Skip to main content

Posts

Showing posts from February, 2017

ဘာသာအတွက် တိုက်ပွဲဝင်ခြင်း

ဘာသာအတွက် တိုက်ပွဲဝင်ခြင်း ----- အစ္စလာမ် ဘာသာရဲ့ အခြေခံများမှာ ဘာသာအတွက် တိုက်ပွဲ ဝင်ရခြင်းဟာလည်း အချက် တစ်ချက် ပါဝင်ပါတယ် ။ ဂျီဟတ် လို့ခေါ်တဲ့ တိုက်ပွဲဝင်ခြင်းဟာ မွတ်စလင်တို့ရဲ့ မိမိတက်စွမ်းနိုင်သလောက် ပါဝင်တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုတယ် ။ မွတ်စလင်တစ်ဦးဟာ မိမိရဲ့ ကာယကံမြောက်အနေနဲ့ဖြစ်စေ မနောကံမြောက်အနေနဲ့ဖြစ်စေ ဒါမှမဟုတ် မိမိရဲ့ ပစ္စည်းဥစ္စာအနေနဲ့ဖြစ်စေ ကူညီတာဟာ အလ္လာမ်အရှင်အတွက် အမှန်တကယ် ပါဝင်ရတာကိုပဲ ဂျီဟတ်လို့ ခေါ်တာ ဖြစ်ပါတယ် ။ ရှရိအတ်တရားတော်မှာ အလ္လာမ်အရှင်အတွက် ကာကွယ်စစ်တိုက်ခြင်းလို့ ဒီလိုဖေါ်ပြထားပါတယ် ။ ဒါပေမယ့် မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ဖြစ်စေ ဒါမှမဟုတ် အစ္စလာမ် ဘာသာဝင်များအား မိမိတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို အကြောင်းပြုပြီး ဖိနှိပ် ညှဉ်းပန်းလျှင် အဲ့ဒီ့ ဖိနှိပ်ညှဉ်းပန်းသူများကို တော်လှန်တိုက်ခိုက်တဲ့ သဘောနဲ့ဖြစ်စေ တိုက်ခိုက်ရတဲ့ စစ်မျိုးကို ဂျီဟတ် စစ်လို့ ခေါ်တာဖြစ်တယ် ။ မိမိတို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို ကာကွယ်တဲ့အနေနဲ့ အသက်ကို အသေခံပြီး တိုက်ပွဲဝင်ရတဲ့ တာဝန်ဟာ မွတ်စလင်တိုင်း လိုက်နာရမဲ့ တာဝန်ဖြစ်တယ်လို့ ဒီလိုဆိုလိုပါတယ်ခင်ဗျာ ။ ( လုပ်ကြံရေးသားခြင်းမဟုတ်ပါ ) ဗဟ...

ပိရမစ် ခေတ်

ပစ်ရမစ်ခေတ် ---- အီဂျစ်နိုင်ငံမှာ မြောက်ပိုင်းတိုင်းပြည်နဲ့ တောင်ပိုင်းတိုင်းပြည်ဆိုပြီး စင်ပြိုင်တိုင်းပြည်ကြီးများ ထူထောင်ကာ အုပ်းစိုးခဲ့တယ်ဆိုတာကို သိကြမှာပါ ။ မြောက်ပိုင်းဘုရင်များဟာ သရဖူအနီကိုဆောင်းပြီး တောင်ပိုင်းဘုရင်များကတော့ အဖြူကို  ဆောင်းခဲ့ကြပါတယ် ။တစ်ခါတစ်ရံ ဘုန်းတန်းခိုးကြီးတဲ့ ဘုရင်များလက်ထက်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပူးပေါင်းပြီး အုပ်ချုပ်ခဲ့တာတွေလည်း ရှိတယ် ။ ဘီစီ ၃၄၀၀ ခန့်မှာ ဘုန်းလက်ရုံး အာဏာပြည့်စုံတဲ့ ဘုရင်တစ်ပါး ပေါ်ထွန်းခဲ့ပါတယ် ။ အဲ့ဒီ့ဘုရင်ကတော့ မိနီး ဖြစ်တယ် ။ မိနီးဘုရင်ဟာ အီဂျစ်ပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို တစ်ပေါင်းတစ်စည်းထဲ စည်းရုံးပြီး မင်းဖစ် အရပ်မှနေပြီး အုပ်ချုပ်လေ့ ရှိပါတယ် ။ သူ လွန်ပြီးတဲ့နောက် သူ့ကို ဆက်ခံတဲ့ မင်းများလက်ထက်မှာ အီဂျစ်နိုင်ငံကြီး စည်းလုံးမှုကတော့ ပိုမိုပြီး ခိုင်မြဲလာခဲ့ပါတော့တယ် ။ ထိုအချိန်က အီဂျစ်နိုင်ငံမှာ ပန်းချီ ပန်းပုပညာ / ဗိသုကာ ပညာ / စာရေးစာဖတ် ပညာ / ဆေးပညာ စတာတွေက ရှေးကထက်ကို ပိုမိုပြီး တိုးတက်လျက်ရှိတယ် ။ ဘီစီ ၂၉၈၀ ခုနှစ်ခန့်မှာတော့ စိုးစံသွားတဲ့ ဇိုးစာ ဘုရင်ကြီး လက်ထက်၌ ဗိသုကာပညာမှာ ပိုမိုဆန်းသစ်လာခဲ့...

ယောဂဆိုတာ !

ယောဂ ဆိုတာ ! ----- ယောဂလေ့ကျင့်ခန်း စလုပ်သူများ မခက်ခဲစေဖို့ ယောဂကျင့်စဉ်ဟာ အိန္ဒိယနိုင်ငံမှာ စတင်ပေါ် ပေါက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းထောင်နဲ့ချီ ဖွံ့ဖြိုးလာတဲ့ ကျင့်စဉ်၊ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေနဲ့ ပြဿနာတွေလဲ အများကြီးရှိနေ ပါတယ်။ ဘော့စတွန်တက္ကသိုလ်၊ ယောဂဌာနမှ သုတေသီ Dr.Vyda Bielkus က ကြုံတွေ့ရနိုင်တဲ့ အခက်အခဲအချို့ ကို ဖြေရှင်းပေးထားပါတယ်။ ယောဂကျင့်စဉ်ကို စတင်ဖို့အ တွက်လူတိုင်းဟာ သင့် တော်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် နာကျင်မှု လျော့ပါး ချင်လို့ ယောဂကျင့်တာဖြစ်တဲ့အတွက် ယောဂကြောင့် မနာရအောင် လိုက်လျောညီထွေဖြစ်စေမယ့် ကိုယ်ခန္ဓာ အနေအထားတွေကို ကျင့်စဉ်တွေမစတင်မီမှာ ဖတ်ရှုထား ရပါမယ်။ စက္ကန့်အနည်းငယ်စီ လိုက်လံတုပ လုပ်ဆောင်ရ မှာဖြစ်ပါတယ်။ အဲဒီလိုမှသာ ပုံမှန် ယောဂ ကျင့်စဉ်တွေမှာ မနာကျင်မှာဖြစ်ပါတယ်။ နောက်ပြီး ကုန်ကျစရိတ်ကို လည်း ထည့်တွက်ရပါမယ်။ အများစုနဲ့ သက်ဆိုင်တဲ့ နေရာတွေ ဥပမာ- ပန်းခြံတွေမှာ မနက်ခင်းပြုလုပ်တဲ့ ကျင့်စဉ်တွေကို ရွေးချယ်မယ်ဆိုရင် ကုန်ကျမှု နည်းပါးပါ လိမ့်မယ်။ ဒါပေမယ့် ယောဂဆရာက ကိုယ့်ကို သေချာဂရု စိုက်နိုင်မှာတော့ မဟုတ်ပါဘူး။ လစဉ်ဝင်ကြေးနဲ့ လုပ် ဆောင်ရတ...