Skip to main content

အနောက်ကမ္ဘာရဲ့မှော်သမိုင်း


အနောက်ကမ္ဘာရဲ့မှော်သမိုင်း
-----
အနောက်တိုင်း မှော်သမိုင်းကိုလေ့လာရာ၌ ရှေးခေတ် ယုဒခရစ်ယာန်များနှင့် ဂရိရောမ အမွေအနှစ်များတွင် တွေ့ရသည် ။ အနောက်တိုင်းယဉ်ကျေးမှုတိုးတက်မှု လမ်းကြောင်းတွင် မှော်ပညာသည် အစောဆုံးဖြစ်ပြီး ဘာသာရေးနှင့် သိပ္ပံအမြင်များ ပါဝင်သည် ။ အထူးဖြင့် မြေထဲပင်လယ်များအတွင်း နယ်မြေသစ်များ စတင်မရှာဖွေခင်အထိ ၎င်းတို့၏ ယဉ်ကျေးမှုသည် ဥရောပမြောက်ပိုင်းတွင် ကျယ်ပျံ့လျက်ရှိသည် ။

သိပ္ပံပညာရပ်များ တိုးတက်လာသည်နှင့်အမျှ ၎င်းတို့၏ မှော်ပညာနှင့် ဘာသာတရားတို့၏ နောက်ခံသမိုင်းမှာ ကျဆင်းသွားရလေတော့၏။

‌မှော်အတက်ပညာဟူသော စကားလုံးကို (ဂရိ - mageia; လက်တင် - magia) ဟူသောစကားလုံးသည် ပါးရှားရှိ မက်ဒီယန်လူမျိုးတို့၏ ၎င်းတို့ဘာသာရေး Zoroastrianism ကို ရည်ညွှန်းသည့် magoi ဟူသော ဂရိစကားလုံးမှ ဆင်းသက်လာခြင်း ဖြစ်သည် ။ ရောမတို့၏ အစဉ်အလာအရ နတ်ဝိဇ္ဇာအတက်သည် လျှို့ဝှက်အပ်သော ပညာရပ်ဖြစ်ကာ ၎င်းသည် နတ်ဘုရားများ ၊ သဘာဝ ဗဟုသုတများနှင့် ဆက်စပ်လျက်ရှိကာ ထိုပညာရပ်၏ မူလအစသည် အရှေ့အလယ်ပိုင်းမှ စတင်သည်ဟု ဆိုလေ၏ ။

မီး ၊ ဆား ၊ ဂျုံစပါးများကို နတ်ဝိဇ္ဇာမှော်ပညာနှင့်ပတ်သတ်၍ အသုံးပြုပုံအား မက်ဆိုပိုတေးရီးယားနှင့် အီဂျစ်နိုင်ငံများတွင် မှတ်တမ်းတင်ထားပုံကို တွေ့ရှိရသည် ။ ဤကျမ်းများသည် မကောင်းသော မှော်အတက်ပညာများကို တားဆီးသည့် ကာကွယ်မှုအဖြင့် မှတ်တမ်းတင်ထားပြီး သေလွန်သူများ၏ ဝိဉာဉ်များကို ခိုင်းစေရန်အတွက် သူတို့၏ အရိုးအသားများကို ကျိုချက်ပုံ အဆင့်ဆင့်အား ဖော်ပြထားသည် ။ ဥပမာအားဖြင့် အေဒီ ၁ ရာစုမှ ၄ ရာစုအတွင်း ဂရိ - အီဂျစ်တို့မှ ကျူစာများတွင် တိရိစ္ဆာန်အရိုးများအား အစီအရင်ဖြင့် ရိုးရာဓလေ့အတိုင်း ပြုလုပ်ပုံရည်ညွှန်းချက်များ ပါဝင်သည် ။ နိုင်ငံရေး ကိစ္စရပ်များတွင်လည်း ထိုပညာရပ်များကို ထည့်သွင်းအသုံးပြုလေသည် ။

ရှေးရောမလူ့အဖွဲ့အစည်းသည် ၎င်းပညာရပ်ကို အထူးသဖြင့် အသုံးပြုသည့်နေရာမှာ ပြိုင်ဆိုင်မှုများအတွင်း ဖြစ်သည် ။ ထိုအစီရင်ပစ္စည်းများဖြင့် တစ်ဘက်ရှိ ပြိုင်ဘက်ကို အနိုင်ရလိုမှုအတွက် အသုံးပြု၏ ။

မှော်ပညာနှင့်ပတ်သတ်၍ တိကျသေခြာသည့် အချက်အလက်များ မရှိသော်လည်း ရောမအင်ပါယာ၏ အစောပိုင်း ခရစ်ယာန်ခေတ်မှသည် ယနေ့ခေတ်တိုင်အောင် ပျောက်ကွယ်သွားခြင်း မရှိသေးပေ ။

ခရစ်ယာန်ကျမ်း၌ ယေရှုခရစ်တော်အား မွေးဖွားခြင်းတွင် ပေါ်ပေါက်လာသော မာဂုပညာရပ်များမှာ ရောမ၏ ကိုယ်ဝန်ဆောင်အတက်နှင့် နက္ခဗေဒမှော်ပညာများ ဖြစ်သည်ဟု ဆိုကြသည် ။ ယေရှုဖွားမြင်ခြင်းအား အရေးပါပုံကို ဖော်ပြလိုဟန်တူသည် ။ သို့သော် နတ်ဝိဇ္ဇာအတက်သည် ရှိမုန်မက်ဂတ် (တမန်တော် : -၂၅) ၏ မှတ်တမ်း၌ ခရစ်တော်၏ တပည့်များအား အံ့ဖွယ်တန်ခိုးကို ရယူရန်ကြိုးစားခြင်းသည် အပျက်သဘောဆောင်သည်ဟု ဓမ္မသစ်ကျမ်း၌ ဖော်ပြပါရှိ၏ ။ မည်သို့ပင်ဆိုစေကာမူ မှော်ပညာအတက်သည် နတ်ဆိုးများ၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ရန် အသုံးပြုသည်ဟူ၍ ယနေ့အချိန်ထိတိုင် အနောက်တိုင်းနိုင်ငံများ၌ လက်ခံကျင့်သုံးကြလေ၏ ။

#htoohtoolay

Comments

  1. Malleus Maleficarum အရေးခင်းအကြောင်းသိချင်ပါတယ်ရှင့်

    ReplyDelete
    Replies
    1. Blog မှာ ရေးတင်ထားပြီးပါပြီခင်ဗျာ

      Delete

Post a Comment

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...