Skip to main content

Posts

Showing posts from January, 2017

အမြင်နဲ့ အထင်ကို ပြောကြတာပါ !

အမြင်နဲ့ အထင်ကို ပြောကြတာပါ ----- အခုတစ်ခါတော့ ကြက်ခြင်းကြီးထဲက ကြက်တွေရဲ့ အကြောင်းလေးတစ်ပုဒ်လောက် ပြောပြချင်ပါရဲ့ ။ သူတို့ကို လူတွေက အမျိုးမျိုးထင်မြင်ကြပြီး သူတို့အပေါ်ခံစားကြတဲ့ အကြောင်းအရာတွေဟာ အမှန်တကယ်တော့ ကွာဟမှုတွေ ရှိနေတယ်ဆိုတာ သိသင့်လှတဲ့အချက်တစ်ခုပါ ။ အကြောင်းအရာလေးက ဒီလို။ တစ်ခါက ကြက်တွေ ပြည့်ကြပ်နေတဲ့ ချင်းတောင်းကြီးတစ်ခု ရှိသတဲ့ ။  အဲ့ ချင်းတောင်းကြီးအောက်က ကြက်တွေက အရွယ်စုံ ဆိုဒ်စုံပါပဲ ။ တစ်ချို့က တွန်သံပေးပြီး စကားပြောကြသလို တစ်ချို့ကြတော့လဲ စိတ်ညစ်ညစ်နဲ့ တွေ့ကရာကြက်တွေအပေါ် ဒေါသတွေဖြစ်နေလေရဲ့ ။ တစ်ချို့ကတော့ အိပ့်ကောင်းကောင်း အိပ့်တယ် ။  ဒါနဲ့ ! ပြည့်ကြပ်နေတယ်ဆိုတဲ့ ကြက်ခြင်းကြီးဟာ အမှန်တော့ ကျွန်တော်တို့ ထင်သလောက် အသက်ရှုမရလောက်အောင်ကို ပြည့်ကြပ်နေတာတော့ မဟုတ်ဘူးပေါ့ ။  ကြက်တစ်ကောင်အတွက် နေသာထိုင်သာ ရှိတဲ့ အကျယ်အဝန်းတစ်ခုပါပဲ ။ အဲ့လို အနေအထားကို ပိုင်ဆိုင်ကြတဲ့ ကြက်တွေဟာ သူ့နေရာ ကိုယ့်နေရာဆိုပြီး လုကြတာ , ခွဲဝေကြတာ , အတူတူနေကြတာဟာ ဖြစ်ရိုးဖြစ်လေ့ရှိကြတဲ့ ဓလေ့တစ်ခုပါပဲ ။ ။ ဟုတ်ပါတယ် အဲ့လို နေကြတဲ့ ကြက်တွေဟာ သူတို့ရဲ့ အသက်အန္တရာယ်ကို မမြင်ကြရှာပါ...

ခေါင်းသုံးနည်း

ခေါင်းသုံးနည်း ----- အရူးတိုင်းပြည်သို့ရောက်နေသော ပညာရှိတစ်ဦး၏ အဆိုဖြစ်ပါတယ် ။ လူတိုင်း လူတိုင်း ကိုယ့်လက် ကိုယ့်ခြေနဲ့ အလုပ် လုပ်ရမယ်လို့ ချမှတ်ထားတဲ့ ဥပဒေက အလွန်ဆိုးရွားတာပဲ ။ ပညာရှိတွေက ဘာနဲ့ အလုပ် လုပ်ကြလဲလို့ ခင်ဗျား ထင်လဲ ? အဲ့ဒီ့အခါ အရူးက - ကျုပ်တို့အရူးတွေက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲဗျာ ။ ကျုပ်တို့ကတော့ အလုပ်ကို ကျုပ်တို့ လက်တွေ ကျောတွေနဲ့ လုပ်နေကြတာပဲ ပညာရှိက - ခင်ဗျားတို့အားလုံး အရူးတွေမို့လို့ အဲ့လိုထင်နေကြတာ ။ ဒါပေမယ့် ဦးခေါင်းနဲ့ ဘယ်လိုအလုပ်လုပ်ရလဲဆိုတာ ခင်ဗျားကို သင်ပေးမယ် ။ ဦးခေါင်းနဲ့လုပ်တာက လက်တွေနဲ့ လုပ်တာထက် ပိုပြီး အကျိုးအမြတ်များတယ်ဆိုတာ သိလိမ့်မယ် ။ အရူး - အဲ့လိုဆိုရင်တော့ ကျုပ်တို့ကို အရူးလို့ခေါ်ကြတာ မှန်လိမ့်မယ်ထင်တယ် ။ ပညာရှိ - တစ်ခုတော့ ရှိတယ် ။ ဦးခေါင်းနဲ့ အလုပ် လုပ်ရတာ လွယ်တော့ မလွယ်ဘူး ။ ခင်ဗျားတို့က ကျုပ်လက်ဖဝါးတွေ မကြမ်းလို့ မမာလို့ဆိုပြီး စားစရာ မပေးကြဘူး ။ ဒါပေမယ့် ခေါင်းနဲ့ အလုပ် လုပ်ရတာက လက်တွေနဲ့ လုပ်ရတာထက် အဆတရာမက ခက်တယ်ဆိုတာကျတော့ ခင်ဗျားတို့ မသိကျဘူး ။ တစ်ခါတစ်လေ ခေါင်းတောင်ကွဲတယ် သိလား ? အရူး - ဒီလိုဆိုရင် မိတ်...