Skip to main content

ပျောက်ဆုံးနေသော မြို့တော်


ပျောက်ဆုံးနေသော မြို့တော်
-----
လူများသည် သမိုင်းနှင့်ပတ်သတ်၍ ယခင်က အမှန်တကယ်တည်ရှိခဲ့သော မြို့တော်ကြီးများကို မေ့လျော့နေခဲ့ခြင်းမှာ နှစ်ပေါင်း ရာထောင်ချီ ရှိခဲ့ပြီဖြစ်သည် ။ အချို့မြို့ကြီးများမှာ သဘာဝဘေးအန္တာရာယ်များကြောင့်ဖြစ်စေ ၊ စစ်ပွဲများကြောင့်ဖြစ်စေ ၊ စီးပွားရေး ကျဆင်းခြင်းကြောင့်ဖြစ်စေ ထိုမြို့ရှိ ဒေသခံ လူမျိုးများသည် ၎င်းတို့၏ မြို့တော်များကို စွန့်ပစ်ကာ ရေကြည်ရာ မြက်နုရာဆီသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည် ။

၎င်း တို့ စွန်ုပစ်ခဲ့သော မြို့များမှာ အချိန်ကြာလာသည်နှင့်အမျှ တစ်စတစ်စ ကွယ်ပျောက်လျက်ရှိကာ သမိုင်းကောက်ကြောင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို သိမ်းဆည်းထားနိုင်ခြင်းမရှိသည့် စစ်ပွဲအချိန်ကာလများတွင် ၎င်းတို့သည် ပုံပြင်ဆန်သော ဒဏ္ဏာရီဘဝသို့ ကျရောက်သွားလေတော့၏ ။ ထိုကဲ့သို့ စွန့်ပစ်ခံမြို့များမှာ ကမ္ဘာတစ်ဝှမ်း၌ အနှံ့အပြား တည်ရှိနေတော့၏ ။

ဤသို့ ပျောက်ဆုံးနေသော မြို့တော်များကို စတင်ရှာဖွေခြင်းလုပ်ငန်းအား လွန်ခဲ့သော ၁၅ ရာစုလောက်ကမှနေ၍ ယနေ့အချိန်ထိတိုင် ပညာရှင်များ ပူးပေါင်းကြလျက် အင်တိုက်အားတိုက် လုပ်ဆောင်လာခြင်းအား ဝမ်းမြောက်ဖွယ် တွေ့ရှိရလေသည် ။

ထိုသို့ ပျောက်ဆုံးနေသော မြို့တော် အများအပြားအတွင်းမှ အလွန်လှပသော မြို့တော်တစ်ခုကို ယခု လေ့လာကြည့်ကြမည် ။ ထိုမြို့တော်၏ အမည်မှာ Machu Picchu ဖြစ်သည် ။

သူသည် အင်ကာမြို့ဖြစ်ပြီး Urubamba ချိုင့်ဝှမ်းအထက်ရှိ တောင်တန်းတစ်ခုပေါ်တွင် တည်ရှိသည်။ ရေှးဟောင်း သုတေသနပညာရှင်များသည် ၎င်းမြို့တော်အား ၁၅ ရာစုနှင့် ၁၆ ရာစုလောက်က အင်ကာအင်ပါရာ၏ ဧကရာဇ်ဘုရင် ပါချာကူတီ အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်နေကြ၏ ။

ထိုမြို့တော်အား စပိန်တို့က ၁၅၇၂ ခုနှစ်တွင် ဝင်ရောက်သိမ်းပိုက်ခဲ့သည့်အတွက် ၎င်းမြို့တော်ကို စွန့်ခွာထွက်ပြေးခဲ့ရသည် ။ ထို့အပြင် ထိုမြို့တော်အတွက် ကျောက်ရောဂါကပ်ဘေး ဆိုက်ရောက်ခဲ့သည့်အတွက် မြို့တော်ကြီးသည် လျင်လျင်မြန်မြန် ပြိုကွဲပျက်ဆီးခဲ့ရသည်ဟု ဆို၏ ။ ဤသို့ဖြင့် ထိုမြို့တော်ကြီးသည် နှစ်ပေါင်း ရာချီ၍ ကမ္ဘာ့မြေပေါ်မှ တိမ်မြှပ်ပျောက်ကွယ်သွားရတော့သည် ။

ထိုသို့ ပျောက်ဆုံးနေသော မြို့တော်ကြီးအား ပြန်လည် တွေ့ရှိခဲ့သည်မှာ ၁၉၁၁ ခုနှစ်တွင် အမေရိကန်သမိုင်းပညာရှင် ဟီရမ်ဘင်ဟမ် က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည် ။ သို့တော် တစ်ချို့က သာသနာပြုဘုန်းကြီးများက ပထမဆုံး တွေ့ခဲ့ခြင်းဖြစ်သည်ဟု  ယုံကြည်နေကြ၏ ။ ထိုမြို့တော်၏ အလှတရားအား POST ပါ PHOTO တွင် ကြည့်ရှုလေ့လာနိုင်သည် ။

#htoohtoolay






Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...