Skip to main content

အမြင်နဲ့ အထင်ကို ပြောကြတာပါ !

အမြင်နဲ့ အထင်ကို ပြောကြတာပါ
-----


အခုတစ်ခါတော့ ကြက်ခြင်းကြီးထဲက ကြက်တွေရဲ့ အကြောင်းလေးတစ်ပုဒ်လောက် ပြောပြချင်ပါရဲ့ ။ သူတို့ကို လူတွေက အမျိုးမျိုးထင်မြင်ကြပြီး သူတို့အပေါ်ခံစားကြတဲ့ အကြောင်းအရာတွေဟာ အမှန်တကယ်တော့ ကွာဟမှုတွေ ရှိနေတယ်ဆိုတာ သိသင့်လှတဲ့အချက်တစ်ခုပါ ။ အကြောင်းအရာလေးက ဒီလို။

တစ်ခါက ကြက်တွေ ပြည့်ကြပ်နေတဲ့ ချင်းတောင်းကြီးတစ်ခု ရှိသတဲ့ ။  အဲ့ ချင်းတောင်းကြီးအောက်က ကြက်တွေက အရွယ်စုံ ဆိုဒ်စုံပါပဲ ။ တစ်ချို့က တွန်သံပေးပြီး စကားပြောကြသလို တစ်ချို့ကြတော့လဲ စိတ်ညစ်ညစ်နဲ့ တွေ့ကရာကြက်တွေအပေါ် ဒေါသတွေဖြစ်နေလေရဲ့ ။ တစ်ချို့ကတော့ အိပ့်ကောင်းကောင်း အိပ့်တယ် ။

 ဒါနဲ့ ! ပြည့်ကြပ်နေတယ်ဆိုတဲ့ ကြက်ခြင်းကြီးဟာ အမှန်တော့ ကျွန်တော်တို့ ထင်သလောက် အသက်ရှုမရလောက်အောင်ကို ပြည့်ကြပ်နေတာတော့ မဟုတ်ဘူးပေါ့ ။  ကြက်တစ်ကောင်အတွက် နေသာထိုင်သာ ရှိတဲ့ အကျယ်အဝန်းတစ်ခုပါပဲ ။ အဲ့လို အနေအထားကို ပိုင်ဆိုင်ကြတဲ့ ကြက်တွေဟာ သူ့နေရာ ကိုယ့်နေရာဆိုပြီး လုကြတာ , ခွဲဝေကြတာ , အတူတူနေကြတာဟာ ဖြစ်ရိုးဖြစ်လေ့ရှိကြတဲ့ ဓလေ့တစ်ခုပါပဲ ။


ဟုတ်ပါတယ် အဲ့လို နေကြတဲ့ ကြက်တွေဟာ သူတို့ရဲ့ အသက်အန္တရာယ်ကို မမြင်ကြရှာပါဘူး ။ ဒါကြောင့် တစ်ကောင်အပေါ် တစ်ကောင် ထိုးဆိတ်တာတွေ အနိုင်ကျင့်တာတွေ ရည်စားလုဘက်တွေ ရှိကြတာပေါ့လေ ။

ဒီလိုနဲ့ သိပ့်မကြာခင်မှာပဲ ကြက်ပိုင်ရှင်ဟာ ကြက်သားရောင်းချဖို့အတွက် ချင်းထဲကနေ ကြက် နှစ်ကောင်ကို ဆွဲထုတ်ပြီး ရိုက်သတ်လိုက်လေရဲ့ ။ အဲ့ဒီ့အဖြစ်ကိုမြင်တဲ့ ကြက်ပိုင်ရှင်ရဲ့ သူငယ်ချင်းတစ်ယောက်က အဲ့ကြက်တွေကိုကြည့်ပြီး သံဝေဂ ဖြစ်သွားတယ်ပေါ့လေ ။ ဘယ်လိုလဲဆို မိတ်ဆွေ သိပြီးတဲ့အတိုင်းပဲ သူ့သံဝေဂက ( သြော် ! ဒီကြက်တွေ သူတို့ သေနေ့ကို မသိကြပဲ သူတို့က ချင်းထဲမှာ နိုင်ထက်စီးနင်းတွေ ပြုနေကြလေရဲ့ ) ပေါ့ ။ အဲ့လို သံဝေဂဖြစ်ပြီး ကြက်ချင်းထဲကကြက်တွေကို တွေတွေကြီး ဆိုက်ကြည့်နေမိတယ်ပေါ့ ။ သူ့ရဲ့ ပါးစပ်ကလဲ ဖွင့်ဟ ပြောလိုက်မိတယ် ။ ကြက်ကလေးတွေ သူတို့ သေမှာကို မသိကြပဲ ကိုး တဲ့ ။

အဲ့စကားကို ကြက်ခြင်းထဲက ကြက်တွေက ကြားသွားတယ်တဲ့ ။ လူတွေနဲ့ နေတာကြာတော့ ကြက်တွေလဲ လူစကား နားလည်သွားတယ် ထင်ပါရဲ့လေ ။ အဲ့တော့ကာ ကြက်တွေက တစ်ကောင်ကို တစ်ကောင်ကြည့်ပြီး ပြောတယ် ။ ဒီလူတွေ အမြင်နဲ့ ကြည့်ပြီး အထင်နဲ့ ဆုံးဖြတ်ကြတာပါလားတဲ့ ။ သူတို့ထင်တဲ့အတိုင်း ငါတို့ဟာ ငါတို့အရှေ့မှာတင် ရိုက်သတ်ခံလိုက်ရတဲ့ ငါ့ ရန်သူဆိုလဲဟုတ် , ဆွေမျိုးဆိုလဲဟုတ် , မိတ်ဆွေဆိုလဲ ဟုတ်ကြတဲ့ ကြက်နှစ်ကောင်အတွက် ငါတို့ဟာ ပူဆွေးတာ ငိုကြွေးတာ စိုးရိမ်တာ ကြောက်ရွံ့တာတွေ တစ်ခုတစ်လေမှ မဖြစ်ကြဘူး ထင်နေလေရဲ့ ။ ငါတို့ရဲ့ ကြောက်ရွံ့မှုကြောင့် ကျလာတဲ့ မျက်ရည်တွေနဲ့ အော်ဟစ်အကူအညီတောင်းသံတွေ ,  စိုးရိမ်ငိုကြွေးမှုတွေ , တုန်လှုပ် ခြောက်ခြားမှုတွေကို သူတို့ မမြင်နိုင် မသိနိုင်ပါပဲနဲ့ ဘာကြောင့် ငါတို့အပေါ် ဝေဖန်နိုင်ရတာလဲတဲ့ ။ အဲ့ ထဲကမှ အကြီးဆုံး ကြက်တစ်ကောင်ကပြောတယ် ။ အမှန်တော့ လူတွေဟာ ကိုယ့်ကိုယ်ကို အထင်ကြီးရောဂါ ဖြစ်နေကြတာပါတဲ့ ။ ငါ သိ , ငါတက် ဆိုတာလေးနဲ့ တစ်ပါးသူအပေါ်ကို ဝေဖန်တဲ့နေရာမှာ အင်မတန် မိုက်ရူးရဲ ဆန်ကြတာပါပဲလို့ ဆိုတယ် ။ နောက်ဆုံးတစ်ခုပြောတာကတော့ လူတွေဟာ ကိုယ်မသိတဲ့အရာကို ကိုယ်သိသလို ဟန်ဆောင်တဲ့နေရာမှာ အင်မတန် တော်ကြတာပဲတဲ့ ။

အဲ့အကြောင်းအရာလေးကို တွေ့လိုက်ရတော့ တစ်ခုကို စဉ်းစားမိလိုက်တယ် ။ မြတ်ဗုဒ္ဓ ဟောထားတဲ့ အကြောင်းအရာလေးမှာ သတ္တဝါတိုင်းဟာ လောဘ ဒေါသ မောဟတွေ နဲ့ နေထိုင်ကြတာမို့ လူမှတစ်ပါး ကျန်တိရိစ္ဆာန်တွေဟာ ကြောက်ရွံ့မှု စိုးထိတ်မှု ဆိုတာတွေ မရှိကြပဲ ,  မဆင်ခြင်ကြပဲ ပျော်ပျော်ကြီး နေနေကြတာပါလားဆိုတဲ့ ဒီ လူသားတွေရဲ့  အယူမျိုးဟာ တကယ်တော့ ! အင်မတန်မှ သိမ်ဖျင်းလွန်းလှပါတယ် ဆိုတာလေးပါ ။

ဒါကြောင့် မိတ်ဆွေ !

သင်အရင်က ဘယ်လို ထင်မြင်ခဲ့လိမ့်မယ်ဆိုတာ မသိပေမယ့် ပြောချင်တာလေးတစ်ခုက တိရိစ္ဆာန်တိုင်း သတ္တဝါတိုင်းဟာ ကိုယ့်အသက်အန္တရာယ်အတွက် ကြိုတင်ပြီး စိုးရိမ်ကြောက်ရွံ့တက်ကြပါတယ် ။ အဲ့နေရာမှ ကွာတာ တစ်ခုပဲ ရှိတယ် ။ ဒါက အနည်းနဲ့ အများပါပဲ ။

#htoohtoolay



Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...