Skip to main content

၁၀၉ / ၁၁၀ ကို လေ့လာခြင်း


၁၀၉ / ၁၁၀ ကို လေ့လာခြင်း
-----
၁၀၉ / ၁၁၀ ဖြစ်ပေါ်လာပုံသည် အင်္ဂလိပ့်ခေတ်က စတင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည် ။ အင်္ဂလိပ်လက်အောက် ကျရောက်နေစဉ်တွင် မြန်မာနိုင်ငံ၌ ပြည်သူများမှာ အလုပ်လက်မဲ့များ တိုးပွားလျက်ရှိကြပြီး လယ်ယာပိုင်ရှင်ဘဝမှ သူရင်းငှား ဘဝသို့ ပြောင်းကြရသော သူများမှာ ဒုနဲ့ဒေး ဖြစ်၏ ။

ထိုအချိန်၌ လုပ်သားပြည်သူများမှာ ထုံးတန်းစဉ်လာအရ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသောအခါ အငြိမ့် ၊ ဇာတ်သဘင်များဆီသို့ သွားကြ၏ ။ ထိုသို့ သွားရောက်လည်ပတ်နေစဉ်တွင် နေအိမ်ခြံဝင်း၌ အိမ်အစောင့်များ မရှိတက်ကြပေ ။

ထိုအချက်ကို အခြေခံ၍ အင်္ဂလိပ်အာဏာပိုင်များမှ အလုပ်လက်မဲ့ ဖြစ်နေသူများအား ထိုပွဲတော်ရက်များအတွင်း၌ ရာဇသပ်ကြီးပုဒ်မ ၁၀၉ / ၁၁၀ ဖြင့် ယာယီ ထိမ်းသိမ်းခဲ့ကြ၏ ။

အလုပ်မရှိသော သူများအား ထိုအချိန်၌ နေအိမ်များအတွင်းမှ ပစ္စည်းများအား ခိုးဝှက်နိုင်ကြသည်ဟု ယူဆခဲ့ကြသည် ။ ထိုသို့ အလုပ်လက်မဲ့သူများအား ယာယီ ထိမ်းသိမ်းသည် ပုဒ်မကို အစွဲပြလျက် ထိုသူများကို ၁၀၉ / ၁၁၀ ဟု ခေါ်ဆိုကြရာမှ ယခုခေတ်ထိတိုင်အောင်ပင် အလုပ်မရှိသည့်သူများအတွက် အမည်အဖြစ် သက်မှတ်လာကြတော့သည် ။

#htoohtoolay

Comments