Skip to main content

ေပးစာ !

zawgyi -

ေပးစာ
-----
ကြ်န္ေတာ္တို႕ ခပ္ငယ္ငယ္က လူႀကီးသူမေတြ စံုစံုညီညီ ဝိုင္းဖြဲ႕စကားေျပာတဲ႕အခ်ိန္ဟာ ည ၈ နာရီ ေလာက္ပါပဲ ။ အဲ႕တုန္းက အခုေခတ္အခါလို လွ်ပ္စစ္ မီးေတြ ထိန္ထိန္လင္းလင္းလဲ မဟုတ္ ။ တစ္ခါတစ္ေလ အိမ္အျပင္ဘက္ထြက္ျပီး မီးဖိုလ္ထားကာ ဝိုင္းဖြဲ႕စကားေျပာတက္သလို တစ္ခါတစ္ေလေတာ့ အိမ္အတြင္းမွာပဲ မိသားစုအလိုက္ ဖေယာင္းတိုင္ ဒါမွမဟုတ္ ဆီမီးခြက္တစ္ခုနဲ႕ စကားေျပာျဖစ္ႀကပါတယ္ ။ ဦးေဆာင္ သူကေတာ့ အဘိုးေပါ့ ။

ကြ်န္ေတာ္မွတ္မိေသးတယ္ ။ အဘိုးေျပာတဲ႕ လက္ေဆာင္တစ္ခုအေႀကာင္း ။ အဲ႕အခ်ိန္ခါတုန္းက ကြ်န္ေတာ္တို႕ ကေလးတစ္သိုက္ဟာ အျပင္မွာ မီးဖိုလ္ႀကီးတစ္ခု ဖိုလ္ထားတဲ႕ေဘးနား ဝိုင္းထိုင္ေနႀကတယ္ ။ အဘိုးက ပံုေျပာေကာင္းသလို အျမဲတမ္းလဲ ပေဟဠိဆန္လွစြာ အေတြးတစ္ခုခု ခ်န္ခဲ႕တာခ်ည္းပဲ ။ ကေလးဦးေႏွာက္က ဘာေတြ ေတြးတက္မွာမို႕လို႕လဲ ။ ဒါေပမယ့္ အဘိုးေျပာတဲ႕ အေႀကာင္းအရာေတြဟာ စိတ္ဝင္စားဖို႕ေကာင္းပါတယ္ ။

ကြ်န္ေတာ္တို႕ အဘိုးေဘးနားမွာ ဝိုင္းဖြဲ႕ထိုင္ေနျပီး အဘိုးဆီက ထြက္က်လာမဲ႕ စကားေတြကို ေစာင့္ေမွ်ာ္ေနႀကတယ္ ။ အဘိုးက အေျခအေနကို ရိပ့္မိတဲ႕အေလွ်ာက္ ကြ်န္ေတာ္တို႕ေမွ်ာ္လင့္သလို စကားစတင္လိုက္ပါတယ္ ။ စကားအစက ပံုျပင္ေလးတစ္ပုဒ္ ေျပာျပမယ္တဲ႕ . . .

တစ္ခါက ေတာင္ကုန္းျမင့္ျမင့္ေလးေပၚမွာ ယာတဲတစ္လံုး ရွိသတဲ႕ ။ အဲ႕ယာတဲေလးကေနႀကည့္လိုက္ရင္ ေအာက္က စိုက္ခင္းတစ္ခုလံုးကို အတိုင္းသား ေတြ႕ေနရတယ္ ။ ေအာက္က ယာခင္းေတြက အကြက္စိပ္လွျပီး ေလးေထာင့္စက္စက္ အကြက္ေလးေတြပမာ သိပ့္လွတာပဲ ။ ယာထဲမွာ မ်ိဳးက်ဲထားတာကေတာ့ ဗိုလ္စားပဲနဲ႕ တစ္ဖက္မွာ ေျပာင္းခင္းႀကီး ျဖစ္သတဲ႔ ။ ဗုိလ္စားပဲရဲ႕ အပြင့္ေလးေတြကိုပင္ အေဝးက လွမ္းႀကည့္ရင္ ျမင္ေနရျပီျဖစ္တဲ႕အတြက္ ဒီႏွစ္ေတာ့ ပဲအထြက္ေကာင္းလိမ့္မယ္ဆိုတာ အာမခံခ်က္ အျပည့္ရွိေနသတဲ႕ ။

ယာတဲေလးထဲမွာ ေတာင္သူႀကီးရဲ႕ မိန္းမက ညစာျပင္ဆင္ေနတယ္ ။ ေတာင္သူႀကီးကေတာ့ ဟိုးအေဝးက တိမ္တိုက္အညိဳေရာင္ေတြကို လွမ္းႀကည့္ေနတယ္ ။ အိမ္အျပင္မွာေတာ့ ကေလးတစ္ေယာက္ေျပးလႊားေဆာ့ေနျပီး လူပ်ိဳေပါက္ ေကာင္ေလးတစ္ဦးက ယာစိုက္ခင္းထဲကေန အိမ္ဘက္ဆီကို လွမ္းလာေနပါတယ္ ။

ေတာင္သူႀကီးက သူ႕ရဲ႕ ဇနီးကို ေျပာတယ္ ။ ရွင္မေရ ဒီညေတာ့ ငါတို႕ လိုအပ္ေနတဲ႕ မိုးစက္ေတြ ဘုရားသခင္ လက္ေဆာင္ ေပးေတာ့မယ္ထင္တယ္ ။ ဇနီးျဖစ္သူကလဲ ဟုတ္ပ့ေတာ္ ။ မိုးစက္ကေလး တစ္စက္ ႏွစ္စက္ဆို က်ဳပ္တို႔ယာခင္း အထြက္တိုးမွာ ေသျခာပါ၏ တဲ႔ ။ ေနာက္ေတာ့ အသံက်ယ္က်ယ္နဲ႕ အားလံုးကို ထမင္စားဖို႕ ေအာ္ေခၚလိုက္သတဲ႕ ။

ေတာင္သူႀကီးတို႕ ထမင္းစားေနစဥ္မွာပဲ အမိုးေပၚ မိုးေပါက္ကေလးေတြ က်ဆင္းလာပါတယ္ ။ အဲ႕အခါ ေတာင္သူႀကီးက ရွင္မေရ အဲ႕ဒါ ငါေျပာတဲ႕ ဘုရားသခင္လက္ေဆာင္ပဲ ။ အဲ႕ဒါ မိုးေပါက္ေတြမဟုတ္ဘူး ။ အေႀကြေစ့ေတြ ပိုက္ဆံေတြတဲ႕ ။ ခဏအႀကာမွာ ပိုျပီး မိုးေပါက္က်သံေတြ ဆူညံလာတယ္ ။ အဲ႕အခါ ေတာင္သူႀကီးက ဒါမွ ဆယ္တန္ ရာတန္ေတြလို႕ ေျပာသတဲ႕ ။ ေတာင္သူႀကီးရဲ႕ ကေလးက မိုးေရေတြအႀကား ေျပးေဆာ့ဖို႔ ထြက္လာခဲ႕တယ္ ။ အျပင္ေရာက္ေတာ့ မိုးစက္ေတြထက္ ေရခဲပြင့္ေတြကို လိုက္ေကာက္ေနတာ ေတာင္သူႀကီးေတြ႕ေတာ့ ဒီလို ျငီးေလေတာ့တယ္ ။ ခက္တယ္ကြာ ။ ယာထဲ ႏြားဝင္ စားတာေတာင္ က်န္အုန္းမယ္ အခုလို မိုးသီးေႀကြတာဆို ငါတို႕ အပင္ပန္းခံခဲ႕သမွ် အရာအားလံုး ပ်က္ဆီးပါျပီတဲ႕ ။

သူေျပာတဲ႕အတိုင္းပဲ သူတို႕ ယာတစ္ခင္းလံုး ေျပာင္းေရာ ဗိုလ္စားပဲပါမက်န္ အားလံုး ပ်က္ဆီးသြားတယ္ ။ အဲ႕အခါ ေတာင္သူႀကီးက အေတာ္ကို အားမရွိတဲ႔အသံနဲ႕ ငါတို႔ေတာ့ ဒီႏွစ္ ထမင္းငတ္ျပီ ထင္ပါရဲ႕ ။ ငါတို႕ယာထဲက ဘာမွ ထြက္မွာမဟုတ္ေတာ့ဘူး ။ ငါတို႕အတြက္ လုပ္စရာလဲ မရွိေတာ့သလို ႀကိဳးစားသမွ်လဲ အက်ိဳး နည္းကုန္ပါျပီတဲ႔ ။

ဒါေပမယ့္ သူ႕မွာ လုပ္စရာ တစ္ခု ရွိေနေသးတာကို သူသတိရသြားတယ္ ။ အဲ႕ဒါက ဘုရားသခင္ဆီ စာေရးဖို႕ပဲ ။ သူ ခပ္ ျမန္ျမန္ပဲ စာရြတ္တစ္ရြတ္ထုတ္ျပီး အဲ႕စာရြတ္အေပၚ မွင္တင္ေလေတာ့တယ္ ။ သူ စာေရးျပီးတဲ႔အခါ ေသေသျခာျခာေခါက္ျပီး မနက္ျမိဳ႕ေပၚတက္ကာ စာတိုက္ထဲ သြားထည့္ဖို႕ စိတ္ကူးသတဲ႕ ။

မနက္ေရာက္တဲ႕အခါ သူ ခပ္ေစာေစာ ယာတဲထဲကေနထြက္ျပီး စာတိုက္ရွိတဲ႕ဆီ ထြက္လာခဲ႕တယ္ ။ သူ႕လက္ထဲမွာေတာ့ ဘုရားသခင္ဆီ ေပးဖို႕ စာတစ္ေစာင္ပါလာေလရဲ႕ ။ စာတိုက္ထဲေရာက္ေတာ့ သူဟာ တရိုတေသပဲ တံဆိပ့္ေခါင္းကပ္ျပီး စာတိုက္ပံုးထဲ ထည့္လိုက္ပါတယ္ ။ လိပ့္စာကိုေတာ့ ဘုရားသခင္ဆီသို႕လို႕ တပ္ထားပါသတဲ႕ ။

စာတိုက္ပံုးထဲက စာေတြကို ထုတ္ယူတဲ႕အခါ သူပို႕ထားတဲ႕ စာကို စာေရးတစ္ဦးက ေတြ႕ျပီး ဟားတိုက္ရယ္ပါေတာ့တယ္ ။ သူ႕စာက ဘုရားသခင္ဆီကိုဆိုေတာ့ ဘယ္လို ပို႕မလဲေပါ့ ။ ဒါဟာ မျဖစ္နိုင္တဲ႕အရာပဲမို႕ ရယ္ေမာရတာလဲ မဆန္းဘူးရယ္ ။ ဒီလိုနဲ႕ အဲ႕စာကို စာတိုက္မွဴးဆီယူသြားျပီး ျပလိုက္တယ္ ။ စာတိုက္မွဴးက သေဘာေကာင္းတဲ႕ ဝဖိုင္းဖိုင္းလူႀကီးတစ္ေယာက္ပဲ ။ သူလဲ စာကိုေတြ႕ေတာ့ ရယ္ေရာတဲ႕ ။ ဒါနဲ႕ အဲ႕စာထဲမွာ ဘာေရးထားလဲဆိုတာ သိခ်င္ေတာ့ စာတိုက္မွဴးက စာကို ေဖါက္ဖက္ႀကည့္လိုက္တယ္ ။ စာထဲမွာက . . .

" အဖ ဘုရားသခင္ ။ အဖ ဘုရားသခင္သာမကယ္လွ်င္ ဒီႏွစ္အဖို႕ တပည့္ေတာ္တို႕ရဲ႕ မိသားစုအားလံုး ငတ္ႀကရပါလိမ့္မယ္ ။ မိုးသီးေတြေႀကြလို႕ ယာခင္းအသစ္ ျပန္စိုက္ဖို႕ရယ္ သီးႏွံေတြ ထြက္မလာခင္အတြင္း တပည့္ေတာ္တို႕ စာေသာက္ဖို႕ရယ္အတြက္ ေငြ တစ္ရာေလာက္ လိုအပ္ပါတယ္ " တဲ႕ ။

အဲ႕စာကိုျမင္ေတာ့ သေဘာေကာင္းတဲ႕ စာတိုက္မွဴးက အရီရပ္ျပီး ခ်ီးက်ဴးလိုက္တယ္ ။ သူ႕လို ဘုရားသခင္အေပၚ ယံုႀကည္မႈမ်ိဳး လိုခ်င္လိုက္တာလို႕လဲ ျငီးျငဴလိုက္သတဲ႕ ။ အဲ႕ဒီ႕ေနာက္ စာတိုက္မွဴးက သူ တက္နိိုင္သေလာက္ ကူညီခ်င္တယ္ဆိုျပီး သူ႕ဆီက ေငြ သံုးဆယ္ေလာက္ရယ္ သူ႕အသိေတြ ဆီက လိုက္အလွဴခံလိုက္တာ ေတာင္သူႀကီး လိုအပ္တဲ႕ ေငြတစ္ရာ မျပည့္ေပမယ့္ တစ္ဝက္ေလာက္ေတာ့ ရလိုက္ပါသတဲ႕ ။ အဲ႕အခါ စာတိုက္မွဴးႀကီးက စာအိတ္ထဲ ေငြ ငါးဆယ္ထည့္ျပီး ေထြေထြထူးထူး စာေတြမေရးပဲ ဘုရားသခင္လို႕သာ ေရးသားထားလိုက္တယ္ ။

ေနာက္တစ္ေန႕ မနက္ေရာက္ေတာ့ ေတာင္သူႀကီးက စာတိုက္ရံုးကို အေစာခ်ည္း ေရာက္လာသတဲ႔ ။ ေနာက္ေတာ့ ကြ်န္ေတာ့္အတြက္ စာေရာက္လာသလားလို႕ ေမးတယ္ ။ စာတိုက္မွဴးက သူကိုယ္တိုင္ပဲ ေအး ေရာက္လာတယ္ ။ ေဟာဒီမွာဆိုျပီး သူ႕အလွဴအတြက္ ပီတီျဖာတဲ႕ ကုသိုလ္စိတ္နဲ႕ စာအိတ္ကို လွမ္းေပးလိုက္တယ္တယ္ ။ စာကို ေတာင္သူႀကီးရေတာ့ အျပင္ထြက္ရင္း ေဖါက္ဖတ္လိုက္တယ္တဲ႕ ။

အဲ႕အခါ ေငြသား ငါးဆယ္ကိုေတြ႕ေတာ့ အေထြအထူး အထူးအဆန္းပံုစံမ်ိဳးလဲ မဟုတ္ပဲ အလွ်င္အျမန္ စာရြတ္တစ္ရြတ္လာေတာင္းျပီး စာေရးျပန္သတဲ႔ ။ စာတိုက္မွဴးကေတာ့ သူ႔ကူညီမႈအတြက္ ဝမ္းသာဂုဏ္ယူျပီး အခုလို ေငြသားကိုျမင္တာေတာင္ မအံ႕ႀသေလာက္ေအာင္ ဘုရားသခင္အေပၚ ယံုႀကည္မႈကိုလဲ စိတ္ထဲကေန ထက္မံ ခ်ီးက်ဴးလိုက္ပါသတဲ႕ ။

ေနာက္ေတာ့ ေတာင္သူႀကီးက စာတိုက္ပံုထဲ သူ ေရးလိုက္တဲ႕ စာကို တံဆိပ့္ေခါင္း ခါတိုင္းလို တပ္ျပီး လိပ့္မူ ထည့္လိုက္ကာ ျပန္သြားသတဲ႕ ။ စာတိုက္မွဴးလဲ အဲ႕ စာပံုးကို ခ်က္ခ်င္း ဖြင့္ျပီး စာအိတ္ကို ထုတ္ကာ ေဖါက္ဖတ္ႀကည့္ပါသတဲ႕ ။ ေတာင္သူႀကီး ေရးထားတာကေတာ့ . . .

" ဘုရားသခင္ ခင္ဗ်ား ။ တပည့့္ေတာ္ ေတာင္းခံထားတဲ႕ေငြထဲက ေငြ ငါးဆယ္ပဲ တပည့္ေတာ္ထံ ေရာက္လာပါတယ္ ။ တပည့္ေတာ္မွာ ေငြအရမ္း လိုေနတဲ႕အတြက္ ေနာက္ထပ္ ပို႕ေပးပါအုန္း ။ ဒါေပမယ့္ စာတိုက္က တစ္ဆင့္ေတာ့ ပို႕မေနပါနဲ႕ ။ ဘာျဖစ္လို႕လဲဆိုေတာ့ စာတိုက္ဝန္ထမ္းေတြက မသမာသူတစ္စု ျဖစ္ေနလို႕ပါ " တဲ႔ ။

#htoohtoolay




unicode -

ပေးစာ
-----
ကျွန်တော်တို့ ခပ်ငယ်ငယ်က လူကြီးသူမတွေ စုံစုံညီညီ ဝိုင်းဖွဲ့စကားပြောတဲ့အချိန်ဟာ ည ၈ နာရီ လောက်ပါပဲ ။ အဲ့တုန်းက အခုခေတ်အခါလို လျှပ်စစ် မီးတွေ ထိန်ထိန်လင်းလင်းလဲ မဟုတ် ။ တစ်ခါတစ်လေ အိမ်အပြင်ဘက်ထွက်ပြီး မီးဖိုလ်ထားကာ ဝိုင်းဖွဲ့စကားပြောတက်သလို တစ်ခါတစ်လေတော့ အိမ်အတွင်းမှာပဲ မိသားစုအလိုက် ဖယောင်းတိုင် ဒါမှမဟုတ် ဆီမီးခွက်တစ်ခုနဲ့ စကားပြောဖြစ်ကြပါတယ် ။ ဦးဆောင် သူကတော့ အဘိုးပေါ့ ။

ကျွန်တော်မှတ်မိသေးတယ် ။ အဘိုးပြောတဲ့ လက်ဆောင်တစ်ခုအကြောင်း ။ အဲ့အချိန်ခါတုန်းက ကျွန်တော်တို့ ကလေးတစ်သိုက်ဟာ အပြင်မှာ မီးဖိုလ်ကြီးတစ်ခု ဖိုလ်ထားတဲ့ဘေးနား ဝိုင်းထိုင်နေကြတယ် ။ အဘိုးက ပုံပြောကောင်းသလို အမြဲတမ်းလဲ ပဟေဠိဆန်လှစွာ အတွေးတစ်ခုခု ချန်ခဲ့တာချည်းပဲ ။ ကလေးဦးနှောက်က ဘာတွေ တွေးတက်မှာမို့လို့လဲ ။ ဒါပေမယ့် အဘိုးပြောတဲ့ အကြောင်းအရာတွေဟာ စိတ်ဝင်စားဖို့ကောင်းပါတယ် ။

ကျွန်တော်တို့ အဘိုးဘေးနားမှာ ဝိုင်းဖွဲ့ထိုင်နေပြီး အဘိုးဆီက ထွက်ကျလာမဲ့ စကားတွေကို စောင့်မျှော်နေကြတယ် ။ အဘိုးက အခြေအနေကို ရိပ့်မိတဲ့အလျှောက် ကျွန်တော်တို့မျှော်လင့်သလို စကားစတင်လိုက်ပါတယ် ။ စကားအစက ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်တဲ့ . . .

တစ်ခါက တောင်ကုန်းမြင့်မြင့်လေးပေါ်မှာ ယာတဲတစ်လုံး ရှိသတဲ့ ။ အဲ့ယာတဲလေးကနေကြည့်လိုက်ရင် အောက်က စိုက်ခင်းတစ်ခုလုံးကို အတိုင်းသား တွေ့နေရတယ် ။ အောက်က ယာခင်းတွေက အကွက်စိပ်လှပြီး လေးထောင့်စက်စက် အကွက်လေးတွေပမာ သိပ့်လှတာပဲ ။ ယာထဲမှာ မျိုးကျဲထားတာကတော့ ဗိုလ်စားပဲနဲ့ တစ်ဖက်မှာ ပြောင်းခင်းကြီး ဖြစ်သတဲ့ ။ ဗိုလ်စားပဲရဲ့ အပွင့်လေးတွေကိုပင် အဝေးက လှမ်းကြည့်ရင် မြင်နေရပြီဖြစ်တဲ့အတွက် ဒီနှစ်တော့ ပဲအထွက်ကောင်းလိမ့်မယ်ဆိုတာ အာမခံချက် အပြည့်ရှိနေသတဲ့ ။

ယာတဲလေးထဲမှာ တောင်သူကြီးရဲ့ မိန်းမက ညစာပြင်ဆင်နေတယ် ။ တောင်သူကြီးကတော့ ဟိုးအဝေးက တိမ်တိုက်အညိုရောင်တွေကို လှမ်းကြည့်နေတယ် ။ အိမ်အပြင်မှာတော့ ကလေးတစ်ယောက်ပြေးလွှားဆော့နေပြီး လူပျိုပေါက် ကောင်လေးတစ်ဦးက ယာစိုက်ခင်းထဲကနေ အိမ်ဘက်ဆီကို လှမ်းလာနေပါတယ် ။

တောင်သူကြီးက သူ့ရဲ့ ဇနီးကို ပြောတယ် ။ ရှင်မရေ ဒီညတော့ ငါတို့ လိုအပ်နေတဲ့ မိုးစက်တွေ ဘုရားသခင် လက်ဆောင် ပေးတော့မယ်ထင်တယ် ။ ဇနီးဖြစ်သူကလဲ ဟုတ်ပ့တော် ။ မိုးစက်ကလေး တစ်စက် နှစ်စက်ဆို ကျုပ်တို့ယာခင်း အထွက်တိုးမှာ သေခြာပါ၏ တဲ့ ။ နောက်တော့ အသံကျယ်ကျယ်နဲ့ အားလုံးကို ထမင်စားဖို့ အော်ခေါ်လိုက်သတဲ့ ။

တောင်သူကြီးတို့ ထမင်းစားနေစဉ်မှာပဲ အမိုးပေါ် မိုးပေါက်ကလေးတွေ ကျဆင်းလာပါတယ် ။ အဲ့အခါ တောင်သူကြီးက ရှင်မရေ အဲ့ဒါ ငါပြောတဲ့ ဘုရားသခင်လက်ဆောင်ပဲ ။ အဲ့ဒါ မိုးပေါက်တွေမဟုတ်ဘူး ။ အကြွေစေ့တွေ ပိုက်ဆံတွေတဲ့ ။ ခဏအကြာမှာ ပိုပြီး မိုးပေါက်ကျသံတွေ ဆူညံလာတယ် ။ အဲ့အခါ တောင်သူကြီးက ဒါမှ ဆယ်တန် ရာတန်တွေလို့ ပြောသတဲ့ ။ တောင်သူကြီးရဲ့ ကလေးက မိုးရေတွေအကြား ပြေးဆော့ဖို့ ထွက်လာခဲ့တယ် ။ အပြင်ရောက်တော့ မိုးစက်တွေထက် ရေခဲပွင့်တွေကို လိုက်ကောက်နေတာ တောင်သူကြီးတွေ့တော့ ဒီလို ငြီးလေတော့တယ် ။ ခက်တယ်ကွာ ။ ယာထဲ နွားဝင် စားတာတောင် ကျန်အုန်းမယ် အခုလို မိုးသီးကြွေတာဆို ငါတို့ အပင်ပန်းခံခဲ့သမျှ အရာအားလုံး ပျက်ဆီးပါပြီတဲ့ ။

သူပြောတဲ့အတိုင်းပဲ သူတို့ ယာတစ်ခင်းလုံး ပြောင်းရော ဗိုလ်စားပဲပါမကျန် အားလုံး ပျက်ဆီးသွားတယ် ။ အဲ့အခါ တောင်သူကြီးက အတော်ကို အားမရှိတဲ့အသံနဲ့ ငါတို့တော့ ဒီနှစ် ထမင်းငတ်ပြီ ထင်ပါရဲ့ ။ ငါတို့ယာထဲက ဘာမှ ထွက်မှာမဟုတ်တော့ဘူး ။ ငါတို့အတွက် လုပ်စရာလဲ မရှိတော့သလို ကြိုးစားသမျှလဲ အကျိုး နည်းကုန်ပါပြီတဲ့ ။

ဒါပေမယ့် သူ့မှာ လုပ်စရာ တစ်ခု ရှိနေသေးတာကို သူသတိရသွားတယ် ။ အဲ့ဒါက ဘုရားသခင်ဆီ စာရေးဖို့ပဲ ။ သူ ခပ် မြန်မြန်ပဲ စာရွတ်တစ်ရွတ်ထုတ်ပြီး အဲ့စာရွတ်အပေါ် မှင်တင်လေတော့တယ် ။ သူ စာရေးပြီးတဲ့အခါ သေသေခြာခြာခေါက်ပြီး မနက်မြို့ပေါ်တက်ကာ စာတိုက်ထဲ သွားထည့်ဖို့ စိတ်ကူးသတဲ့ ။

မနက်ရောက်တဲ့အခါ သူ ခပ်စောစော ယာတဲထဲကနေထွက်ပြီး စာတိုက်ရှိတဲ့ဆီ ထွက်လာခဲ့တယ် ။ သူ့လက်ထဲမှာတော့ ဘုရားသခင်ဆီ ပေးဖို့ စာတစ်စောင်ပါလာလေရဲ့ ။ စာတိုက်ထဲရောက်တော့ သူဟာ တရိုတသေပဲ တံဆိပ့်ခေါင်းကပ်ပြီး စာတိုက်ပုံးထဲ ထည့်လိုက်ပါတယ် ။ လိပ့်စာကိုတော့ ဘုရားသခင်ဆီသို့လို့ တပ်ထားပါသတဲ့ ။

စာတိုက်ပုံးထဲက စာတွေကို ထုတ်ယူတဲ့အခါ သူပို့ထားတဲ့ စာကို စာရေးတစ်ဦးက တွေ့ပြီး ဟားတိုက်ရယ်ပါတော့တယ် ။ သူ့စာက ဘုရားသခင်ဆီကိုဆိုတော့ ဘယ်လို ပို့မလဲပေါ့ ။ ဒါဟာ မဖြစ်နိုင်တဲ့အရာပဲမို့ ရယ်မောရတာလဲ မဆန်းဘူးရယ် ။ ဒီလိုနဲ့ အဲ့စာကို စာတိုက်မှူးဆီယူသွားပြီး ပြလိုက်တယ် ။ စာတိုက်မှူးက သဘောကောင်းတဲ့ ဝဖိုင်းဖိုင်းလူကြီးတစ်ယောက်ပဲ ။ သူလဲ စာကိုတွေ့တော့ ရယ်ရောတဲ့ ။ ဒါနဲ့ အဲ့စာထဲမှာ ဘာရေးထားလဲဆိုတာ သိချင်တော့ စာတိုက်မှူးက စာကို ဖေါက်ဖက်ကြည့်လိုက်တယ် ။ စာထဲမှာက . . .

" အဖ ဘုရားသခင် ။ အဖ ဘုရားသခင်သာမကယ်လျှင် ဒီနှစ်အဖို့ တပည့်တော်တို့ရဲ့ မိသားစုအားလုံး ငတ်ကြရပါလိမ့်မယ် ။ မိုးသီးတွေကြွေလို့ ယာခင်းအသစ် ပြန်စိုက်ဖို့ရယ် သီးနှံတွေ ထွက်မလာခင်အတွင်း တပည့်တော်တို့ စာသောက်ဖို့ရယ်အတွက် ငွေ တစ်ရာလောက် လိုအပ်ပါတယ် " တဲ့ ။

အဲ့စာကိုမြင်တော့ သဘောကောင်းတဲ့ စာတိုက်မှူးက အရီရပ်ပြီး ချီးကျူးလိုက်တယ် ။ သူ့လို ဘုရားသခင်အပေါ် ယုံကြည်မှုမျိုး လိုချင်လိုက်တာလို့လဲ ငြီးငြူလိုက်သတဲ့ ။ အဲ့ဒီ့နောက် စာတိုက်မှူးက သူ တက်နိုင်သလောက် ကူညီချင်တယ်ဆိုပြီး သူ့ဆီက ငွေ သုံးဆယ်လောက်ရယ် သူ့အသိတွေ ဆီက လိုက်အလှူခံလိုက်တာ တောင်သူကြီး လိုအပ်တဲ့ ငွေတစ်ရာ မပြည့်ပေမယ့် တစ်ဝက်လောက်တော့ ရလိုက်ပါသတဲ့ ။ အဲ့အခါ စာတိုက်မှူးကြီးက စာအိတ်ထဲ ငွေ ငါးဆယ်ထည့်ပြီး ထွေထွေထူးထူး စာတွေမရေးပဲ ဘုရားသခင်လို့သာ ရေးသားထားလိုက်တယ် ။

နောက်တစ်နေ့ မနက်ရောက်တော့ တောင်သူကြီးက စာတိုက်ရုံးကို အစောချည်း ရောက်လာသတဲ့ ။ နောက်တော့ ကျွန်တော့်အတွက် စာရောက်လာသလားလို့ မေးတယ် ။ စာတိုက်မှူးက သူကိုယ်တိုင်ပဲ အေး ရောက်လာတယ် ။ ဟောဒီမှာဆိုပြီး သူ့အလှူအတွက် ပီတီဖြာတဲ့ ကုသိုလ်စိတ်နဲ့ စာအိတ်ကို လှမ်းပေးလိုက်တယ်တယ် ။ စာကို တောင်သူကြီးရတော့ အပြင်ထွက်ရင်း ဖေါက်ဖတ်လိုက်တယ်တဲ့ ။

အဲ့အခါ ငွေသား ငါးဆယ်ကိုတွေ့တော့ အထွေအထူး အထူးအဆန်းပုံစံမျိုးလဲ မဟုတ်ပဲ အလျှင်အမြန် စာရွတ်တစ်ရွတ်လာတောင်းပြီး စာရေးပြန်သတဲ့ ။ စာတိုက်မှူးကတော့ သူ့ကူညီမှုအတွက် ဝမ်းသာဂုဏ်ယူပြီး အခုလို ငွေသားကိုမြင်တာတောင် မအံ့သြလောက်အောင် ဘုရားသခင်အပေါ် ယုံကြည်မှုကိုလဲ စိတ်ထဲကနေ ထက်မံ ချီးကျူးလိုက်ပါသတဲ့ ။

နောက်တော့ တောင်သူကြီးက စာတိုက်ပုံထဲ သူ ရေးလိုက်တဲ့ စာကို တံဆိပ့်ခေါင်း ခါတိုင်းလို တပ်ပြီး လိပ့်မူ ထည့်လိုက်ကာ ပြန်သွားသတဲ့ ။ စာတိုက်မှူးလဲ အဲ့ စာပုံးကို ချက်ချင်း ဖွင့်ပြီး စာအိတ်ကို ထုတ်ကာ ဖေါက်ဖတ်ကြည့်ပါသတဲ့ ။ တောင်သူကြီး ရေးထားတာကတော့ . . .

" ဘုရားသခင် ခင်ဗျား ။ တပည့်တော် တောင်းခံထားတဲ့ငွေထဲက ငွေ ငါးဆယ်ပဲ တပည့်တော်ထံ ရောက်လာပါတယ် ။ တပည့်တော်မှာ ငွေအရမ်း လိုနေတဲ့အတွက် နောက်ထပ် ပို့ပေးပါအုန်း ။ ဒါပေမယ့် စာတိုက်က တစ်ဆင့်တော့ ပို့မနေပါနဲ့ ။ ဘာဖြစ်လို့လဲဆိုတော့ စာတိုက်ဝန်ထမ်းတွေက မသမာသူတစ်စု ဖြစ်နေလို့ပါ " တဲ့ ။

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...