ကမ္ဘာ၏ အလယ်စင်တာ
-----
ကျွန်တော်တို့နေထိုင်နေသော
ဒေသသည် နိုင်ငံ့အမည်နှင့်ယှဉ်ကာ ၎င်းတို့၏ နိုင်ငံ့အလယ်ဗဟိုချက်ဟူ၍ တိုင်းတာဖော်ပြသော
အရပ်ဒေသ တစ်ခုစီ ရှိသည် ။ မိမိတို့ ပိုင်ဆိုင်ထားသော နိုင်ငံ၏ အကျယ်အဝန်းကို လိုက်ကာ
အလယ်စင်တာသည် တစ်သက်မတ်တည်း ရှိနေ၏ ။ ကမ္ဘာပေါ်တွင်ရှိသော နိုင်ငံတိုင်း၌ အလယ်ဗဟိုဆုံမှတ်ဟူ၍ရှိလေရာ
ကမ္ဘာလုံးဆိုင်ရာ ပထဝီအနေအထားအရလည်း ကမ္ဘာ၏ ဗဟိုချက်သည် ရှိသင့်၏ ။
ဤသို့ဆိုလျှင်
ကမ္ဘာ့အလယ်ဗဟိုသည် မည်သည့်အရပ်ကို ရည်ညွှန်းမည်နည်း ။ ထိုမေးခွန်းအတွက်အဖြေသည် ထင်သလောက်
မရှင်းလင်းလှပေ ။ ယနေ့ထိတိုင်အောင် NASA မှ ထုတ်ပြန်ချက်အရပင် မသေခြာသော ရလဒ်ကိုသာ
ပိုင်ဆိုင်ထား၏ ။
ကမ္ဘာမြေ၏
အလယ်စင်တာကို တိုင်းတာရန်အတွက် ပထဝီအနေအထားကို လေ့လာကြည့်ရမည်ဟု သုတေသီပညာရှင်များက
အကြံပေးသည် ။ သို့သော် အများလက်ခံထားသော အချက်အရ အလယ်စင်တာသည် ဂီဇာပိရိမစ်ကြီးကို ရည်ညွှန်းကြ၏
။ ကမ္ဘာလုံးဆိုင်ရာ တိုင်းတာချက်များအရ အလယ်စင်တာမှာ ပိရိမစ်ကြီးသည် အနီးစပ်ဆုံးသော
အနေအထားတွင် ရှိနေသည်ဟု ဆိုသည် ။ ပရိမစ်ကြီး၏ တည်နေရာအား ကမ္ဘာပေါ်ရှိ မြေမျက်နှာများကို
ခြုံငုံလျက် အလယ်ဗဟိုချက်အား အတိအကျ ပြသနေသည် ။
စာဖတ်သူတို့အိမ်တွင်
ကမ္ဘာ့မြေပုံ ချိတ်ဆွဲထားမည်ဆိုပါက ထိုမြေပုံကို ကြည့်ရှုလိုက်လျှင် အလယ်စင်တာအား စာဖတ်သူကိုယ်တိုင်
တွေ့မြင်နိုင်လိမ့်မည် ။ ထိုအချက် မှန်ကန်ပါက ရှေးအီဂျစ်တို့၏ နည်းပညာများမှာ မေးခွန်းထုတ်စရာ
ရှိလာပေလိမ့်မည် ။ လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ကျော်လောက်က ကောင်းကင်ယံထက်မှ မြေအနေအထားကို
ကြည့်ရှုနိုင်သည်အထိ တိုးတက်နေပြီလော ။ ထိုအချက်သည် စိတ်ကူးယဉ်ဆန်လှ၏ ။
ယခုအခါ၌
ကမ္ဘာ၏စင်တာကို ရှာဖွေရန် အနီးစပ်ဆုံးသော သီအိုရီများ အပြိုင်အဆိုင် ထုတ်ပြန်လာကြသည်
။ များစွာသော အဆိုပြုချက်များထဲမှ တစ်ခုမှာ ကမ္ဘာ့ဗဟိုချက်အား တိုင်းတာနိုင်မည့် အဓိက
အချက်သည် ပထဝီအနေအထားဖြစ်သည်ဟု ဆိုသည် ။ ထိုအဆိုပြုချက်ကို လူကြိုက်များကြ၏ ။ သို့သော်
နာဆာမှ ပထဝီအနေအထားကို လိုက်၍ ဗဟိုနေရာကို ရှာဖွေလေရာ အလယ်စင်တာဟု အနီးစပ်ဆုံး တိုင်းတာခန့်မှန်းထားသည့်
ပထဝီသည် တစ်နှစ်တစ်ခါ ပြောင်းလဲနေလေ၏ ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့မြေပထဝီများသည် မြေငလျှင်များ
၊ ရေတိုက်စားမှုများနှင့် ကမ္ဘာကြီး လည်ပတ်နေရာမှ အစဉ်အမြဲ ပြောင်းလဲနေသည်ကို တွေ့ရသောကြောင့်
ဖြစ်သည် ။ ဤသို့ဆိုလျှင် တကယ်ပင် ဂီဇာပိရိမစ်သည် အလယ်ဗဟို ဖြစ်နေမည်လော ။
ဂီဇာပိရိမစ်နှင့်
ပတ်သတ်၍ ဝီကီ တွင် ဤသို့ မှတ်တမ်းတင်ထားကြောင်း တွေ့ရသည် -
၁၈၆၄
ခုနှစ်တွင် စကော့တလန် နက္ခဗေဒပညာရှင် ချားလ်စ်ပီးဇီစမိုက်သည် သူ၏စာအုပ်၌ ကျွန်ုပ်တို့၏
မဟာအမွေအနစ်ဖြစ်သော ဂရိတ်ပိရိမစ်ကြီးအား ဖော်ပြထားသည်မှာ ၃၀
ဒီဂရီမှ ၃၁ ဒီဂရီစင်တီဂရိတ်နှင့် အီဂျစ်ပြည်ရှိ ဂိုင်ဇာပိရမစ်၏ တည်နေရာသည် ကမ္ဘာ့အလယ်စင်တာဖြစ်သည်
။
၁၉၁၉ ခုနှစ်စက်တင်ဘာလထုတ် Trestle Board မဂ္ဂဇင်းတွင် မဟာပိရမစ်သည် ပထဝီဝင်ဗဟိုအချက်အချာဖြစ်ခြင်းကို
သိရှိရခြင်းအား နှစ်ပေါင်းများစွာ သိပ္ပံနည်းကျ
စုံစမ်းစစ်ဆေးမှုဖြင့် ဆုံးဖြတ်ခဲ့ကြပြီး မဟာပိရမစ်သည် လက်ရှိမြေ၏နောက်ဆုံး အလယ်စင်တာ
ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။
၁၉၇၃
ခုနှစ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရူပဗေဒပညာရှင် အင်ဒရူးဂျေဝုဒ်သည်
ဒစ်ဂျစ်တယ်ကမ္ဘာလုံးဆိုင်ရာမြေပုံကို အသုံးပြု၍ ကမ္ဘာ့အလယ်စင်တာမှာ ၃၉ ဒီဂရီနှင့် ၃၄
°ဒီဂရီဖာရင်ဟိုက်တို့ဖြစ်သည်ဟုဆိုသည် ။ (ဂီဇာပိရိမစ်၏ မြောက်ဘက် ကီလိုမီတာ
အနည်းငယ် အတွင်း ကျရောက်သည် ။ )
၂၀၀၃ ခုနှစ်တွင် Holger Isenberg မှပြန်လည်ပြုပြင်ထားသော ရလဒ်ကို ထုတ်ပြန်ခဲ့သည်။
၎င်းမှာ ၄၀ ° ၅၂′N ၃၄ ဒီဂရီ ၃၄′E ဟုလည်းကောင်း ၊ ၂၀၁၆
ခုနှစ်တွင် Google Maps မှတစ်ဆင့် Isenberg ၏ရလဒ်သည် ၄၀ ° ၅၂ ဒီဂရီ ၃၄ ဒီဂရီ
အား ကမ္ဘာ့ပထဝီဝင်စင်တာအဖြစ် အသီးသီး သတ်မှတ်ခဲ့ကြ၏ ။
#htoohtoolay

Comments
Post a Comment