တွင်းနက်ဆိုတာ ဘာလဲ
-----
တွင်းနက်များသည် အာကာသအတွင်းရှိ အထူးဆန်းဆုံးနှင့် စိတ်ဝင်စားစရာ အကောင်းဆုံး အရာများ ဖြစ်သည် ။ ၎င်းတို့သည် အလွန်များပြားစွာ တည်ရှိကြပြီး သူ၏ ပြင်းထန်သည့် မြေဆွဲအားကြောင့် အလင်းပင် ဆိုစေကာမူ လုံလောက်သည့် အကွာအဝေးကို ရောက်လာသည့်အခါ သူ၏ဆွဲအားအတွင်း၌ အလင်းပင် မလွတ်မြောက်တော့ပေ ။
အဲလ်ဘတ်အိုင်စတိုင်းသည် ၁၉၁၆ ခုနှစ်တွင် သူ၏ နှိုင်းရသီအိုရီနှင့်အတူ Black hole များ တည်ရှိနေမှုကို ခန့်မှန်းထားခဲ့သည် ။ Black hole ဟူသော ဝေါဟာရကို ၁၉၆၇ ခုတွင် အမေရိကန် နက္ခတ္တဗေဒပညာရှင် ဂျွန်ဝီလာ က အမည်ပေးခဲ့ခြင်း ဖြစ်သည် ။ ဆယ်စုနှစ်များစွာ တွင်းနက်များနှင့်ပတ်သတ်၍ သီအိုရီဆိုင်ရာ အရာဝတ္ထုအဖြင့် လူသိများလာခဲ့သော်လည်း ပထမဆုံး ရှာဖွေတွေ့ရှိသော ရုပ်ဝတ္ထုဆိုင်ရာ တွင်းနက်ကို ၁၉၇၁ ခုနှစ်မှ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည် ။
ထို့နောက် 2019 ခုနှစ်တွင် Event Horizon Telescope (EHT) ပူးပေါင်းမှုသည် တွင်းနက်ကြီး၏ ပထမဆုံးမှတ်တမ်းကို တင်နိုင်ခဲ့သည်။ သူသည် အာကာသအတွင်းရှိ ဖြစ်ရပ်များကို လိုက်လံစုံနေစဉ် သို့မဟုတ် တွင်းနက်၏ ဧရိယာပတ်ဝန်းကျင်အား လေ့လာမိနေရာမှ EHT သည် ၎င်းတွင်းနက်ကို နဂါးငွေ့တန်း၏ အလယ်ဗဟို၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သ ည် ။ ၎င်းသည် နက်နဲသော တွင်းနက်၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်း အသစ်တစ်ခုဖြစ်သည် ။ ထို တွေ့ရှိမှုကြောင့် တွင်းနက်၏ သဘာဝကို အပြည့်အစုံ လေ့လာနိုင်တော့မည်ဟု သုတေသနပညာရှင်များက ခန့်မှန်းထားကြသည် ။
ယခုအချိန်အထိ နက္ခတ္တဗေဒပညာရှင်များသည် တွင်းနက်သုံးမျိုး ခွဲခြားသတ်မှတ်ထားသည် -
(၁) ကြယ်နက်များ
(၂) supermassive အနက်ရောင်တွင်းများနှင့်
(၃) အလယ်အလတ် တွင်းနက်များ ဖြစ်သည် ။
( ၁ ) ကြယ်တွင်းနက်များ -
၎င်းသည် သေးငယ်သော်လည်း အန္တရာယ်များသော အရာဖြစ်သည် ။ ကြယ်တစ်လုံးသည် ၎င်း၏ လောင်စာ ကုန်ဆုံးသွားသောအခါ အရာဝတ္ထုသည် ပြိုကျသွားခြင်း သို့မဟုတ် သူ့အလိုလို လောင်မြှိုက်သွားနိုင်သည် ။ သူသည် အလည်ဗဟိုမှ ဆွဲအားအတွင်း ကျဆင်းသွားရာမှ တွင်းနက်များ ဖြစ်ပေါ်ကျန်ခဲ့လေ၏ ။ ကြယ်တစ်လုံးခြင်းစီ ပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော တွင်းနက်များသည် သိပ့်သည်းမှု သိပ်သည်းဆများ မရှိပါ ။ သူသည် သေးငယ်သည်ဟုဆိုသော်လည်း တွင်းနက်ဖြစ်ပေါ်စေနိုင်သည့ ် ကြယ်အရွယ်အစားမှာ နေ၏ သုံးဆ မျှ ကြီးမားတည်ရှိလေ၏ ။ သူသည် စကြာဝဠာကို ဖန်တီးပေးသည် ။
( ၂ ) supermassive အနက်ရောင်တွင်း -
သေးငယ်သော တွင်းနက်များက စကြာဝဠာကို ထူထောင်ပေးသည် ။ သို့သော် သူ၏ ဝမ်းကွဲဖြစ်သည့် ဤကြီးမားသော တွင်းနက်များသည် နဂါးငွေ့တန်းကို ဖန်တီးပေး၏ ။ နဂါးငွေ့တန်းတစ်ခုတွင် သန်းရာဂဏန်းရှိသော စကြာဝဠာများ ရှိသည် ။ စကြာဝဠာတစ်ခု၌ တွင်းနက်တစ်ခုရှိသည် ။ ထို့ကြောင့် နဂါးငွေ့တန်းတစ်ခုတွင် ကြယ်တွင်းနက်ပေါင်း သန်းရာဂဏန်းမျှ ရှိလေသည် ။ သို့သော် သိပ္ပံပညာရှင်များသည် ယခုချိန်ထိတိုင် ဤ ကြီးမားသော Supermassive block hole ဖြစ်ပေါ်လာပုံကို အတိအကျ မသိရှိကြသေးပေ ။ ၎င်းသည် နဂါးငွေ့တန်း၏ အလယ်ဗဟိုတွင် တည်ရှိသည် ။
( ၃ ) အလယ်အလတ်တွင်းနက် -
တစ်ချိန်က သိပ္ပံပညာရှင်များသည် တွင်းနက်များနှင့်ပတ်သက်၍ သေးငယ်သော တွင်းနက်နှင့် ကြီးမားသော တွင်းနက်များသာ ရှိကြောင်း ဆိုခဲ့ကြသော်လည်း မကြာသေးမီက ပြုလုပ်ခဲ့သည် သုတေတနများအရ အလယ်အလတ်တွင်းနက်(IMBHs) များလည်း တည်ရှိနေကြောင်း အတည်ပြုခဲ့သည် ။ ကြယ်တစ်လုံးသည် ဒြပ်ထုတစ်ခုနှင့်တစ်ခု တိုက်မိသောအခါ ၎င်း၏ သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်သည် ။ ထိုသေဆုံးမှုများမှ တွင်းနက်များဖြစ်လာ၍ တွင်းနက် တစ်ခုနှင့် တစ်ခု ပေါင်းစပ်မိရာမှ အလယ်အလတ် တွင်းနက်များအထိ ရောက်ရှိလာကြသည် ။ တစ်ချို့သော သိပ္ပံပညာရှင်များက ဤနည်းဖြင့် စူပါတွင်းနက်ကြီးပင် ဖြစ်လာသော နည်းအဖြင့် ယုံကြည်နေကြသည် ။
#htoohtoolay
-----
တွင်းနက်များသည် အာကာသအတွင်းရှိ အထူးဆန်းဆုံးနှင့် စိတ်ဝင်စားစရာ အကောင်းဆုံး အရာများ ဖြစ်သည် ။ ၎င်းတို့သည် အလွန်များပြားစွာ တည်ရှိကြပြီး သူ၏ ပြင်းထန်သည့် မြေဆွဲအားကြောင့် အလင်းပင် ဆိုစေကာမူ လုံလောက်သည့် အကွာအဝေးကို ရောက်လာသည့်အခါ သူ၏ဆွဲအားအတွင်း၌ အလင်းပင် မလွတ်မြောက်တော့ပေ ။
အဲလ်ဘတ်အိုင်စတိုင်းသည် ၁၉၁၆ ခုနှစ်တွင် သူ၏ နှိုင်းရသီအိုရီနှင့်အတူ Black hole များ တည်ရှိနေမှုကို ခန့်မှန်းထားခဲ့သည် ။ Black hole ဟူသော ဝေါဟာရကို ၁၉၆၇ ခုတွင် အမေရိကန် နက္ခတ္တဗေဒပညာရှင် ဂျွန်ဝီလာ က အမည်ပေးခဲ့ခြင်း ဖြစ်သည် ။ ဆယ်စုနှစ်များစွာ တွင်းနက်များနှင့်ပတ်သတ်၍ သီအိုရီဆိုင်ရာ အရာဝတ္ထုအဖြင့် လူသိများလာခဲ့သော်လည်း ပထမဆုံး ရှာဖွေတွေ့ရှိသော ရုပ်ဝတ္ထုဆိုင်ရာ တွင်းနက်ကို ၁၉၇၁ ခုနှစ်မှ ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည် ။
ထို့နောက် 2019 ခုနှစ်တွင် Event Horizon Telescope (EHT) ပူးပေါင်းမှုသည် တွင်းနက်ကြီး၏ ပထမဆုံးမှတ်တမ်းကို တင်နိုင်ခဲ့သည်။ သူသည် အာကာသအတွင်းရှိ ဖြစ်ရပ်များကို လိုက်လံစုံနေစဉ် သို့မဟုတ် တွင်းနက်၏ ဧရိယာပတ်ဝန်းကျင်အား လေ့လာမိနေရာမှ EHT သည် ၎င်းတွင်းနက်ကို နဂါးငွေ့တန်း၏ အလယ်ဗဟို၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သ
ယခုအချိန်အထိ နက္ခတ္တဗေဒပညာရှင်များသည် တွင်းနက်သုံးမျိုး ခွဲခြားသတ်မှတ်ထားသည် -
(၁) ကြယ်နက်များ
(၂) supermassive အနက်ရောင်တွင်းများနှင့်
(၃) အလယ်အလတ် တွင်းနက်များ ဖြစ်သည် ။
( ၁ ) ကြယ်တွင်းနက်များ -
၎င်းသည် သေးငယ်သော်လည်း အန္တရာယ်များသော အရာဖြစ်သည် ။ ကြယ်တစ်လုံးသည် ၎င်း၏ လောင်စာ ကုန်ဆုံးသွားသောအခါ အရာဝတ္ထုသည် ပြိုကျသွားခြင်း သို့မဟုတ် သူ့အလိုလို လောင်မြှိုက်သွားနိုင်သည် ။ သူသည် အလည်ဗဟိုမှ ဆွဲအားအတွင်း ကျဆင်းသွားရာမှ တွင်းနက်များ ဖြစ်ပေါ်ကျန်ခဲ့လေ၏ ။ ကြယ်တစ်လုံးခြင်းစီ ပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော တွင်းနက်များသည် သိပ့်သည်းမှု သိပ်သည်းဆများ မရှိပါ ။ သူသည် သေးငယ်သည်ဟုဆိုသော်လည်း တွင်းနက်ဖြစ်ပေါ်စေနိုင်သည့
( ၂ ) supermassive အနက်ရောင်တွင်း -
သေးငယ်သော တွင်းနက်များက စကြာဝဠာကို ထူထောင်ပေးသည် ။ သို့သော် သူ၏ ဝမ်းကွဲဖြစ်သည့် ဤကြီးမားသော တွင်းနက်များသည် နဂါးငွေ့တန်းကို ဖန်တီးပေး၏ ။ နဂါးငွေ့တန်းတစ်ခုတွင် သန်းရာဂဏန်းရှိသော စကြာဝဠာများ ရှိသည် ။ စကြာဝဠာတစ်ခု၌ တွင်းနက်တစ်ခုရှိသည် ။ ထို့ကြောင့် နဂါးငွေ့တန်းတစ်ခုတွင် ကြယ်တွင်းနက်ပေါင်း သန်းရာဂဏန်းမျှ ရှိလေသည် ။ သို့သော် သိပ္ပံပညာရှင်များသည် ယခုချိန်ထိတိုင် ဤ ကြီးမားသော Supermassive block hole ဖြစ်ပေါ်လာပုံကို အတိအကျ မသိရှိကြသေးပေ ။ ၎င်းသည် နဂါးငွေ့တန်း၏ အလယ်ဗဟိုတွင် တည်ရှိသည် ။
( ၃ ) အလယ်အလတ်တွင်းနက် -
တစ်ချိန်က သိပ္ပံပညာရှင်များသည် တွင်းနက်များနှင့်ပတ်သက်၍ သေးငယ်သော တွင်းနက်နှင့် ကြီးမားသော တွင်းနက်များသာ ရှိကြောင်း ဆိုခဲ့ကြသော်လည်း မကြာသေးမီက ပြုလုပ်ခဲ့သည် သုတေတနများအရ အလယ်အလတ်တွင်းနက်(IMBHs) များလည်း တည်ရှိနေကြောင်း အတည်ပြုခဲ့သည် ။ ကြယ်တစ်လုံးသည် ဒြပ်ထုတစ်ခုနှင့်တစ်ခု တိုက်မိသောအခါ ၎င်း၏ သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်သည် ။ ထိုသေဆုံးမှုများမှ တွင်းနက်များဖြစ်လာ၍ တွင်းနက် တစ်ခုနှင့် တစ်ခု ပေါင်းစပ်မိရာမှ အလယ်အလတ် တွင်းနက်များအထိ ရောက်ရှိလာကြသည် ။ တစ်ချို့သော သိပ္ပံပညာရှင်များက ဤနည်းဖြင့် စူပါတွင်းနက်ကြီးပင် ဖြစ်လာသော နည်းအဖြင့် ယုံကြည်နေကြသည် ။
#htoohtoolay

Comments
Post a Comment