Skip to main content

ခေါင်းသုံးနည်း

ခေါင်းသုံးနည်း
-----


အရူးတိုင်းပြည်သို့ရောက်နေသော ပညာရှိတစ်ဦး၏ အဆိုဖြစ်ပါတယ် ။

လူတိုင်း လူတိုင်း ကိုယ့်လက် ကိုယ့်ခြေနဲ့ အလုပ် လုပ်ရမယ်လို့ ချမှတ်ထားတဲ့ ဥပဒေက အလွန်ဆိုးရွားတာပဲ ။ ပညာရှိတွေက ဘာနဲ့ အလုပ် လုပ်ကြလဲလို့ ခင်ဗျား ထင်လဲ ?

အဲ့ဒီ့အခါ အရူးက -

ကျုပ်တို့အရူးတွေက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲဗျာ ။ ကျုပ်တို့ကတော့ အလုပ်ကို ကျုပ်တို့ လက်တွေ ကျောတွေနဲ့ လုပ်နေကြတာပဲ

ပညာရှိက -

ခင်ဗျားတို့အားလုံး အရူးတွေမို့လို့ အဲ့လိုထင်နေကြတာ ။ ဒါပေမယ့် ဦးခေါင်းနဲ့ ဘယ်လိုအလုပ်လုပ်ရလဲဆိုတာ ခင်ဗျားကို သင်ပေးမယ် ။ ဦးခေါင်းနဲ့လုပ်တာက လက်တွေနဲ့ လုပ်တာထက် ပိုပြီး အကျိုးအမြတ်များတယ်ဆိုတာ သိလိမ့်မယ် ။

အရူး -

အဲ့လိုဆိုရင်တော့ ကျုပ်တို့ကို အရူးလို့ခေါ်ကြတာ မှန်လိမ့်မယ်ထင်တယ် ။

ပညာရှိ -

တစ်ခုတော့ ရှိတယ် ။ ဦးခေါင်းနဲ့ အလုပ် လုပ်ရတာ လွယ်တော့ မလွယ်ဘူး ။ ခင်ဗျားတို့က ကျုပ်လက်ဖဝါးတွေ မကြမ်းလို့ မမာလို့ဆိုပြီး စားစရာ မပေးကြဘူး ။ ဒါပေမယ့် ခေါင်းနဲ့ အလုပ် လုပ်ရတာက လက်တွေနဲ့ လုပ်ရတာထက် အဆတရာမက ခက်တယ်ဆိုတာကျတော့ ခင်ဗျားတို့ မသိကျဘူး ။ တစ်ခါတစ်လေ ခေါင်းတောင်ကွဲတယ် သိလား ?

အရူး -

ဒီလိုဆိုရင် မိတ်ဆွေကြီးရယ် ခင်ဗျားကိုယ် ခင်ဗျား ညှဉ်းပန်းနှိမ့်စက်ရာ မကျဘူးလားဗျာ ။ ခေါင်းကွဲတယ်ဆိုတာ ကောင်းတဲ့ ကိစ္စလား ။ သာယာမှုရှိတဲ့ ကိစ္စတစ်ခုလား ။ ခေါင်းနဲ့ လုပ်မဲ့အစား ပိုပြီး သက်သာလွယ်ကူတဲ့ လက်တွေ ကျောတွေနဲ့ လုပ်ရတာ ပိုပြီး မကောင်းပေဘူးလား ?

ပညာရှိ -

ခင်ဗျားတို့ အရူးတွေကို သနားလို့ ကျုပ်ခေါင်းကိုသုံးပြီး ပြောပြနေရတာပဲ ။ တကယ်လို့ ကျုပ်က ကိုယ့်ကိုကိုယ် မညှဉ်းဆဲချင်လို့ ဘာမှပြောမပြဘူးဆိုရင် ခင်ဗျားတို့အားလုံး အရူးတွေပဲ ဖြစ်နေအုန်းမှာပဲ ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကျုပ်ခေါင်းကိုသုံးပြီး ခင်ဗျားတို့ကို သင်ပြပေးရတော့မှာပေါ့ ။

အရူး -

ဒီလိုဆိုလဲ ကျုပ်တို့ကို သင်ပေးပါ ။ အလုပ် လုပ်ရတာ ပင်ပန်းလွန်း အားကြီးလို့ ကျုပ်တို့လက်တွေကို မသုံးနိုင်တဲ့အချိန်မှာ အပြောင်းအလဲအဖြစ် ခေါင်းကို သုံးကြတာပေါ့ ။

# အဲ့ဒီ့အခါ ပညာရှိက အရူးတွေကို သင်ပြပေးမယ်လို့ ကတိခံတဲ့အတွက် အရူးတွေရဲ့ နားဆီကို အဲ့ဒီ့ သတင်းဟာ အနှံ့အပြား ရောက်ရှိသွားပါတယ် ။

အရူးတိုင်းပြည်မှာ အလွန်ကို မြင့်မားတဲ့ မျှော်စင်ကြီး တစ်ခုရှိတယ် ။ လှေကားထစ်ပေါင်း အမြှောက်အများ ရှိပြီး အဲ့ဒီ့ လှေကားအတိုင်း တက်သွားမယ်ဆိုရင်တော့ မျှော်စင်ထိပ့်မှာရှိတဲ့ မီးတိုင်ဆီကို ရောက်နိုင်မှာ ဖြစ်ပါတယ် ။ ပညာရှိကြီးက သူ့ရဲ့ ခေါင်းသုံးနည်းပညာကို သင်ယူလိုကြတဲ့ အရူးတွေအားလုံး မြင်နိုင်လောက်အောင် အဲ့ဒီ့ မျှော်စင်ထိပ့်ဆီကို အပင်ပန်းခံပြီး တက်သွားခဲ့တယ် ။ အဲ့ဒီ့အခါ ပညာရှိက စကား စပြောတယ် ။

အရူးတွေက အောက်ကနေ နားထောင်ကြတယ် ။ သူ့ကို မျှော်ပြီးကြည့်ကြတယ် ။ ပညာရှိက သူတို့ကို လက်တွေမသုံးပဲ ခေါင်းသုံးနည်း သင်ပေးမယ်လို့ ယုံကြည်ပြီး စောင့်မျှော်နေကြတယ် ။ ဒါပေမယ့်လဲ ပညာရှိဆီက စကားလုံးပေါင်း အမြောက်အများသာ ထွက်လာနေတယ် ။ အလုပ် မလုပ်ပဲ ဘယ်လိုနေနိုင်တယ်ဆိုတာပဲ ဟောပြောနေတယ် ။ နားထောင်နေတဲ့ အရူးတွေက သူပြောတာကို နားမလည် ။ အဓိပ္ပါယ်လဲ ရှာမတွေ့ ။ သူတို့ မျှော်စင်ပေါ်ကြည့်ပြီး စဉ်းစားနေတယ် ။ စဉ်းစားလို့လဲ မရတော့ ကိုယ့်ကိစ္စကိုယ်လုပ်ဖို့ ပြန်တဲ့ အရူးတွေက ပြန်ကြလေတော့တယ် ။

ပညာရှိက တစ်နေ့လုံး မျှော်စင်ပေါ်ကနေပြီး မတ်တပ်ရပ်ကာ ပြောရင်း ဟောရင်းနဲ့ တစ်နေ့ ကုန်ရော ။ အဲ့ဒီ့နောက် ဒုတိယ နေ့ကို ရောက်လာပြန်တယ် ။ အရူးတွေကတော့ ဒီပညာရှိ ခေါင်းသုံးနည်း မပြသေးဘူးလို့ မှတ်ချက် ချတုန်း ။ ပညာရှိက နာရီပေါင်းများစွာ ရပ်လာရတဲ့အခါ ဆာလောင်မွတ်သိပ့်လာတယ် ။ အောက်က အရူးတွေက စင်ပေါ်ကို အစာပို့ရကောင်းမှန်းမသိ ။ အရူးတွေက တကယ်လို့ ဒီပညာရှိကြီး ဦးခေါင်းနဲ့ အလုပ် လုပ်နိုင်တယ်ဆိုရင် ပေါင်မုန့် သူ့ထံ အလွယ်တကူရောက်အောင် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြတာဖြစ်တယ် ။

နောက်တစ်ရက်လည်း ပညာရှိက ထုံးစံအတိုင်း ပြောဟောပြန်ရော ။ အရူးတွေကတော့ ဘာမှ နားမလည်တော့ တစ်ချို့တွေက နားမထောင်ကြတော့ပဲ ကိုယ့်အလုပ် ကိုယ် လုပ်ဖို့ ပြန်ကြတယ် ။ အဲ့ဒီ့ ဟောပြောပွဲကနေ ပြန်ရောက်လာတဲ့ အရူးတွေကို  အိမ်မှာကျန်တဲ့အရူးတွေက မေးတယ် ။ ပညာရှိကြီး ခေါင်းမသုံးပြသေးဘူးလားတဲ့ ။ အရူးတွေက ပြန်ဖြေတယ် ။ လေတွေပဲ ပန်းနေတုန်းတဲ့ ။

နောက်တစ်ရက်ကျတော့ ပညာရှိကြီးလဲ ထုံးစံအတိုင်း စင်ပေါ်ကို တက်ကာ ဟောပြောဖို့ ဟန်ပြင်တုန်း အစာမစားရတဲ့ဒဏ်တွေကြောင့် စင်အောက်ကို ဒယီးဒယိုင်နဲ့ လဲကျရော ။ အဲ့ဒီ့အခါ သူ့ခေါင်းက တိုင် တစ်တိုင်နဲ့ ဆောင့်မိတယ် ။ အောက်က ကြည့်နေတဲ့ အရူးတစ်ယောက်က မြင်တော့ - ဟော ! ပညာရှိကြီး ခေါင်းသုံးပြပြီးလို့ ဆိုကာ ရွာထဲကအရူးတွေကို ပြေးပြောရော ။ အဲ့ဒီ့အခါ ရွာထဲက အရူးတွေလဲ တစ်အံ့တသြနဲ့ အပြေးအလွှားလာပြီး ကြည့်ကြတယ် ။ အရူးတွေက ဟောပြောပွဲဆီ ရောက်လာကြတဲ့အခါ  ပညာရှိကြီးက ဆာလောင်လွန်းအားကြီးလို့ အရုပ်ကြိုးပျက်ဖြစ်နေပြီ ။ သူ့ခေါင်းက တိုင် တစ်တိုင်ကို မှီပြီးကာမှ ယိုင်ထိုးလှုပ်ရှားကာ လဲကျသွားပြီး လှေကားထစ်တွေကနေ တလိမ့်ခေါက်ကွေး ကျလာလေရော ။ သူ့ခေါင်းက လှေကားထစ်တိုင်းကို တစ်ချက်စီ ဝင်ဆောင့်ကာ မြေကြီးပေါ်အထိ ကျလာခဲ့တာပေါ့ ။

အဲ့ဒီ့အခါ အရူး လူကြီးက -

အေး ဟုတ်သားပဲ ။ ပညာရှိကြီးပြောတာ အမှန်ပဲ ။ ခေါင်းနဲ့ အလုပ် လုပ်ရတာ တစ်ခါတစ်ရံ နှစ်ခြမ်းကွဲတက်တယ်တဲ့ ။ အခုဖြစ်နေတာက လက်က  အနာတွေပေါက်တာထက်တောင် ဆိုးပါကလားကွယ် ။ ခေါင်းနဲ့ အလုပ် လုပ်တာ ဘုတွေ ထစ်တွေတောင် ထွက်နေပါပေါ့လား ?

#htoohtoolay










Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...