Skip to main content

Posts

Showing posts from August, 2017

လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀၀ က နည်းပညာများ !

လွန်ခဲ့သော နှစ်ပေါင်း ၁၇၀၀၀ ( တစ်သောင်းခုနှစ်ထောင် ) မှ နည်းပညာများ ---------- ယခုမျက်မှောက်အချိန်အခါ၌ သိပ္ပံပညာရှင်တို့သည် စိုးရိမ်စိတ်များ ဖြစ်ပေါ်လျက်ရှိကြောင်းအား ဖေါ်ထုတ်ပြောကြားခဲ့သည်များကို တွေ့ရှိရလေပြီဖြစ်သည် ။ ထိုသူတို့စိုးရိမ်သည်မှာ မည်သည့်အရာဖြစ်ပါသနည်းဟု လေ့လာရာ၌ တွေ့ရှိရသည်မှာ အနုမြူစစ်ပွဲပင် ဖြစ်လေတော့၏ ။ ယခင်က အမေရိကန်ပြည်ထောင်စု တစ်ခုတည်းသာ ပိုင်ဆိုင်ကြပါသော်လည်း ယခုအခါ၌မူ ၄င်းဗုံးများမှာ နိုင်ငံအတော်များများပင် ပိုင်ဆိုင်နေလေပြီဖြစ်၏ ။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာမြေပေါ်ဝယ် လွန်ခဲ့သော အလွန်ရှေးကျခဲ့သည့် အတိတ်ကာလများတွင် အနုမြူစစ်ပွဲများ ဖြစ်ပေါ်ခဲ့ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိထားခဲ့သောကြောင့်ဖြစ်လေ၏ ။ ထိုအချက်များမှန်ကန်နေပါလျှင်မူ လူသားအရင်းအမြစ်သည် ရှေးလွန်လေသော ခေတ်အဆက်ဆက်တို့မှ မျိုးတုန်းမှုမျိုးကို တွေ့ရှိနိုင်လေ၏ဟု သိပ္ပံပညာရှင်များက ယူဆလာကြတော့၏ ။ ဤနေရာ၌ လေ့လာရန်လိုအပ်သည်မှာ  လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ကျော် ၅၀၀၀ လောက်က လျှပ်စစ်များရှိပါသလားဟူသည့် အချက်ပင်ဖြစ်၏။ ထိုအရာနှင့်ပတ်သတ်၍ အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် ဝီလီယံဂီးလ်ဘတ်သည် ပယင်းချောင်းနှင့် အရာဝတ္ထုများ ပ...

သူ နှင့် သစ်ပင်

သူ နှင့် သစ်ပင် ----- ကလေးငယ်လေးတစ်ယောက်သည် သူ၏ မွေးဖွားရာ ဇာတိရှိ တောင်ကုန်းလေးတစ်ခုအပေါ်သို့ အပြေးတက်သွားလေ၏ ။ သူ့အနောက်မှ ကလေးတစ်ယောက်သည်လည်း အပြေးတစ်ပိုင်း...