Skip to main content

ပျောက်ကွယ်နေသော ဒဏ္ဏာရီလာ ရတီသတ္တဝါ

ပျောက်ကွယ်နေသော ဒဏ္ဏာရီလာ ရတီသတ္တဝါ

-----

Yeti သည် ၂၀ ရာစုအစောပိုင်းတွင် ဟိမဝန္တာတောင်တန်းရှိ လူသိများသော cryptozoological ဖြစ်စဉ်တစ်ခုဖြစ်သည်။ ၎င်းနှင့်ပတ်သတ်၍ ကိုယ်တိုင်တွေ့မြင်ခဲ့သည်ဆိုသည့်သူများသည် ရတီကို ကြီးမားသော လူသတ္တဝါအဖြင့် ပြောဆိုကြလေသည် ။ အမွှေးအမျှင်ထူထပ်ပြီး ခြေနှစ်ချောင်းရှိကာ မတ်မတ်ရပ်၍ လမ်းလျှောက်သည်ဟု ဆိုကြသည် ။ ထို့ကြောင့် ၎င်းသတ္တဝါကို အနောက်တိုင်း၌ ခြေထောက်ကြီးသတ္တဝါအဖြစ် ဖော်ပြကြလေသည် ။

မကြာသေးမီက သိပ္ပံနည်းကျလေ့လာတွေ့ရှိမှုတစ်ခုတွင် Yeti မှဖြစ်သည်ဟု ယူဆရသော (သားမွေး၊ အရိုးနှင့် အရေပြား) ရုပ်ပိုင်းဆိုင်ရာ အထောက်အထားများသည် မျိုးရိုးဗီဇဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ ဝံတို့၏ အမျိုးနွယ်မှ ဆင်းသက်သည်ဟု ကောက်ချက်ထုတ်သည် ။

ထိုအချက်ကိုလိုက်၍ လေ့လာဆန်းစစ်သောအခါ အတွင်းကျသော ဝက်ဝံမျိုးစိတ်များမှာ အာရှဝက်ဝံနက်နှင့် တိဗက် ဟိမန္တာရှိ အညိုရောင် ဝက်ဝံမျိုးစိတ်တို့ကို တွေ့ရှိရသည် ။

အနောက်တိုင်းစူးစမ်းရှာဖွေသူများသည် ဟိမဝန္တာသို့ထွက်ခွာသွားသည်နှင့် Yeti ၏တွေ့ရှိချက်များကို စတင်ခဲ့သည်။ စူးစမ်းရှာဖွေသူများသည် ဒေသခံများထံမှ ပထမဦး ဆုံးသောမှတ်တမ်းများကို စုဆောင်းပြီး ၎င်းလေ့လာတွေ့ရှိချက်များကို သတ္တဝါ၏ပုံသဏ္ဏာန် ၊ အမွေးအရောင်နှင့် နေထိုင်ပုံများကို အဓိပ္ပာယ်ဖွင့်ဆိုကြသည် ။

ဤသို့ဖြင့်အနောက်ကမ္ဘာက Yeti သည် တကယ့်အစစ်အမှန်ဖြစ်ကြောင်း ယုံကြည်လာပြီး Yeti ရှာဖွေတွေ့ရှိသည့် လေ့လာရေးခရီးများကိုစေလွှတ်ခဲ့ကြသည်။ ရုပ်ပိုင်းဆိုင်ရာ အထောက်အထားများ တွေ့ရှိရခဲသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ရတီနှင့်ပတ်သတ်၍ မှတ်တမ်းများ စုဆောင်းမှုသည် အရိုန်အဟုန် ကြီးမားလာ၏ ။

မည်သို့ပင်ဆိုစေကာမူ Yeti ၏ တည်ရှိမှုကို ဘယ်သောအခါမှ သုတေတီများ ဖယ်ရှားမှု မပြုကြပေ ။ ဟိမဝန္တာသည် အလွန်ကျယ်ပြန့်၏ ။ ၎င်း၏ ကျယ်ပြန့်မှုအတွင်း ရှာဖွေတွေ့ရှိခြင်းမရှိသေးသော တိရိစ္ဆာန်တည်ရှိမှုသည် ဖြစ်နိုင်ခြေ ၆၅ % ခန့် ရှိသည်။

The Snow Leopard စာအုပ်တွင် ကျော်ကြားသောသဘာဝစာရေးဆရာ Peter Matthiessen က အပြာရောင်သိုးကိုလေ့လာရန် ၁၉၇၃ ခုနှစ်တွင် ဟိမဝန္တာတောင်ကို တက်ရောက်လေ့လာမှုအကြောင်း ရေးသားခဲ့သည်။ သူ၏ဇာတ်ကြောင်းတစ်လျှောက်လုံးတွင် စာရေးသူသည် နှင်းကျားသစ်ကဲ့သို့ Yeti ကို စူးစမ်းရန်ကြိုးစားပုံရသည်။ ထို့အပြင်သူ၏အဖော်ဖြစ်သူ ဒဏ္ဏာရီတောရိုင်းတိရစ္ဆာန်ဇီဝဗေဒပညာရှင် ဂျော့ခ်ျရှလဲလ်ကလည်း Yeti ၏တည်ရှိမှုကို ငြင်းဆန်ခဲ့သည်ဟု ကျွန်ုပ်တို့ဖတ်ရသည်။

ဒဏ္ဏာရီဆန်သောသတ္တဝါများအားလုံးထဲ၌ Yeti သည် သိပ္ပံဂျာနယ်များအတွင်း အာရုံစိုက်မှုအများဆုံး ခံရသည်။ ၎င်းသည် Oryx၊ Royal Society နှင့် Molecular Phylogenetics and Evolution ကဲ့သို့သော ထိပ်တန်း သိပ္ပံနှင့်ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ စာစောင်များမှ ဆောင်းပါးများ၏အကြောင်းအရာအတွင်း ဖော်ပြထားချက်၏ စာရင်းအရဖြစ်သည်။

1973 ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေသော Oryx ဆောင်းပါးသည် Yeti ၏တည်ရှိမှုနှင့်ပတ်သက်၍ ဤသို့ဖော်ပြထားသည် ။ သိပ္ပံပညာအရ ရတီ၏တည်ရှိမှုသည် ဖြစ်နိုင်စရာ ရှိသည် ၊ သို့သော် ၎င်းနှင့်ပတ်သတ်၍ ရုပ်ပိုင်းဆိုင်ရာအထောက်အထားများ နည်းပါးသော်လည်း ရတီ၏ ဖြစ်တည်မှုသည် နက်ရှိုင်းသော အတွင်းပိုင်း၌ တည်ရှိနေဟန်တူသည် ။ ၎င်းကို ရှာဖွေတွေ့ရှိလျှင် သူသည် လူနှင့် များစွာ တူနိုင်စရာအကြောင်းရှိသည် ဟု ဆို၏ ။ ဆောင်းပါးအားလုံးသည် ရတီ၏ ဆံပင်၊ အရိုးနှင့်အသားအရေရှိ ရုပ်ပိုင်းဆိုင်ရာ နမူနာများ၏ မျိုးရိုးဗီဇဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအပေါ်အာရုံစူးစိုက်ခဲ့ကြသည်။

၂၀၁၄ခုနှစ်က စာတမ်းတစ်စောင်၌ လေ့လာမှုများပြုလုပ်ခဲ့သည် ရတီ၏ နမူနာဆိုင်ရာ စူးစမ်းလေ့လာမှုနှစ်ခုသည် လူပြောများသည့် ရတီအကြောင်းနှင့်ပတ်သတ်၍ အမှန်တကယ်ပင် ထိုတိရိစ္ဆာန်မျိုးစိတ်ရှိနိုင်ကြောင်း ထုတ်ပြန်ခဲ့သည် ။ ထိုသတ္တဝါသည် ဝံနှင့် များစွာ တူနိုင်စရာရှိသည်ဟု ဆိုထားသည် ။ ထိုစာတန်း၌ ရတီကို အညိုရောင်ဝံနှင့် အနက်ရောင်ဝံများ ဖြစ်နိုင်စရာရှိသည်ဟု နိဂုံးချုပ်ထားသည် ။

သို့သော် ရတီနှင့်ပတ်သတ်၍ စစ်မှန်သောအဖြေကို အနောက်တိုင်းသုတေသီများနှင့် အရှေးတိုင်းသုတေသီများမှာ ယနေ့ချိန်ထိတိုင် ရှာဖွေနေလျက်ရှိသည် ။ အမျိုးမျိုး လေ့လာတွေ့ရှိချက်များမှ အမျိုးမျိုးသော ကောက်ချက်များကိုလည်း ဆွဲချက်တင်ကြ၏ ။

ကျွန်တော်တို့သည် Yeti ကို Loch Ness Monster နှင့်တူညီသော cryptozoological လိမ်လည်မှုတစ်ခုခုအဖြစ် ယူဆမိလိမ့်မည်။

သို့သော် ဒေသခံယဉ်ကျေးမှုဓလေ့ထုံးစံများ၌ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော Yeti နှင့် ပတ်သက်သည့် အရာတစ်ခုသည် ရှိနေသည် ။ ဒေသခံမဟုတ်သော ဤအနောက်တိုင်းသားများသည် ရတီနှင့်ပတ်သတ်၍ ဒဏ္ဏာရီလာ ယဉ်ကျေးမှုအနေအထားကို အပြည့်အဝ နားမလည်ခြင်းလည်း ဖြစ်ပေလိမ့်မည် ။

ဟိမဝန္တာဒေသတွင် အဓိက ဘာသာတရားမှာ နတ်ဘုရားများနှင့် လူတို့၏ အပြန်အလှန်ဆက်နွယ်မှုအရ မှော်သတ္တဝါများ နေရာအနှံ့ပျံ့နှံ့လျက်ရှိရာ ထိုသတ္တဝါများ၏ လောင်းရိပ့်အောက်၌ ခိုလုံမှုများလည်း ပြည့်နှက်နေ၏ ။ ဘုရားဟောင်းနှင့် ဘုရားအသစ်များတွင် နတ်ဆိုးများလည်း ပါဝင်သည် ။ ဒဏ္ဏာရီလာ မှတ်တမ်းမှတ်ရာအရ ရတီများကို တစ်ချိန်က လူသားများသည် သဘာဝကိုစောင့်ရှောက်သော နတ်ဘုရားများအဖြင့် ကိုးကွယ်ခဲ့ကြကြောင်း သိရှိရသည် ။ ဟိမဝန္တာဒေသတွင်နေထိုင်သော Lepcha လူမျိုးတို့၏ ဓလေ့ထုံးစံအရ Yeti သည် အမဲလိုက်သည့်ခရီးစဉ်၏ အောင်မြင်မှုကို သြဇာလွှမ်းမိုးသည့် နတ်ဘုရားဝိညာဉ်ဖြစ်သည်ဟု ဆိုသည် ။

များသောအားဖြင့် Yeti ၏ပုံပြင်များသည် အဖြစ်မှန်ထက် ကျော်လွန်သောအရာတစ်ခုကို အရိပ်အမြွက်ဖော်ပြသည်။

ဥပမာအားဖြင့် Ang Tsering Sherpa ၏ မှတ်တမ်းအရ သူ့ဖခင်သည် Yeti ကိုတွေ့ခဲ့သည့်အချိန်ကို သူ့အား ပြန်လည်ပြောပြခဲ့သည် ။ ဖခင်ပြောဆိုချက်အရ ရတီသည် လူတွေကို လမ်းလျှောက်လို့မရအောင်လုပ်၍ စားသောက်သည်ဟု ဆိုထား၏ ။

#htoohtoolay


Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...