ပစ်ရမစ်ခေတ်
----
အီဂျစ်နိုင်ငံမှာ မြောက်ပိုင်းတိုင်းပြည်နဲ့ တောင်ပိုင်းတိုင်းပြည်ဆိုပြီး စင်ပြိုင်တိုင်းပြည်ကြီးများ ထူထောင်ကာ အုပ်းစိုးခဲ့တယ်ဆိုတာကို သိကြမှာပါ ။ မြောက်ပိုင်းဘုရင်များဟာ သရဖူအနီကိုဆောင်းပြီး တောင်ပိုင်းဘုရင်များကတော့ အဖြူကို ဆောင်းခဲ့ကြပါတယ် ။တစ်ခါတစ်ရံ ဘုန်းတန်းခိုးကြီးတဲ့ ဘုရင်များလက်ထက်မှာ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပူးပေါင်းပြီး အုပ်ချုပ်ခဲ့တာတွေလည်း ရှိတယ် ။ ဘီစီ ၃၄၀၀ ခန့်မှာ ဘုန်းလက်ရုံး အာဏာပြည့်စုံတဲ့ ဘုရင်တစ်ပါး ပေါ်ထွန်းခဲ့ပါတယ် ။ အဲ့ဒီ့ဘုရင်ကတော့ မိနီး ဖြစ်တယ် ။ မိနီးဘုရင်ဟာ အီဂျစ်ပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို တစ်ပေါင်းတစ်စည်းထဲ စည်းရုံးပြီး မင်းဖစ် အရပ်မှနေပြီး အုပ်ချုပ်လေ့ ရှိပါတယ် ။ သူ လွန်ပြီးတဲ့နောက် သူ့ကို ဆက်ခံတဲ့ မင်းများလက်ထက်မှာ အီဂျစ်နိုင်ငံကြီး စည်းလုံးမှုကတော့ ပိုမိုပြီး ခိုင်မြဲလာခဲ့ပါတော့တယ် ။
ထိုအချိန်က အီဂျစ်နိုင်ငံမှာ ပန်းချီ ပန်းပုပညာ / ဗိသုကာ ပညာ / စာရေးစာဖတ် ပညာ / ဆေးပညာ စတာတွေက ရှေးကထက်ကို ပိုမိုပြီး တိုးတက်လျက်ရှိတယ် ။ ဘီစီ ၂၉၈၀ ခုနှစ်ခန့်မှာတော့ စိုးစံသွားတဲ့ ဇိုးစာ ဘုရင်ကြီး လက်ထက်၌ ဗိသုကာပညာမှာ ပိုမိုဆန်းသစ်လာခဲ့ပါတယ် ။ အင်းဟိုတက်အမည်ရှိတဲ့ ဘုရင့်ဗိသုကာကြီးဟာ အောက်ခြေလေးထောက်ရှိပြီး အပေါ်ဘက်ကို ရှုးသွားကာ ကျောက်ဂူ သင်္ချိုင်းကြီးကို ဆောက်လုပ်ခဲ့ပါတယ် ။ အဲ့ဒီ့ ကျောက်ဂူ သင်္ချိုင်းကြီးဟာ အမြင့်ပေ ၂၀၀ ရှိတယ် ။ အဲ့ဒီ့ သင်္ချိုင်းကြီးဟာ နောင်အခါမှာ ဆောက်လုပ်မဲ့ ပရမစ် ဂူသင်္ချိုင်းကြီးများ၏ ရှေ့ပြေးပါပဲ ။
အီဂျစ်လူမျိုးတို့ဟာ နောက်ဘဝမှာ ဒီဘဝက ကိုယ်ခန္ဓာနဲ့ လူပြန်ပြီး ဖြစ်ကြတယ်လို့ ယုံကြည်ကြသူတွေဖြစ်တယ် ။ ဒါကြောင့် သေသူရဲ့ ဝိညာဉ်တွေ ပြန်ပြီး ဝင်နိုင်စေဖို့ ရုပ်အလောင်းကို မပုပ်သိုးအောင် ထားနိုင်တဲ့ နည်းတွေကို ရှာဖွေခဲ့ကြပါတော့တယ် ။ ဆီ / ပွဲ့လျက် / အင်တွဲ / အမွှေးအထုံ စတဲ့ ဆေးဝါးမျိုးစုံတို့နဲ့ ဦးခေါင်းကနေပြီး ခြေဖျားထိတိုင်အောင် ရင်ဘတ်ကြပ်စည်းပြီး မြှပ်နှံခဲ့ကြပါတယ် ။ ဒီဆေးပညာကိုတော့ အခုခေတ် သိပ္ပံပညာရှင်တို့တောင်မှ မကြံဆနိုင်သေးတဲ့ အံ့မခန်း ပညာရပ် တစ်ရပ်ပါပဲ ။
ဘုရင်များ သေတဲ့အခါ ရုပ်အလောင်းကို ဆေး စီရင်ပြီး ပိရမစ်ဂူသင်္ချိုင်းတွေထဲမှာ မြှပ်နှံကြတယ် ။ သေသွားတဲ့ ဘုရင်ရဲ့ အဝတ်အစားတွေ ရွှေငွေရတနာတွေ ပန်းကန် ခွက်ယောက် စတဲ့ အသုံးအဆောင်တွေ သလွန် ညောင်စောင်း ဝေါ စတဲ့ ပရိဘောဂ များကိုပါ အလောင်းနဲ့အတူ မြှပ်နှံကြပါတယ် ။ အဲ့ဒါတင်မကသေးဘူး နောင်တမလွန်မှာ ဘယ်လိုနေထိုင်ရမယ် / ငရဲကို မရောက်အောင် ဘယ်လို ဖြေဆိုရမယ် စတဲ့ ညွှန်ကြားလွှာများကို ကျူပြားစက္ကူပေါ်မှာ ရေးပြီး မြေအိုးနဲ့ ထည့်ကာ မြှပ်နှံကြပါသေးတယ် ။ ပစ်ရမစ်ကြီးနဲ့ ကပ်ပြီး ကွယ်လွန်သူ ဘုရင်ကြီးအတွက် ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်ကြီး တစ်ခုစီ ရှိတယ် ။ အဲ့ဒီ့ ကျောင်းဆောင်နံရံတွေပေါ်မှာ နတ်ရွာစံတဲ့ ဘုရင်ကြီး ရေလား တောလား ထွက်ခဲ့ပုံ အဖြစ်စုံတို့ကို ရုပ်လုံးဖေါ်ပြီး ပန်းချီရေးချယ်ထားတာတွေလဲ ရှိတယ် ။ အဲ့ဒီ့ ကျောင်းဆောင်ကြီးဆီကို ကွယ်လွန်သူ ဘုရင်ကြီးက နေ့စဉ် ဝတ်ပြုဖို့ လာရောက်တယ်လို့လဲ ယုံကြည်ထားကြတယ် ။ ဒါကြောင့် ကျန်ရစ်သူများက ဘုရင်ကြီးအတွက်ထမင်း ဟင်းလျာများကို အဲ့ဒီ့ ကျောင်းဆောင်ကို ပို့လေ့ရှိတယ်လို့ ဆိုပါတယ် ။
ပစ်ရမစ်ကြီးတစ်ခု အနီးမှာ စဖင့် လို့ခေါ်တဲ့ လူခေါင်းကြီးနဲ့ ခြင်္သေ့ကိုယ်အရုပ်ကြီးတစ်ခုစီကို တွေ့ကြရတယ် ။ ( စဖင့်နဲ့ ပတ်သတ်ပြီး အချို့အဆိုများ ) အချို့ အရုပ်ကြီးများရဲ့ အရွယ်အစားက ပစ်ရမစ်ကြီးများရဲ့ အရွယ်အစားလောက် ရှိကြပါတယ် ။ အရုပ်ရဲ့ မျက်နှာမှာ ဂူသွင်းမြှပ်နှံထားတဲ့ ဘုရင်တွေရဲ့ မျက်နှာနဲ့ တူအောင် ထုလုပ်ထားကြတာလို့ အဆိုရှိတယ် ။ပရမစ်ကြီးများရဲ့ အနီးမှာ မိဖုရား မှူးကြီးမတ်ကြီးများ လူကုံထံများ တဲ့ သူတွေရဲ့ ရုပ်အလောင်းတွေကို မြှပ်နှံထားတဲ့ ကျောက်တစ်ထပ် တိုက်ဂူကလေးများကိုလည်း အစီအရီတွေ့ကြရပါတယ် ။
ပိရမစ်ခေတ်မှာ အီဂျစ်နိုင်ငံက လက်မှုပညာနဲ့ အနုပညာတွေ တိုးတက်လျက်ရှိတယ် ။မိဖုရားနဲ့ လူကုံထံ အမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ လက်ဝတ်ရတနာများမှာ အခု ခေတ်ပေါ်ပစ္စည်းများကဲ့သို့ ကောင်းမွန်လှတာကို တွေ့ကြရပါတယ် ။
#htoohtoolay

Comments
Post a Comment