စုန်းမ
-----
စုမ်းမများနှင့်ပတ်သတ်သည့်စကားလုံးသည်
မြန်မာများအတွက် မစိမ်းပေ ။ သို့သော် အနောက်တိုင်းနိုင်ငံများရှိ စုမ်းမများနှင့် ပတ်သတ်သည့်
ဗဟုသုတဆိုလျှင်ဖြင့် သိချင်မိမည်ဟု ထင်၏ ။ ထို့ကြောင့် ၎င်း နှင့်ပတ်သတ်၍ ဤ post သည်
လေ့လာမည်ဖြစ်သည် ။
စုမ်းမများကို
သမိုင်းတစ်လျှောက် မကောင်းဆိုးဝါးများအဖြင့် ယုံကြည်ကြသည် ။ လူပေါင်း ၁၄၀၀ နှင့် ၁၇၀၀
အတွင်း၌ မကောင်းဆိုးရွားကို ကိုးကွယ်သော စုမ်းမတစ်ယောက်ရှိကာ ၎င်းတို့ကို နှစ်ပေါင်း
၇၀၀၀၀ မှ ၁၀၀၀၀၀ အထိ သေဒဏ်ပေးကြသည်ဟု ဆိုသည် ။ ထိုစုမ်းမများအနက် ခေတ်ကာလတစ်ခုလုံးကို
ခြောက်လှန့်ခဲ့သော စုမ်းမများလည်း တကယ်ပင် တည်ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသည့်အရာများကို
လေ့လာတွေ့ရှိရ၏ ။ ၎င်း တို့မှာ -
၁ ။ Mother
shipton စုမ်းမ
လူတစ်ယောက်အတွက် ၎င်း၏ ပတ်ဝန်းကျင်အတွင်း ကောလဟလများ
အစဉ်တစ်စိုက် ထွက်ပေါ်လာသည့်အခါ ထိုသူအတွက် သင် မည်သို့ ဆိုမည်နည်း ။ Mothrt
shipton ဟု လူသိများသော Ursula Southeil အတွက်မူ သူ၏ လျှို့ဝှက်စွာ
နေထိုင်တက်ခြင်းက ၎င်း၏ ကောလဟာလ ကို ထောက်ခံလျက်သား ဖြစ်နေသည် ။
မိခင်
Shipton သည် ၁၆ ရာစုအတွင်း လူတို့၏ ကြောက်ရွံ့ရိုသေလေးစားခြင်းခံရသော အင်္ဂလိပ်ပရောဖက်မ ဖြစ်သည်။
သူမကို မွေးဖွားစဉ်ကတည်းက စုမ်းမအဖြင့် ထင်မှတ်ခဲ့ကြပြီး သူ့ကို ရွံမုန်းဖွယ်ကောင်းသော
ပုံသဏ္ဌာန်အဖြစ် ဖော်ပြခဲ့ကြကာ သူ့အဖေကိုလည်း
စာတန်အဖြစ် ပြောဆိုကြသည်ဟု ဆိုသည် ။
သူမသည်
ကံမကောင်းအကြောင်းမလှသဖြင့် စုန်းမဟု ပြောဆိုခံခဲ့ရသော်လည်း သူသည် သူ့ပညာနှင့်ပတ်သတ်၍
သူမ၏ခေတ်ပြိုင် Nostradamus အမျိုးသားနှင့် နှိုင်းယှဉ်လေ့ရှိသည်။
ဒဏ္ဏာရီအရ သူသည် စပိန် Armada၊ London
Great Plague of London, Great Fire of London, စကော့ဘုရင် Mary ၏
ကွပ်မျက်ခြင်းနှင့် အချို့သော ကြိုတင်ဟောကိန်းများကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆိုသည်
။
သူသည်
အခြားစုန်းမများလို လူတို့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မဟုတ်ပေ ။ မိခင် Shipton သည်
လူတို့၏ ထုံးတမ်းအတိုင်း သက်တမ်းစေ့၍ သေဆုံးခဲ့ပြီး ၁၅၆၁ ခုနှစ်တွင် York မြို့၏ အပြင်ဘက်ရှိ
မသန့်ရှင်းသော မြေကွက်လပ်တွင် မြှပ်နှံခြင်း ခံခဲ့ရသည် ။
၂ ။ Agnes Sampson စုန်းမ
၎င်းသည်
စကော့လူမျိုး သားဖွားဆရာမဖြစ်ကာ သူမ၏အမည်သည် အဲဂတ်စ်ဆမ်ဆန် ဖြစ်သည် ။
၁၅၉၀
ပြည့်နှစ် အစောပိုင်းတွင် စကော့တလန်ဘုရင်ဂျိမ်းစ် (၆) သည် ဒိန်းမတ် - နော်ဝေးမှ အန်း
အား လက်ထပ်ခဲ့သည်။ သူမသည် အစဉ်အမြဲ မှော်အတက်ပညာများနှင့် စုမ်းမတို့၏ ခြောက်လှန့်ခြင်း
ခံရသည့်အတွက် ကြောက်လှန့်နေခဲ့ရသည် ။ သူမ၏ ကြောက်စိတ်များက ဘုရင်ဆီပါ ကူးစပ်သွားတော့၏
။ တစ်နေ့၌ စကော့တလန်သို့ ရွက်လွင့်ထွက်ခွာခဲ့ရာ ၎င်းသင်းဘောသည် စုမ်းမတို့၏ မှော်အတက်ကြောင့်
ဆိုးရွားသော မုန်တိုင်းနှင့် ကြုံခဲ့ရသည်ဟု ဆိုသည် ။
ထိုအချိန်မှစတင်ကာ
ဂျိမ်း ၆ သည် စုမ်းမများအပေါ် အပြင်းအထန် ဒေါသများ ဖြစ်ပွားလျက် စုမ်းမ နှိမ်နင်းခြင်းလုပ်ငန်းကို
စတင်လေတော့၏ ။ ဘုရင်ဂျိမ်း၆ ၏ အကြောင်းပြချက်မှာ မိခင်သဘာဝတရားကြီးအား စုမ်းမများက
ခိုးယူလျက် ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်းကို စတင်ခဲ့ခြင်းကြောင့်ဟု ဆိုလေသည်
။
၁၅၉၀
မှ ၁၅၉၂ အကြား North Berwick နယ်မြေတွင် စုန်းမများဟုစွပ်စွဲခံရသူ ၇၀ အနက် Agnes
Sampson သည် အခြားစွပ်စွဲခံရသည့် စုန်း Geillis Duncan ၏ ထုတ်ဖော်ခြင်းကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု
ဆိုသည် ။ ၎င်း၏ ဝန်ခံချက်များကိုလည်း ညှင်းပန်းနှိမ့်စက်ခြင်းကြောင့် ဝန်ခံခဲ့ရခြင်း
ဖြစ်သည်ဟု ဆိုသည် ။
သို့သော်
သူ့အား ဒဏ္ဏာရီလာအရ သူသည် ဘုရင်၏ ရွက်လွင့်ရာခရီးတွင် နှောက်ယှက်ခဲ့သော မုန်တိုင်းကို
သူ၏အတက်ပညာဖြင့် ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုကြသည် ။ သူမ၏ ကံမကောင်းမှာ နှိမ်စက်ခံရသော
ဒဏ်ရာများကြောင့် စိတ်ဓာတ်ရေးဆိုင်ရာများ ကျဆင်းခဲ့လေရာ အပြင်းအထန် နာကျင်နေခဲ့သော်လည်း
သူ့အား ပါးစပ်အတွင်း တံစဉ်လေးခုလျှို၍ နံရံအထက်တွင် ချိန်ဆွဲထားခြင်း ခံခဲ့ရလေသည် ။
ထိုသို့ ပင်ပန်းကြီးစွာ ခံခဲ့ရခြင်းကြောင့် သူသည် စာတန်နှင့် မဟာမိတ်ဖြစ်၍ ဘုရင်အား
သတ်ဖို့ ကြံစည်ခဲ့သည်ဟု ဝန်ခံခဲ့ခြင်းဖြစ်သည် ။
သူမအား
လည်ပင်းကြိုးကွင်းစွပ်၍ သတ်ဖြတ်ခြင်း ခံခဲ့ရသည်
။
၃
။ Merga Bien စုန်းမ
သူသည်
၁၇ ရာစုက ဖြစ်သည် ။ ထိုအချိန်အခါက တည်ငြိမ်အေးချမ်းသည့် ခေတ်ကာလဖြစ်သော်လည်း ဆင်းရဲသားများသည်
ငြိမ်းချမ်းခြင်းနှင့် အလှမ်းဝေးနေသည့် ဂျာမနီဖူလ်ဒါတွင် နေထိုင်နေကြသည် ။ ထိုသူများသည်
ကာလကြာမြင့်စွာ ပြည်နင်ဒဏ်ပမာ ခံစားနေရပြီးနောက် အာဏာပြန်လည်ရရှိလာသောအခါ ကတ်သလစ် ပြုပြင်ပြောင်းလဲရေးသမား
မင်းသား - ဆရာတော်ဘလ်တယ်ဆာဗွန် ဗွန်ဒါးဘာ့ခ်သည် ၁၆၀၂-၁၆၀၅ ၌ ထိုဒေသအတွင်းရှိ စုန်းမများကို
အကြီးအကျယ် ရှာဖွေခဲ့သည်ဟု ဆိုသည် ။
Fulda
တွင် စုန်းမတွေလို့စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရသည့် လူပေါင်း ၂၀၀ ကျော်အတွင်းမှ
Merga ကို အကျော်ကြားဆုံးအဖြစ် သတ်မှတ်ခဲ့သည် ။ သူမသေဆုံးခြင်းမှာ အချိန်မတန်သေးဘဲ
အလွန်စောသေး၏ ။ သူသည် ခင်ပွန်း၏ အလုပ်ရှင်နှင့် စကားများပြီးနောက် မြို့သို့ပြန်လာခဲ့ရာ
သူမသည် ထိုအချိန်၌ ကိုယ်ဝန်ရှိနေပြီဖြစ်သည် ။ ထူးခြားသောအချက်မှာ သူမသည် တတိယမြောက်ခင်ပွန်းနှင့်
၁၄ နှစ်ကြာ လက်ထပ်ခဲ့သော်လည်း သူတို့သည် တစ်ခါမျှ ကလေး မရခဲ့ပေ ။ သူမ ကိုယ်ဝန်ရှိနိုင်သည့်
ဖြစ်နိုင်စရာနည်းလမ်းမှာ မာနတ်၏ ပေါင်းဖက်မှုကြောင့်ဖြစ်သည်ဟု ဆိုကြ၏ ။
ထိုသို့
အလွန်ဆိုးရွားသော သဘာဝလွန်ဖြစ်ရပ်များဖြင့် စွတ်စွဲခံရပြီးနောက် သူသည် သူမယောက်ျား၏
အလုပ်ရှင်ဖြစ်သူ၏ ဒုတိယမြောက်သားဖြစ်သူသည် သူမ၏ ခင်ပွန်းဖြစ်ခဲ့ရာ သူသည် ထိုခင်ပွန်းနှင့်အတူ
၎င်းနှင့်ရရှိသော ကလေးများကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံခဲ့သည်ဟု ဆို၏ ။ သူမသည် ၁၆၀၃
ခုနှစ်တွင် မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရလေသည် ။
#htoohtoolay

Comments
Post a Comment