လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်မှုကြောင့် မုန်တိုင်းဖြစ်ပေါ်ကြောင်း တွေ့ရှိခြင်း !
-----
In China , a butterfly flaps its wing , leading to unpredictable changes in U . S . weather a few days later .
တရုတ်မှာ လိပ်ပြာတကောင် တောင်ပံခတ်လိုက်တာနဲ့ အမေရိကရဲ့ မိုးလေဝသဟာ နောက်ရက်အနည်းငယ်အတွင်းမှာ မခန့်မှန်းနိုင်အောင် ပြောင်းသွားတယ် ။
ဒါကတော့ ၁၉၆၀ စောစောပိုင်းလောက်မှာ မိုးလေ၀သပညာရှင် အက်ဒ်ဝပ်လောရန့် ( Edward Lorenz ) ပြောခဲ့တဲ့ စကားဖြစ်ပြီး လိပ်ပြာ တောင်ပံအကျိုးဆက် ( butterfly effect ) လို့ လူသိများပါတယ် ။ ( နယူးမက်ဆီ ကိုမှာ လိပ်ပြာတောင်ပံခတ်တာနဲ့ တရုတ်မှာ ဟာရီကိန်းမုန်တိုင်းကြီး ဖြစ်လာ တယ်လို့လည်း မူကွဲရှိပါတယ် ) နယူတန်ဟာ သူ့ရဲ့နိယာမတွေနဲ့ ခေတ်သစ်ကမ္ဘာကြီးကို မွေးဖွားပေး လိုက်တယ် ။ ခေတ်သစ်ကမ္ဘာကြီးတခုလုံးဟာ နယူတန်ရဲ့ နိယာမတွေအောက်မှာ စည်းကမ်းတကျ သေသေဝပ်ဝပ်နဲ့ လှပချစ်စရာကောင်းနေတော့တယ် ။ အရာအားလုံးဟာ စည်းမျဉ်းဥပဒေအတိုင်းပဲ လှုပ်ရှားကြတယ် ။ စည်းမဖောက် ဘူး ။ ဥပမာ ဘောလုံးလေးတလုံးကို ဘယ်လောက်ထောင့်နဲ့ ၊ စဦးအလျင် ဘယ်လောက်နဲ့ ပစ်လိုက်ရင် အဲဒီဘောလုံးလေး ဘယ်လမ်းကြောင်းနဲ့ သွားမယ် ဘယ်လောက်ကြာအောင်သွားမယ် ၊ ဘယ်နေရာမှာ ကျမလဲဆိုတာကို သေချာ ပေါက်တွက်လို့ရတယ် ။ ဘောလုံးလေးဟာ နယူတန်ရဲ့ နိယာမတွေအောက်မှာ သေသေဝပ်ဝပ်ပါပဲ ။ တိုတိုပြောရရင် လောကကြီးတခုလုံးဟာ ရူပနိယာမတွေအောက်မှာ ရိုးရှင်းခိုင်ခန့်နေပါတယ် ။
ကနဦးအခြေအနေတွေကို သိရင် ရှေ့ဘာဖြစ်မလဲ ဆိုတာ ဘုရားသခင်လို အတတ်ပြောနိုင်ပါပြီ ။ ဒါမှမဟုတ် ရှေ့ဘာဖြစ်ချင်လဲ ။ အဲဒီအတွက် ကနေဦးအခြေအနေ ဘာတွေဖြစ်ရမယ်ဆိုတာကို အတတ်ပြော နိုင်ပါပြီ ။ နယူတန်ဟာ အလွန်ကျေနပ်စရာကောင်းတဲ့ ၊ အစွမ်းလည်း ထက်လှတဲ့ ခေတ်သစ်မက္ကင်းနစ်ဝါဒ ( mechanism ) ကို မွေးဖွားပေးလိုက်ပါတယ် ။ ဒါပေမဲ့ သဘာဝဟာ လူသားတွေ ထင်သလောက် မရိုးရှင်းပါဘူး ။ ဒါကို စပြီးသတိပြုမိသူကတော့ ပြင်သစ်ပညာကျော် ပွိုင်ကာရေး Jules Henri Poincare ( 1854 - 1912 ) ပါ ။ ( ပွိုင်ကားရေးဆိုတာ စွယ်စုံရသင်္ချာပညာရှင် ၊ ရစ်လေတစ်ဗစ်တီကို တွေ့ဖို့ လက်တကမ်းပဲ လိုတော့တဲ့သူဟု မှတ်ချက်ချ ခံရသူ ) သူက နေအဖွဲ့အစည်းဟာ နယူတန်ရဲ့ လူတွေ ထင်နေသလို ကြိုတင် ခန့်မှန်းလို့ မရဘူးလို့ စရိပ်မိခဲ့ပါတယ် ။
ဒါပေမဲ့ အဲဒီတုန်းကတော့ ဘယ်သူကမှ အလေးမထားခဲ့ပါဘူး ။ လူတွေကလည်း မက္ကင်းနစ်ဝါဒရဲ့ အောင်မြင်မှု အောက်မှာ ကျေနပ်ယစ်မူးနေဆဲပါ ။ ဒါပေမဲ့ မိုးလေ၀သပညာရှင် လောရန့်က မိုးလေဝသကို ဘာလို့ ခန့်မှန်းလို့ မရသလဲဆိုတာကို ရိပ်မိသွားတဲ့အခါ မက္ကင်းနစ်ဝါဒဟာ အကန့်အသတ်နဲ့ပဲ သုံးလို့ရတဲ့ဝါဒဖြစ်ကြောင်း ထင်ရှားလာ တော့တယ် ။ ၁၉၆၀ လောက်မှာ လောရန့်က မိုးလေဝသအတွက် model တခု တည်ဆောက်ပါတယ် ။ သဘောက လေထုဖိအား ၊ စိုထိုင်းဆ ၊ လေထုအပူချိန် စတဲ့ ရာသီဥတုနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို ဆိုင်ရာဆိုင်ရာ အီကွေးရှင်း တွေထဲ ထည့်တွက်ပြီး နောင်လာမယ့် မိုးလေဝသကို ကြိုတင်ခန့်မှန်းနိုင်ဖို့ပါ ။ ( သူ့ model သာ အောင်မြင်သွားရင် ရေရှည်မိုးလေဝသကို အတိအကျ ခန့်မှန်းနိုင်မှာပါ ) တရက်မှာ လောရန့်ဟာ ဖြစ်စဉ်တခုကို သေချာကွန်ပျူတာကို နှစ်ခါပြန်တွက်ခိုင်းလိုက်တယ် ။
အဲဒီအခါ အတူတူထွက်လာ ရမယ့် ရလဒ် နှစ်ခုဟာ လုံးဝမတူတော့ကြောင်း အံ့ဩစွာပဲ တွေ့လိုက်ရတယ် ။ ဘာကြောင့်လဲ စေ့စေ့စပ်စပ်ပြန်စစ်ကြည့်တော့မှ အဖြေကို တွေ့ပါတယ် ။ မတူရတာက ပထမနဲ့ ဒုတိယ အသွင်းဂဏန်း ( Input ) တွေ မတူ လို့ပါ ။ ပထမတခါက ၀ - ၅၀၆၁၂၇ . . အဲဒါကို ဒုတိယအကြိမ် ပြန်တွက်တော့ လောရန့်က ၀ - ၅၀၆ နဲ့ တွက်ခိုင်းမိတာပါ ။ သူ့အနေနဲ့ ၀ . ၅၀၆၁၂၇ နဲ့ ၀၅၀၆ ကို ( အပုံတသောင်းပုံတပုံလောက်ပဲ ကွာတာဆိုတော့ ) အတူတူပဲ ဆိုပြီး တွက်ခိုင်းလိုက်မိတာ … ဒါပေမဲ့ ရလဒ်က အစပိုင်းမှာ တူမယောင်ဖြစ် နေပေမယ့် အချိန်ကြာလာလေလေ ဘာမှမဆိုင်အောင် တခြားစီဖြစ်သွားပါ တော့တယ် ။ အစကနဦးမှာ နည်းနည်းလေးကွာတာနဲ့ ရလဒ်က ( အချိန်ကြာလေလေ ) မထင်လောက်အောင် ကွာသွားလေလေပါပဲ ။ တနည်းအားဖြင့် အကျိုးရလဒ်ဟာ အစကနဦးအခြေအနေမှာ သိမ်သိမ်မွေ့မွေ့ မှီခိုနေပါတယ် ။ အဲဒီသဘောကို ညွှန်းပြီး လောရန့်က butterfly effect လို့ ပြောခဲ့တာပါ ။ ပညာရပ်လို sensitive dependence on initial conditions လို့ ခေါ်ပါတယ် ။
တကယ်လို့ လေထုဖိအားကို စတိုင်းတဲ့အချိန်မှာ လိပ်ပြာလေး တကောင်ကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲလေးကို ထည့်မတွက်မိဘူးဆိုပါစို့ ။ ဒါဆို ကိန်းဂဏန်းဟာ နည်းနည်းလောက်တော့ ပြောင်းလဲသွားမှာပါပဲ ။ ဒါဆို သာပါပြီ … အချိန်ကြာလာလေလေ ရလဒ်နှစ်ခုဟာ ကွာလေလေပါပဲ ။ ပထမပိုင်းမှာ တူပါသေးတယ် ၊ ကြာလာလေလေ မတူလေပါပဲ ) ကျနော်တို့ အနေနဲ့ ကနဦးအခြေအနေတွေကို အလွန့်အလွန်တိတိကျကျ ရမယ်ဆိုရင် မိုးလေဝသကို ရေရှည်ခန့်မှန်းနိုင်မှာပါ ၊ ဒါပေမဲ့ အဲလိုရ လုံးဝမဖြစ်နိုင်ပါဘူး ။ နောက် ကွမ်တမ်သီအိုရီရဲ့ မရေရာမှုစည်း ( uncertainty principle ) ကလည်း အခြေအနေတခု ၊ အရာဝတ္ထုတခါ ဘယ်လိုမှ အပြည့်အဝ အတိအကျ မတိုင်းတာနိုင်ဘူးလို့ ယတိပြတ်ဆိုပါတယ် ။ ဒါ မိုးလေဝသကို ဘာလို့ ရေရှည်ခန့်မှန်းလို့ မရသလဲဆိုတာပါပဲ ။ ( နှစ်ရက် သုံးရက်လောက်တော့ ရပါတယ် ) တနည်းအားဖြင့် စနစ်တခု ၊ ဖြစ်စဉ်တခုဟာ အဲလို ကနဦးအခြေအနေ ပေါ် အလွန်မီခိုနေပြီဆိုရင် ရေရှည်ဟောကိန်းထုတ်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး ။ အဲလိုအခြေအနေမျိုးကို ခေးအော့စ် ( chaos ) လို့ ခေါ်ပါတယ် ။ ခေးအော့စ်ရဲ့ အဓိပ္ပာယ်က ကသောင်းကနင်း ၊ ပရမ်းပတာလို့ အဓိပ္ပာယ်ရပါတယ် ။
တကယ့် လောကကြီးဟာ နယူတန်တို့ပြောသလို မက္ကင်းနစ်နိယာမတွေအောက်မှာ သေသေဝပ်ဝပ်မနေဘဲ စိတ်ရူးပေါက်သလို ထထဖောက်ပါတယ် ။ လက်တွေ့မှာ လည်း ဘောလုံးရဲ့ တည်နေရာကို ခန့်မှန်းသလို ခန့်မှန်းလို့မရတဲ့ ကိစ္စတွေ အများကြီးဆိုတာ ထင်ရှားလာပါတယ် ။ ၁၉၈ဝ ကျော်မှာ ရူပနဲ့ ဇီဝစနစ် အများစုဟာ ခေးအော့စ်ဖြစ်တယ်ဆိုတဲ့ သက်သေပြချက်တွေ တသီကြီး ၊ ထွက်လာပါတော့တယ် ။ ရာသီဥတုဟာ ခေးအော့စ်ပါ ။ ဝဲဂယက်ဟာလည်း ခေးအော့စ်ပါ ။ စတော့အိပ်ချိန်းဟာလည်း ခေးအော့စ်ပါ ။ နှလုံးခုန်သံဟာလည်း ခေးအော့စ်ပါ ။ ပြောရရင် ဓာတုဓာတ်ပြုခြင်းတွေကနေ ကြယ်စုကြီးတွေရဲ့ ရွေ့လျားမှုအထိ ခေးအော့စ်ပါ ။ ( Poincare ထင်ခဲ့သလိုပဲ ကျနော်တို့ နေအဖွဲ့အစည်းဟာလည်း ၊ ခေးအော့စ်ပါ ။ နောက်ပိုင်းမှာ စေတန် ( စနေ ) ဂြိုဟ်ရဲ့ လမင်းငယ် Hyperion ရဲ့ ရွေ့လျားမှုနဲ့ ပလူတိုရဲ့ နေပတ်လမ်းကြောင်းတို့ဟာ ခေးအော့စ်ဖြစ်နေတယ် ဆိုတာကို ရှာတွေ့ခဲ့ပါတယ် )
ဟုတ်ကဲ့ . … . ကျနော်တို့ရဲ့လောကကြီးဟာ ခေးအော့စ်လောကကြီးပါ ။ မက္ကင်းနစ်ဝါဒရဲ့အောင်မြင်မှုနဲ့ အားလုံးကို ထိန်းချုပ်ကိုင်တွယ်နိုင် တယ်လို့ မာန်တက်ခြေဖျားထောက်နေတဲ့ လူသားတွေရဲ့ ခြေဖဝါးဟာ မြေနဲ့ ပြန်ကပ်သွားပါတယ် ။ ခက်ပြီ ။ ဒါဆို လောကကြီးဟာ ထင်ရာစိုင်းလောကကြီးပေါ့ … ဘာဆိုဘာမှ ခန့်မှန်းလို့ မရတဲ့ ၊ အစိုးမရတဲ့ လောကကြီးပေါ့ ။ အဲ . အဲလိုလည်း မဟုတ်သေးဘူးတဲ့ဗျ ။ ပရမ်းပတာဖြစ်နေပေမယ့် အထိမ်း ၊ အကွပ်တော့ ရှိတယ်တဲ့ ။ ဒါကိုလည်း လောရန့်ကပဲ ပြခဲ့ပါတယ် ။ လောရန့်က သူ့ရဲ့ခေးအော့စ်ဖြစ်နေတဲ့ မိုးလေဝသကို 3 dimenssion နဲ့ ( ထပ်ကျော့ ထပ်ကျော့ ) သရုပ်ဖော်ကြည့်တဲ့အခါ လိပ်ပြာပုံ အဆင်အကွက် ( pattern ) လေးတခုကို ရလာပါတော့တယ် ။ ( အဓိပ္ပာယ်က ဒီလိုပါ . . . ။ ခေးအော့စ်ဖြစ်နေတဲ့ အတွက်ကြောင့် ရလဒ်တွေကို ခန့်မှန်းလို့ မရပေမယ့် ( ရလဒ်တွေက ပရမ်းပတာ ဖြစ်နေပေမယ့် ) အဲလို ထွက်ချင်သလို ထွက်နေတဲ့ ရလဒ်တွေဟာ တကယ့်တကယ့်မှာ ပရမ်း ၊ ပတာထွက်လာတာ မဟုတ်ဘဲ အဆင်အကွက်တခုမှာ ရှိနေပါတယ်တဲ့ ။ ပရမ်း ပတာတော့ ပရမ်းပတာ … ဒါပေမဲ့ စည်းလွတ်ဝါးလွတ် စည်းမဲ့ကမ်းမဲ့ မဟုတ်ပါဘူး ၊ စည်းရှိပါတယ်တဲ့ ။ ဥပမာ ရာသီဥတုဆိုပါတော့ ။ တစ်နှစ်အတွက်ရာသီဥတုကို ဘယ်လိုမှ မခန့်မှန်းနိုင်ပါဘူး ။ ဒါပေမဲ့ နွေ ၊ မိုး ၊ ဆောင်းဆိုတဲ့ အကွက်အဆင်ရှိပါတယ် ။ ဘယ်အချိန် မိုးဦးစကျမလဲ အတိအကျ မသိနိုင်ပေမယ့် နွေပြီးရင် မိုးလာမှာ သေချာပါတယ် ။ ခေးအော့စ်ဆိုတာ အဲလိုသဘောပါပဲ ။
သည်ထက်ရှင်းအောင် ပြောရရင် ရှုပ်ထွေးလှတဲ့ စနစ် ၊ ပရမ်းပတာ ဖြစ်နေတယ်လို့ ထင်ရတဲ့ ဖြစ်စဉ်တွေမှာ စနစ်တခု ရှိတယ်ဆိုတာပါပဲ ။ တနည်းအားဖြင့် အကန့်အသတ်တခု limit တခုတည်းမှာ လှုပ်ရှားနေခြင်းပါ ။ ဒါပေမဲ့ ကာလရှည်ကြာမှ ( long term ဖြစ်မှ ) ထင်ရှားလာတဲ့ သဘောထား ရှိပါတယ် ။ ဥပမာ ရာသီဥတုရဲ့ အကွက်အဆင်ကို ရဖို့အတွက် အနည်းဆုံး နှစ်နှစ်သုံးနှစ်တော့ လိုပါလိမ့်မယ် ။ ( ခြောက်လတစ်နှစ်နဲ့ ကြည့်လို့က ဟာ … . ရာသီဥတုဆိုတာ ဘယ်လိုမှ ခန့်မှန်းလို့မရတဲ့ ၊ ဖြစ်ချင်သလို ဖြစ် တယ်ဆိုတဲ့ အရာကြီးပဲလို့သာ ကောက်ချက်ချမိမှာပါ ၊ နှစ်နှစ်သုံးနှစ် စောင့်ကြည့် မှသာ နွေမိုးဆောင်းဆိုတဲ့ အကွက်အဆင်ကို ရိပ်မိမှာပါ ) ဒါကြောင့် ခေးအော့စ်ကို order in disorder လို့ ပြောခြင်းပါ ။ နောက် ခေးအော့စ်မှာ အရေးကြီးဆုံးအချက်တစ်ခု ကျန်ပါသေးတယ် ။ salmcom feedback olòn 63 : 638 domosdose : feedback ရှိတယ် ။ တနည်းအားဖြင့် feedback ရှိလို့လည်း ခေးအော့စ်ဖြစ်တယ်လို့ ပြောလို့ရပါတယ် ။ စနစ်တခုကို feedback ပေးလိုက်ပြီဆို အဲဒီ feedback ကြောင့် စနစ်ဟာ အနည်းနဲ့ အများပြောင်းသွားရပါတယ် ။ feedback ပေးတာ ကြမ်းရင် စနစ်ရဲ့ ခေးအော့စ်ဖြစ်မှုဟာ သိသာသွားပါလိမ့်တယ် ။ feedback ဟာ မသိသာလောက်ဘူး ၊ ဒါမှမဟုတ် စနစ်ဟာ feedback ကို လိုက်လျော ညီထွေ တုန့်ပြန်နိုင်တယ်ဆို ခေးအော့စ်ဖြစ်မှုဟာ သိသာမှာ မဟုတ်ပါဘူး ။
နောက်တမျိုးလှည့်ပြောရရင် စနစ်တခုဟာ feedback တွေကို လိုက်လျောညီထွေ တုန့်ပြန်နိုင်တယ်ဆို အဲ့ဒီစနစ်ဟာ အနည်းနဲ့အများ တည်ငြိမ် ပါလိမ့်မယ် ။ ဥပမာ နိုင်ငံရေးစနစ်ထဲမှာ ဒီမိုကရေစီစနစ်က အကောင်းဆုံး ( အတည်ငြိမ်ဆုံး ) ဖြစ်နေတာဟာ အဲဒီစနစ်ဟာ ပြည်သူတွေဆီကလာတဲ့ feedback ကို အကောင်းဆုံး တုန့်ပြန်နိုင်လို့ပါပဲ ။ ဒါပေမဲ့ feedback ဆိုတာ တမျိုးတည်းမဟုတ်ဘူး ။ နယ်ပယ်ပေါင်းစုံက ဝင်မှာပါ ။ ဆိုတော့ နိုင်ငံရေးမှာ တည်ငြိမ်ပေမယ့် စီးပွားရေး ဒါမှမဟုတ် လူမျိုးရေးကနေ feed back အကြီးကြီးဝင်လာရင် ( ဥပမာ စီးပွားပျက်ကပ်လိုဟာမျိုး ) နိုင်ငံရေးဟာ ဝုန်းခနဲ ခေးအော့စ်ဖြစ်သွားပါလိမ့်မယ် ။ ကျန်းမာရေးဆိုလည်း အဲလိုပါပဲ ။ ဇီဝရုပ်ကြီးက တော်ရုံတန်ရုံ feedback မျိုးကို လိုက်လျောညီထွေ တုန့်ပြန်နိုင်ပါတယ် ။ ဒါပေမဲ့ ကံ ၊ စိတ် ၊ ဥတု ၊ အဟာရ . . တခုခုကနေ feedback အကြီးကြီးဝင်ခဲ့ရင် ကျန်းမာရေးကလည်း ခေးအော့စ်ဖြစ်သွားပါလိမ့်မယ် ။ ဟုတ်ကဲ့ . . ပြောချင်တာက အရာအားလုံးဟာ ပြုပြင်ခံနေရပါ မယ် ။ ( feedback တွေ ဝင်လာတယ် ၊ ဝင်လာတဲ့ feedback ကို တုန့်ပြန်ရ တယ်လို့ ပြောချင်တာပါ ) အဲလိုကြောင့်လည်း အရာအားလုံးဟာ ခေးအော့စ် ဖြစ်လာရပါတယ် ။ တချို့က သိသိသာသာ ၊ တချို့က မသိမသာ … … ။
ဒါကြောင့်လည်း အရာအားလုံးဟာ အစိုးမရတဲ့သဘော ( အနတ္တ သူလိုက်နာတဲ့ အကွက်အဆင်ရှိနေပါတယ် ။ ဥပမာ လောကကြီးရဲ့အကွက်အဆင်ဟာ အကြောင်းပါ ။ ကသောင်းကနင်းတွေလို့ ထင်ရပေမယ့် တကယ့်တကယ်က အကျိုးနဲ့အကြောင်းဆိုတဲ့ အကွက်အဆင်ထဲက မထွက်နိုင်ပါဘူး ။ ဒါ သဘာဝ တရားကြီးတခုလုံး လိုက်နာတဲ့ အကွက်အဆင်ပါပဲ ။ နောက် လူ့ဘဝဆိုတာ feedback ပေါင်းစုံကို တုန့်ပြန်ရတဲ့ စနစ် ကြီးပါ ။ ဒါကြောင့်လည်း ဘဝဆိုတာကြီးဟာ ခေးအော့စ်ဖြစ်နေပါတယ် ။ ဒါပေမဲ့ ဘယ်လောက်ပဲ ခေးအော့စ်ဖြစ်ဖြစ် ကမ္မနိယာမဆိုတဲ့ အကွက်အဆင်ကို တော့ ဘယ်လိုမှမကျော်နိုင်ပါဘူး ။ ဒါပေမဲ့ လူသားတွေနဲ့ပတ်သက်လို့ အရေးကြီးဆုံး ( တကယ့်အရေး အကြီးဆုံး ) အရာတခု ကျန်ပါတယ် ။ အဲဒါကတော့ ကျနော်တို့ဘဝအတွက် feedback ကို ကျနော်တို့ကိုယ်တိုင် စိတ်ကြိုက်ပေးလို့ရတာပါပဲ ။ ကမ္မနိယာမ ကို မလွန်နိုင်တာတော့ မှန်တယ် ။
ဒါပေမဲ့ feedback က ကျနော်တို့ လက်ထဲ မှာပါ ။ ဘဝကြီးက အစိုးမရတာ မှန်ပါတယ် ။ ဒါပေမဲ့ အကောင်းဆုံးဘဝတွေ ဖြစ်ဖို့ ကြမ္မာ feedback ကောင်းကောင်းပေးဖို့က ကျနော်တို့လက်ထဲမှာပဲ ၊ ရှိနေပါတယ် ။ အကောင်းဆုံးသော feedback ကိုသာ ပေးနိုင်ခဲ့ရင်ဖြင့် . … … . ။
#htoohtoolay

Comments
Post a Comment