Skip to main content

လူတစ်ယောက်၏ စိတ်ဝိဉာဉ်စွမ်းအင်


လူတစ်ယောက်၏ စိတ်ဝိဉာဉ်စွမ်းအင်
-----
စိတ် သို့မဟုတ် စဉ်းစားဉာဏ်သည် ကျွန်ုပ်တို့၌ ထင်ရှားရှိနေသော အစိတ်အပိုင်းတစ်ခုဖြစ်သည် ။ ထိုစိတ်၌ အတွေးများ ပေါ်လာသည် ၊ ပျောက်သွားသည် ၊ သိမ်းဆည်းသည် ၊ ပယ်ဖျက်သည် စသည်ဖြင့် အမျိုးမျိုး ပြုလုပ်နိုင်သည် ။ ကမ္ဘာပေါ်၌ အလုပ်လုပ်နေကြသောစီးပွားရေးလုပ်ငန်းများသည် စိတ်ပိုင်းဆိုင်ရာလုပ်ငန်းဖြစ်သည် ။ စိတ်သည် ဗဟုသုတတို့ရှိနေရာ ၊ သို့မဟုတ် စိတ်ကူးစိတ်သန်းနှင့် မှတ်ဉာဏ်တို့၏ နေအိမ်ဖြစ်သည် ။

တစ်စုံတစ်ခုသည် အာရုံနှင့် တွေ့သောအခါ သူ၏ လုပ်ဆောင်မှုသည် စတင်လာသည် ။ ထိုအခါ စိတ်ကူစိတ်သန်းနှင့် မှတ်ဉာဏ်သည် အတွေးများအတွက် ကုန်ကြမ်းဖြစ်လာမည့်သတင်းအချက်အလက်ကို လုပ်ဆောင်ပေးသည် ။ ထိုအချက်မှနေ၍အတွေးများသည် မတူညီသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဝိဉာဉ်ရေး လှုပ်ရှားမှုသို့ ပြောင်းလဲသွားသည် ။

စိတ်နှင့် အတွေးများ၏ အဓိကနေရာဖြစ်သော ဝိဉာဉ်၏ အစိတ်အပိုင်းကို အလင်းဉာဏ်ဖွင့်ပေးခြင်းသည် အလွန်အရေးကြီးသည် ။ အကြောင်းမှာ ကျွန်ုပ်တို့စဉ်းစားပုံက ကျွန်ုပ်တို့ မည်သူဖြစ်ကြောင်းကို သတ်မှတ်သည် ။ လတ်တလော ရေပန်းစားနေသော အပြောအဆိုတစ်ခုမှာ -

“ ကျွန်ုပ်တို့၏ဘဝသည် ကျွန်ုပ်တို့ ပြုစုပျိုးထောင်နေသော အတွေးများအပေါ် မူတည်နေသည် ။ ငါတို့ရဲ့အတွေးတွေက ငြိမ်းချမ်းတယ် ၊ တည်ငြိမ်တယ် ၊ နူးညံ့သိမ်မွေ့ပြီး ကြင်နာမယ်ဆိုရင် ငါတို့ရဲ့ဘဝဟာလည်း  ထိုအရာများ၏ ပြယုပ်ဖြစ်မည် ။ ကျွန်ပ်တို့၏  အာရုံများကို ကျွန်ုပ်တို့နေထိုင်မှုအရာများအပေါ် အာရုံစိုက်နေနယ်ဆိုရင် ကျွန်ုပ်တို့သည် အတွေးများနှင့်  ပြည့်နေနေသည့် မတည်ငြိမ်သောသူများ ဖြစ်ကြမည် ။

ဝိဉာဉ်၏ အကြီးမားဆုံးအစိတ်အပိုင်းတစ်ခုမှာ စိတ်၏ အတွင်းပိုင်းလှုပ်ရှားမှုကို လေ့လာခြင်း ၊ အတွေးများကို တားမြစ်ခြင်းနှင့် စိတ်ကို နှောက်ယှက်စေသောအရာများမှ ဝေးဝေးနေပြီး စိတ်ထဲတွင် မေတ္တာတရားဖြန်ဝေခြင်း အလေ့အကျင့်ကို လုပ်ဆောင်ပေးရမည် ”
           
ဝိဉာဉ်၏စိတ်ဝင်စားမှုဟု လူသိများသည့် လိုအင်သည် စိတ်ဝိဉာဉ်ကို ပြီးမြောက်စေမည့်အရာများကို အလိုရှိသည် ။ ၎င်းသည် ဝိဉာဉ်နှင့် ခန္ဓာကိုယ်ရှိစွမ်းအားများ ရရှိသော လုပ်ဆောင်မှုအားလုံးကို ထိန်းချုပ်ပေးသည် ။ ဝိဉာဉ်၏ ဤရှုထောင့်သည် အမြဲတစ်စေ သီးခြားရည်မှည်းချက် ရှိသည် ။ ဤလုပ်ဆောင်ချက်မှ ရရှိနိုင်မည့်လိုအပ်ချက်များအား ဆုံးဖြတ်ချက်ချခြင်းမှ စတင်လေသည် ။ ၎င်းသည် စိတ်ဓာတ်ပြင်းပြမှုကို အများဆုံး ဖြစ်ပေါ်စေနိုင်သည့် ဝိဉာဉ်၏ရှုထောင့်ဖြစ်သော စိတ်ဝိဉာဉ်ကို မှေးမှိန်စေသည့်အပျက်သဘောနှင့် မိမိကိုယ်ကို ပြန်လည်ဖျက်ဆီးသည့် စွမ်းအားများ လွှမ်းမိုးလျက်ရှိသည် ။
စိတ်နှင့်ပတ်သတ်၍ အဆိုတစ်ခုမှာ 

“ ကျွန်တော်တို့စိတ်ဝိဉာဉ်၏ သဘောသဘာဝအတွင်း အုပ်ချုပ်ခြင်းနှင့် အုပ်ချုပ်နိုင်စွမ်းအားများမရှိ ၊ သဘာဝကျကျ နာခံမှုလည်း မရှိ ” ဟု ဆိုသည် ။

စိတ်တန်းခိုး၏ အနက်ကို လေ့လာခြင်း . . .

#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...