လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်မှုကြောင့် မုန်တိုင်းဖြစ်ပေါ်ကြောင်း တွေ့ရှိခြင်း ! ----- In China , a butterfly flaps its wing , leading to unpredictable changes in U . S . weather a few days later . တရုတ်မှာ လိပ်ပြာတကောင် တောင်ပံခတ်လိုက်တာနဲ့ အမေရိကရဲ့ မိုးလေဝသဟာ နောက်ရက်အနည်းငယ်အတွင်းမှာ မခန့်မှန်းနိုင်အောင် ပြောင်းသွားတယ် ။ ဒါကတော့ ၁၉၆၀ စောစောပိုင်းလောက်မှာ မိုးလေ၀သပညာရှင် အက်ဒ်ဝပ်လောရန့် ( Edward Lorenz ) ပြောခဲ့တဲ့ စကားဖြစ်ပြီး လိပ်ပြာ တောင်ပံအကျိုးဆက် ( butterfly effect ) လို့ လူသိများပါတယ် ။ ( နယူးမက်ဆီ ကိုမှာ လိပ်ပြာတောင်ပံခတ်တာနဲ့ တရုတ်မှာ ဟာရီကိန်းမုန်တိုင်းကြီး ဖြစ်လာ တယ်လို့လည်း မူကွဲရှိပါတယ် ) နယူတန်ဟာ သူ့ရဲ့နိယာမတွေနဲ့ ခေတ်သစ်ကမ္ဘာကြီးကို မွေးဖွားပေး လိုက်တယ် ။ ခေတ်သစ်ကမ္ဘာကြီးတခုလုံးဟာ နယူတန်ရဲ့ နိယာမတွေအောက်မှာ စည်းကမ်းတကျ သေသေဝပ်ဝပ်နဲ့ လှပချစ်စရာကောင်းနေတော့တယ် ။ အရာအားလုံးဟာ စည်းမျဉ်းဥပဒေအတိုင်းပဲ လှုပ်ရှားကြတယ် ။ စည်းမဖောက် ဘူး ။ ဥပမာ ဘောလုံးလေးတလုံးကို ဘယ်လောက်ထောင့်နဲ့ ၊ စဦးအလျင် ဘယ်လောက်နဲ့ ပစ်လိုက်ရင် အဲဒီဘောလုံးလေး ဘယ်လမ်းကြောင်းနဲ့ ...
သင်၏ ငါးမိနစ်တာအချိန်သည် အကျိုးရှိသော စာတစ်ပိုဒ်နှင့် ကုန်ဆုံးရန် သင့်၏ ။