သူ၏ လှုပ်ရှားနေသော စိတ်ကို ငြိမ်းအေးစေမည်ဖြစ်သည် ။ ထိုခဏ၌ သူသည်
သေလွန်သွားပြီဖြစ်ကြောင်း ကိုယ်တိုင်သိရှိလာရကာ သူ၏ တမလွန်ဘဝအခြေအနေကို တဖြေးဖြေး လက်ခံလာရမည်ဖြစ်၏
။
ထိုအလင်းဓာတ်သည်
သူ့ကို ကူညီနေမည်ဖြစ်ကြောင်း အလိုလို သိရှိရကာ ထိုအလင်းဓာတ်၏ မေတ္တာတရားကို လက်ခံရမည်ဟု
ဆိုသည် ။ ထိုအလင်းဓာတ်နှင့်သူသည် တစ်ခဏအတွင်း နှစ်ကိုယ့်တစ်စိတ်ဖြစ်သွားကာ အလင်းဓာတ်သည်သူ
၊ သူသည် အလင်းဓာတ်ဟု နားလည်သွားပေမည် ။
ဝိညာဉ်သည်
ဤအမှန်တရားကို လက်ခံနိုင်ပါမှ သူသည် အလင်းဓာတ်၌ ထာဝရ တည်နေရမည်ဖြစ်သည် ။ ထိုအရာသည်
သံသရာမှ လွတ်မြောက်ကြောင်း ဖြစ်၏ ။ သို့တည်းမဟုတ်
ထိုအလင်းဓာတ်ကို မရရှိသောဝိညာဉ်သည် ဒုတိယ အလင်းဓာတ်ကြီးအတွင်းသို့ နစ်မြှပ်သွားရမည်ဖြစ်သည်
။
ဒုတိယအလင်းတန်းသည်
နှစ်ပတ်တာကာလကြာအောင် အပိုင်းကြီး ပိုင်းခြားထားလေ၏ ။ ၎င်းသည် ဝိညာဉ်များစွာကို များစွာသော
ဝိညာဉ်လောကမှ သတ္တဝါများနှင့် ကြုံဆုံပေးမည်ဖြစ်သည် ။
ပထမအပတ်၌
ငြိမ်းချမ်းသော နတ်ဘုရားများသည်
ထိုဝိညာဉ်အရှေ့သို့ ကိုယ်ထင်ပြကြလိမ့်မည် ။ နတ်ဘုရားခုနှစ်ပါး ပေါ်လာပြီး ရက်သတ္တပတ်၏နေ့ရက်တိုင်းအတွက်
ဝိညာဉ်၏ရှေ့၌ သူတို့၏ ခမ်းနားထည်ဝါသောဘုန်းကျက်သရေကို ယူဆောင်လာကြသည် ။
အကယ်၍
ဝိညာဉ်သည် ပထမနတ်ဘုရားမတိုင်မီ မတ်တပ်ရပ်နိုင်လျှင် ၎င်းသည် အထက်တွင်ဖော်ပြခဲ့သော အန္တိမတည်ရှိမှုဖြစ်သည့်နိဗ္ဗာန်သို့
ရောက်ရှိလိမ့်မည်။ မဟုတ်ပါက ဝိညာဉ်သည် တစ်နေ့မှနောက်တစ်နေ့သို့ ဆင်းသွားပြီး နတ်ဘုရားတစ်ပါးစီ၏
စမ်းသပ်မှုများကို ဖြတ်သန်းသွားရခြင်း သို့မဟုတ် ပျက်ကွက်ခြင်းများ ဖြစ်ပေါ်လာပေလိမ့်သည်။
ဖြစ်ရပ်တိုင်းတွင် ဝိညာဉ်သည် တဖြည်းဖြည်းကျဆင်းလာသည့် အခြေအနေသို့ရောက်လာသောအခါ ပြန်လည်မွေးဖွားလာခြင်း၏ နောက်ဆုံးနေရာသည် တိရစ္ဆာန်အဖြစ် ပြန်လည်မွေးဖွားလာလိမ့်မည်ဖြစ်သည်
။
ဒုတိယအပတ်တွင်းတွင်မူ
ဝိညာဉ်သည် နတ်ဆိုးခုနှစ်ပါးနှင့် တွေ့ကြုံရမည်ဖြစ်သည် ။ အမှန်စင်စစ်တော့ ထိုနတ်ဆိုးခုနှစ်ပါးသည်လည်း
ငြိမ်းချမ်းသော နတ်ဘုရားများသာ ဖြစ်ပေသည် ။ အသွင်အပြင်ကိုသာ ပြောင်းလဲထားခြင်းဖြစ်၏
။ ထိုအဆင့်၌ ဝိညာဉ်အား ညွှန်ကြားချက်သည် သူတို့ရှေ့မှောက်တွင် ငြိမ်ငြိမ်သက်သက်နေရန်သာ
ဖြစ်သည်။ အကယ်၍ ဝိညာဉ်သည် ကြောက်လန့်တကြား ထွက်ပြေးသွားပါက တတိယအဆင့်သို့ ကျဆင်းသွားမည်ဖြစ်ပေသည်
။ သို့သော် ၎င်းသည် ပြေးနေရာမှ မကြာခင် ရပ်တန့်လိုက်မည်ဆိုပါက သူသည် လွတ်မြောက်ခြင်းကို
ရရှိလိမ့်မည်ဖြစ်သည် ။
ပြေးလွှားရင်း
ကြောက်လန့်တုန်လှုပ်နေသော ဝိညာဉ်ကို သေမင်းရှင်သည် တတိယနေရာ၌ စောင့်နေလေ၏ ။ သူသည် ဝိညာဉ်အား
၎င်းပြုလုပ်ခဲ့သည့် ကောင်းမှု ၊ မကောင်းမှုကို မှန်ဖြင့်သုံး၍ စီရင်သည် ။ အကယ်၍ သေခြင်းတရား၏
အရှင်သခင်နှင့် သူ၏အမှုတော်ဆောင်များသည် ထိုဝိညာဉ်၏ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းများသာဖြစ်ကြောင်း
သေခါနီး၌ ဘုန်းတော်ကြီးများဖတ်ရှုပြထားသော ညွှန်ကြားချက်များမှတဆင့် ဝိညာဉ်က သဘောပေါက်နားလည်နိုင်လျှင်မူ ထိုဝိညာဉ်သည်
လွတ်မြောက်နိုင်ပေလိမ့်မည်။ အကယ်၍ ဝိညာဉ်သည် ကြောက်လန့်ခြင်းသို့သာ ရောက်နေလျှင်မူ
ထိုအရာသည် ထပ်မံ၍ ပြန်လည်မွေးဖွားလာခြင်းကို ပြုလုပ်ပေးပေလိမ့်မည်ဖြစ်သည် ။
#htoohtoolay

Comments
Post a Comment