Skip to main content

Romanson watch နာရီအကြောင်း


Romanson watch နာရီအကြောင်း
-----
မြန်မာနိုင်ငံ၌ ယခုအချိန်တွင် ခေတ်စားနေသော Brand နာရီများအတွင်း Romanson watch များကို သတိထားမိပါလိမ့်မည် ။ သို့သော် ၎င်းတို့၏တန်ဖိုးမှာ ကမ္ဘာနှင့်ယှဉ်ပါက မမြင့်မားသော်လည်း ကျွန်ုပ်တို့မြန်မာများအတွက်မူ တစ်သိန်းကျော် နှစ်သိန်း ၊ သုံးသိန်းဆိုသည်မှာ သေးငယ်သော ငွေပမာဏ မဟုတ်ပေ ။ သို့သော် သင်သည် Romanson နာရီတစ်လုံး ဝတ်ဆင်ထားသူဖြစ်ပါက သို့မဟုတ် ထိုနာရီ၏ အကြောင်းအရာများကို စိတ်ဝင်စားပါက သင် ဤ post အား အချိန်ခဏပေး၍ ဖတ်ရှုသင့်ပါသည် ။

Romanson သည် ၁၉၈၈ တွင် စတင်တည်ထောင်ပြီး ဆန်းသစ်သည့် လက်ပတ်နာရီများ တည်ထွင်ထုတ်လုပ်မှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သော နာရီဖြစ်သည် ။ ကမ္ဘာပေါ်တွင် စိန်သဏ္ဏာန်သမျှ ကောင်းမွန်သော မှန်ကိုအသုံးပြုသည့် ပထမဆုံး ကုမ္ပဏီလည်းဖြစ်သည် ။ ၎င်းသည် အလွန်ပါးလွှာသည့် ဒီဇိုင်းကို အဓိကထုတ်လုပ်ကာ ထိုအချက်ဖြင့်ပင် ကမ္ဘာ၏ အာရုံစိုက်ခြင်းကို ခံရသည် ။ Rose – Gold အမျိုးအစားရွှေဖြင့် ပြုလုပ်ထားသော လက်ပတ်နာရီများကို ထုတ်လုပ်နိုင်သော သီးသန့်နာရီအမှတ်တံဆိပ်စာရင်းတွင် ပါဝင်သည် ။

၎င်းသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုကတည်းက ဈေးကွက်လမ်းကြောင်း၏ အဓိကနေရာတွင် ရှိနေသည် ။ Romanson နာရီများကို သူတို့၏ ထူးခြားသည့် ဒီဇိုင်းများ ၊ ကြံ့ခိုင်မှုနှင့် ယုံကြည်စိတ်ချရမှုများကြောင့် ကမ္ဘာက လက်ခံခဲ့ရာ အရေးကြီးသောအချက်သည် သူ၏ အတင့်တင့်သော ဈေးနှုန်းများကြောင့် ဖြစ်သည် ။

ယခုတွင်မူ သူသည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၇၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိသည် ။ သူ၏ ချီးကျူးစရာချက်မှာ သူရရှိထားသော ကမ္ဘာ့အသိအမှတ်ပြုချက်များကို ထိန်းထားနိုင်ခြင်းပင်ဖြစ်သည် ။ ထို့အပြင် အလွန်ပါးလွှာသော (.၈၉ မီလီမီတာ) နာရီနှင့် Rose-Gold ဖြင့် ပြုလုပ်ထားသောနာရီများကို စတင်ထုတ်လုပ်သည့် နာရီအနည်းငယ်တွင်လည်း ပါဝင်သည်။

ကုမ္ပဏီသည် ထိုကဲ့သို့သော နည်းပညာဖွံ့ဖြိုးမှုနှင့် နာရီဒီဇိုင်းများတွင် စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်သော ထုတ်လုပ်မှုများကိုလည်း တွေ့ရသည် ။ သူ၏ အတွင်းပိုင်းစက်များအား Swiss quartz နှင့် Japan စက်များကိုသာ အသုံးပြုထားပြီး တောင်ကိုရီယားနိုင်ငံ၌ ၎င်း၏ ရုံးချုပ်ကုမ္ပဏီအား အခြေဆိုက်လေ၏ ။


#htoohtoolay

Comments

Popular posts from this blog

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

ထုံကူးခြင်း

ထုံကူးခြင်း ----- ထုံဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ လေ့ကျင့်ထားခြင်း ၊ အောင်မြင်စွာ အလေ့အကျင့် ပြုထား ခြင်းဟုရသည် ။ ထွက်ရပ်ပေါက်ပြီး သူများသည် အောင်မြင်စွာ ကျင့်ကြ...