နဂါးဒဏ္ဏာရီ
-----
နဂါးနှင့် ပတ်သတ်၍ ပုံပြင်များသည် လူကြိုက်အများဆုံးသော ဒဏ္ဏာရီအဖြင့် အမြဲတည်ရှိနေသည် ။ နဂါးပုံပြင်များကို အမေရိကမှ ဥရောပအထိ၊ အိန္ဒိယမှ တရုတ်အထိ ယဉ်ကျေးမှုများစွာတွင် လူသိများကြသည်။ သူတို့၏ သမိုင်းပုံပြင်များမှာ ရှည်လျားထူးခြားသည့်အတွက် ကျွန်ုပ်တို့၏ စာအုပ်များ ၊ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားအစီစဉ်များ၌ စဉ်ဆက်မပျက် တိုးပွားလျက် ရှိနေသည် ။
-----
နဂါးနှင့် ပတ်သတ်၍ ပုံပြင်များသည် လူကြိုက်အများဆုံးသော ဒဏ္ဏာရီအဖြင့် အမြဲတည်ရှိနေသည် ။ နဂါးပုံပြင်များကို အမေရိကမှ ဥရောပအထိ၊ အိန္ဒိယမှ တရုတ်အထိ ယဉ်ကျေးမှုများစွာတွင် လူသိများကြသည်။ သူတို့၏ သမိုင်းပုံပြင်များမှာ ရှည်လျားထူးခြားသည့်အတွက် ကျွန်ုပ်တို့၏ စာအုပ်များ ၊ ရုပ်ရှင်များနှင့် ရုပ်မြင်သံကြားအစီစဉ်များ၌ စဉ်ဆက်မပျက် တိုးပွားလျက် ရှိနေသည် ။
နဂါးတို့နှင့် ပတ်သတ်သည့် အကြောင်းအရာများမှာ မည်သည့်ခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်ကို မသိရှိရသော်လည်း အလွန်ကြီးမားသည့် မြွေကြီးများ ပျံသန်းပုံကို ရှေးခေတ် ဂရိနှင့် ဆူးမားရိယန်းတို့၏ ခေတ်အစောပိုင်းက ဖော်ပြထားသည်ကို တွေ့ရှိရသည် ။ နိုင်ငံအရပ်ရပ်မှ သမိုင်းများစွာတွင် နဂါး၏ ပုံသဏ္ဏာန်ကို ဒဏ္ဏာရီလာ နဂါးပုံစံအဖြစ်သာ ယူဆခဲ့ကြသည် ။ တစ်ခါတစ်ရံ နဂါးကို လူတို့၏ မိတ်ဆွေအဖြင့် ဖော်ပြကြလေ၏ ။
ခရစ်ယာန်ဘာသာများ ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့သွားသော အချိန်တွင် နဂါး၏ တည်ရှိမှုသည် ထင်ထင်ရှားရှား ဖော်ပြခြင်း ခံလာရသည် ။ အလယ်ခေတ်က လူသားများမှာ နဂါးကို သမ္မာကျမ်းစာမှတစ်ဆင့် သိရှိခဲ့ကြပြီး ထိုအချိန်က ခရစ်ယာန်အများစုသည် နဂါး၏ တည်ရှိမှုကို ယုံကြည်ခဲ့ပုံရသည် ။ နောက်ပိုင်းတွင် ယောဘကျမ်း အခန်းကြီး ၄၁ တွင် ဖော်ပြထားသော လေဝိသန်သည် နဂါးကဲ့သို့ဖြစ်သည်ဟု ဆိုကြသည် ။
၎င်း၏ ကျမ်းချက်အဆိုမှာ -
“ ကျောဘက်မှာ ကေျာက်တုံးများ တန်းစီထားတယ် ။ တစ်ခုမှာ နောက်တစ်ခုနဲ့ နီးကပ်နေတယ် ။ အဲ့ဒီအရာတွေက လေတွေကြားကို လွင့်ထွက်သွားမှာ မဟုတ်ဘူး ။ သူတို့က အချင်းချင်းချိတ်ဆက်ပြီး အတူတူ တွယ်ကပ်နေတယ် ။ ခွဲလို့ မရဘူး ။ သူ့ရဲ့နှာခေါင်းက တောက်ပတဲ့ အလင်းရောင်တွေ ထွက်လာတယ် ။ မျက်စိများက နံနက် ရောင်ခြည်လိုမျိုး ဖြစ်နေတယ် ။ ခံတွင်းထဲက မီးလျံတွေ မီးဆတွေ ထွက်လာတယ် ။ နှာခေါင်းထဲက အခိုးအငွေ့တွေ ထွက်နေတယ် ။ အသက်ရှုတဲ့အခါ မီးခဲများ တောက်လာပြီး ခံတွင်းထဲက မီးပွားများ ထွက်လာတယ် ”
နဂါးရဲ့ယုံကြည်မှုသည် ဒဏ္ဏာရီများပေါ်တွင်သာမဟုတ် ၊ ခိုင်လုံသည့် သက်သေသာဓကများပေါ်တွင်ပါ အခြေခံလျက်ရှိသည် ။ ထောင်စုများအဖို့ ကမ္ဘာတစ်ဝှမ်းတွင် တူးဖော်တွေ့ရှိရသော အရိုးများမှာ နဂါးအရိုးများဟု မည်သူမျှ အတိအကျ မထင်မြင်နိုင်ခဲ့ပေ ။ နဂါးသည် ဒိုင်နိုဆောများအကြောင်း လုံးဝမသိသူတစ်ယောက်အတွက် ယုတ္တိဆန်သော လက်ခံစရာ အကြောင်းအချက်တစ်ခုဖြစ်သည် ။
လူအများသည် နဂါးနှင့်ပတ်သတ်၍ အလွယ်တကူ စိတ်ကူးမြင်ယောင်နိုင်သော်လည်း နဂါး၏ ပုံသဏ္ဏာန်နှင့် ဖော်ပြချက်များသည် အမျိုးမျိုး ကွဲပြားခြားနားကြသည် ။ အချို့နဂါးသည် တောင်ပံများ ရှိသည် ။ အချို့က မရှိကြ ။ နဂါးအချို့သည် စကားပြောနိုင်သည် ၊ တစ်ချို့က မပြောနိုင် ။ အချို့က ပေအနည်းငယ်သာ ရှည်သည် ၊ အချို့က မိုင်နဲ့ချီ၍ ကြီးမားသည် ။ တစ်ချို့နဂါးမှာ သမုဒ္ဒရာအောက်တွင်နေ၍ တစ်ချို့နဂါးမှာ ဂူများအတွင်း နေထိုင်ကြသည်ဟု ဖော်ပြကြလေသည် ။
နဂါးများကို ဆင်နှင့် အခြားသော သတ္တဝါများပေါင်းစပ်ထားသည်ဟု ယူဆခဲ့ကြသည့်အပြင် အိနိ္ဒယနိုင်ငံသည် အရှေ့အလယ်ပိုင်းရှိ Lion နှင့် အခြားသားရဲများ ပေါက်ပွားရာနေရာဖြစ်ရုံသာမက နဂါးတို့၏ စတင်ပေါက်ပွားရာ မိခင်မြေအဖြင့် ယုံကြည်ကြလေသည် ။ သူတို့၏ ခန္ဓာကိုယ်အရောင်မှာ အစိမ်း ၊ အနီ နှင့် အနက်ရောင်မှတစ်ဆင့် ထူးခြားသည့် အဝါရောင် ၊ အပြာရောင် သို့မဟုတ် အဖြူရောင် နဂါးများအထိ ရှိသည်ဟု ဆိုကြသည် ။
နဂါးများမှာ လူတို့၏ စိတ်ကူးစိတ်သန်းများအရ အမျိူးမျိုး ပေါ်ထွက်လာကာ စာအုပ်နင့် ရုပ်ရှင်များတွင် ကလေးများအတွက် How to train Your Dragon ရုပ်ရှင်ရှိသလို လူကြီးများအတွက်လဲ Game of Thrones ရုပ်ရှင်များ ရှိ၏ ။ ရုပ်ရှင်၌ ဖော်ပြခြင်းခံရသော နဂါးများမှာ တစ်ဒါဇင်ကျော်ရှိသည် ။ သူတို့သည် တစ်ကောင်နှင့်တစ်ကောင်မတူသော ထူးခြားသည့် ကိုယ်ရည်ကိုယ်စွမ်းများ ရှိကြသလို အနက်ရောင်နဂါးသည် ငါးရှဉ့်ကို မကြိုက်ဟု ဆိုသည် ။ ( မည်သူသိသနည်း )
"နဂါး" ဟူသောစကားလုံးသည် ရှေးဟောင်းဂရိစကားလုံး "draconta" မှ ဆင်းသက်လာပြီး စောင့်ကြည့်ခြင်းဟု အဓိပ္ပာယ်ရသည်။ သူသည် ဘဏ္ဏာများကို ကာကွယ်ခြင်းဟု ဆိုသည် ။ သူသည် ရတနာများကို လိုချင်သော အရာအဖြင့် မယူဆနိုင်ပဲ ကာကွယ်သည့် ပုံဆောင်သူရဲကောင်း သင်ကေတဟု ဆိုနိုင်သည် ။

Comments
Post a Comment