Skip to main content

ယောဂဆိုတာ !

ယောဂ ဆိုတာ !
-----

ယောဂလေ့ကျင့်ခန်း စလုပ်သူများ မခက်ခဲစေဖို့
ယောဂကျင့်စဉ်ဟာ အိန္ဒိယနိုင်ငံမှာ စတင်ပေါ် ပေါက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်းထောင်နဲ့ချီ ဖွံ့ဖြိုးလာတဲ့ ကျင့်စဉ်၊ လေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် အခက်အခဲတွေနဲ့ ပြဿနာတွေလဲ အများကြီးရှိနေ ပါတယ်။
ဘော့စတွန်တက္ကသိုလ်၊ ယောဂဌာနမှ သုတေသီ Dr.Vyda Bielkus က ကြုံတွေ့ရနိုင်တဲ့ အခက်အခဲအချို့ ကို ဖြေရှင်းပေးထားပါတယ်။ ယောဂကျင့်စဉ်ကို စတင်ဖို့အ တွက်လူတိုင်းဟာ သင့် တော်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် နာကျင်မှု လျော့ပါး ချင်လို့ ယောဂကျင့်တာဖြစ်တဲ့အတွက် ယောဂကြောင့် မနာရအောင် လိုက်လျောညီထွေဖြစ်စေမယ့် ကိုယ်ခန္ဓာ အနေအထားတွေကို ကျင့်စဉ်တွေမစတင်မီမှာ ဖတ်ရှုထား ရပါမယ်။ စက္ကန့်အနည်းငယ်စီ လိုက်လံတုပ လုပ်ဆောင်ရ မှာဖြစ်ပါတယ်။ အဲဒီလိုမှသာ ပုံမှန် ယောဂ ကျင့်စဉ်တွေမှာ မနာကျင်မှာဖြစ်ပါတယ်။ နောက်ပြီး ကုန်ကျစရိတ်ကို လည်း ထည့်တွက်ရပါမယ်။ အများစုနဲ့ သက်ဆိုင်တဲ့ နေရာတွေ ဥပမာ- ပန်းခြံတွေမှာ မနက်ခင်းပြုလုပ်တဲ့ ကျင့်စဉ်တွေကို ရွေးချယ်မယ်ဆိုရင် ကုန်ကျမှု နည်းပါးပါ လိမ့်မယ်။ ဒါပေမယ့် ယောဂဆရာက ကိုယ့်ကို သေချာဂရု စိုက်နိုင်မှာတော့ မဟုတ်ပါဘူး။ လစဉ်ဝင်ကြေးနဲ့ လုပ် ဆောင်ရတဲ့ သင်တန်းတွေကတော့ အသင့်တော်ဆုံးဖြစ်ပါတယ်။
ယောဂဟာ လေ့ကျင့်ခန်းမဟုတ် ဘူးလို့ လူအများစုက ထင်ကြပါတယ်။ ဒါပေမယ့် Dr.Vyda Bielkusက ပြောထားတာကတော့ ယောဂဟာ အောက်စီဂျင်ကို အသုံးပြုပြီးကယ်လိုရီ လောင်ကျွမ်းစေတဲ့ အေရိုးဗစ် အား ကစားတစ်မျိုးဖြစ်ကာ လေ့ကျင့်ရင်းနဲ့မှ စိန်ခေါ်မှုနဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေကို ရရှိခံစားရမှာ ဖြစ်ပါတယ်။
ယောဂဟာ ကိုယ်ခန္ဓာစနစ်အား လုံးလိုလိုကို အလုပ် ပေးတဲ့ကျင့်စဉ်ဖြစ်ပြီး အထူးသဖြင့် အာရုံကြောစနစ်နဲ့ နှလုံး၊ သွေးကြောစနစ်တွေကို ဦးစားပေးကျန်းမာစေပါတယ်။ ယော ဂလေ့ကျင့်ခန်းတွေဟာ ပျင်းစရာကောင်းတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် သံစဉ်၊ သီချင်းလေးတွေနဲ့ တွဲဖက်လေ့ကျင့်လို့ရတယ်ဆိုတာကို လူတွေက အသိနည်း နေပါသေးတယ်။
နောက်ပြီးအချို့က ယောဂဆိုတာဟာ ဘာသာရေး ကျင့်စဉ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် ဒါဟာ ခံယူ ချက်နဲ့ပဲဆိုင်ပြီး မိမိခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးအတွက် ကျင့်ပေးတဲ့ယောဂနဲ့ အိန္ဒိယဆာဒူးကြီး တွေကျင့်တဲ့ ဘာသာရေးယောဂတွေ ဟာလုံးဝတူညီနေ တာမဟုတ်ပါဘူး။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...