အနောက်ကမ္ဘာရဲ့မှော်သမိုင်း
-----
အနောက်တိုင်း မှော်သမိုင်းကိုလေ့လာရာ၌ ရှေးခေတ် ယုဒခရစ်ယာန်များနှင့်
ဂရိရောမ အမွေအနှစ်များတွင် တွေ့ရသည် ။ အနောက်တိုင်းယဉ်ကျေးမှုတိုးတက်မှု လမ်းကြောင်းတွင်
မှော်ပညာသည် အစောဆုံးဖြစ်ပြီး ဘာသာရေးနှင့် သိပ္ပံအမြင်များ ပါဝင်သည် ။ အထူးဖြင့် မြေထဲပင်လယ်များအတွင်း
နယ်မြေသစ်များ စတင်မရှာဖွေခင်အထိ ၎င်းတို့၏ ယဉ်ကျေးမှုသည် ဥရောပမြောက်ပိုင်းတွင် ကျယ်ပျံ့လျက်ရှိသည်
။
သိပ္ပံပညာရပ်များ တိုးတက်လာသည်နှင့်အမျှ ၎င်းတို့၏
မှော်ပညာနှင့် ဘာသာတရားတို့၏ နောက်ခံသမိုင်းမှာ ကျဆင်းသွားရလေတော့၏။
မှော်အတက်ပညာဟူသော စကားလုံးကို (ဂရိ - mageia; လက်တင် - magia) ဟူသောစကားလုံးသည်
ပါးရှားရှိ မက်ဒီယန်လူမျိုးတို့၏ ၎င်းတို့ဘာသာရေး
Zoroastrianism ကို
ရည်ညွှန်းသည့် magoi ဟူသော ဂရိစကားလုံးမှ ဆင်းသက်လာခြင်း
ဖြစ်သည် ။ ရောမတို့၏ အစဉ်အလာအရ နတ်ဝိဇ္ဇာအတက်သည် လျှို့ဝှက်အပ်သော ပညာရပ်ဖြစ်ကာ ၎င်းသည်
နတ်ဘုရားများ ၊ သဘာဝ ဗဟုသုတများနှင့် ဆက်စပ်လျက်ရှိကာ ထိုပညာရပ်၏ မူလအစသည် အရှေ့အလယ်ပိုင်းမှ
စတင်သည်ဟု ဆိုလေ၏ ။
မီး
၊ ဆား ၊ ဂျုံစပါးများကို နတ်ဝိဇ္ဇာမှော်ပညာနှင့်ပတ်သတ်၍ အသုံးပြုပုံအား မက်ဆိုပိုတေးရီးယားနှင့်
အီဂျစ်နိုင်ငံများတွင် မှတ်တမ်းတင်ထားပုံကို တွေ့ရှိရသည် ။ ဤကျမ်းများသည် မကောင်းသော
မှော်အတက်ပညာများကို တားဆီးသည့် ကာကွယ်မှုအဖြင့် မှတ်တမ်းတင်ထားပြီး သေလွန်သူများ၏
ဝိဉာဉ်များကို ခိုင်းစေရန်အတွက် သူတို့၏ အရိုးအသားများကို ကျိုချက်ပုံ အဆင့်ဆင့်အား
ဖော်ပြထားသည် ။ ဥပမာအားဖြင့် အေဒီ ၁ ရာစုမှ ၄ ရာစုအတွင်း ဂရိ - အီဂျစ်တို့မှ ကျူစာများတွင်
တိရိစ္ဆာန်အရိုးများအား အစီအရင်ဖြင့် ရိုးရာဓလေ့အတိုင်း ပြုလုပ်ပုံရည်ညွှန်းချက်များ
ပါဝင်သည် ။ နိုင်ငံရေး ကိစ္စရပ်များတွင်လည်း ထိုပညာရပ်များကို ထည့်သွင်းအသုံးပြုလေသည်
။
ရှေးရောမလူ့အဖွဲ့အစည်းသည်
၎င်းပညာရပ်ကို အထူးသဖြင့် အသုံးပြုသည့်နေရာမှာ ပြိုင်ဆိုင်မှုများအတွင်း ဖြစ်သည် ။
ထိုအစီရင်ပစ္စည်းများဖြင့် တစ်ဘက်ရှိ ပြိုင်ဘက်ကို အနိုင်ရလိုမှုအတွက် အသုံးပြု၏ ။
မှော်ပညာနှင့်ပတ်သတ်၍
တိကျသေခြာသည့် အချက်အလက်များ မရှိသော်လည်း ရောမအင်ပါယာ၏ အစောပိုင်း ခရစ်ယာန်ခေတ်မှသည်
ယနေ့ခေတ်တိုင်အောင် ပျောက်ကွယ်သွားခြင်း မရှိသေးပေ ။
ခရစ်ယာန်ကျမ်း၌
ယေရှုခရစ်တော်အား မွေးဖွားခြင်းတွင် ပေါ်ပေါက်လာသော မာဂုပညာရပ်များမှာ ရောမ၏ ကိုယ်ဝန်ဆောင်အတက်နှင့်
နက္ခဗေဒမှော်ပညာများ ဖြစ်သည်ဟု ဆိုကြသည် ။ ယေရှုဖွားမြင်ခြင်းအား အရေးပါပုံကို ဖော်ပြလိုဟန်တူသည်
။ သို့သော် နတ်ဝိဇ္ဇာအတက်သည် ရှိမုန်မက်ဂတ် (တမန်တော် ၈ : ၉
-၂၅) ၏
မှတ်တမ်း၌ ခရစ်တော်၏ တပည့်များအား အံ့ဖွယ်တန်ခိုးကို ရယူရန်ကြိုးစားခြင်းသည် အပျက်သဘောဆောင်သည်ဟု
ဓမ္မသစ်ကျမ်း၌ ဖော်ပြပါရှိ၏ ။ မည်သို့ပင်ဆိုစေကာမူ မှော်ပညာအတက်သည် နတ်ဆိုးများ၏ တိုက်ခိုက်မှုရန်မှ
ကာကွယ်ရန် အသုံးပြုသည်ဟူ၍ ယနေ့အချိန်ထိတိုင် အနောက်တိုင်းနိုင်ငံများ၌ လက်ခံကျင့်သုံးကြလေ၏
။
#htoohtoolay

Malleus Maleficarum အရေးခင်းအကြောင်းသိချင်ပါတယ်ရှင့်
ReplyDeleteBlog မှာ ရေးတင်ထားပြီးပါပြီခင်ဗျာ
Delete