Skip to main content

စတုရန္းပံုစံ သစ္ပင္မ်ား !

zawgyi -

စတုရန္းပုံပင္စည္မ်ားႏွင့္ သစ္ပင္မ်ား ေပါက္ေရာက္ေနသည့္ ပနားမားေတာအုပ္
---
ပနားမားနိုင္ငံ၊ အယ္လ္ဗီလီမီးေတာင္ေဒသက ေတာင္ၾကားေနရာမွာ ေပါက္ေရာက္ေနတဲ့ သစ္ပင္ရဲ႕ ပင္စည္ လုံးပတ္ေတြက သာမန္အဝိုင္းပုံ ပင္စည္ေတြမဟုတ္ဘဲ ေထာင့္မွန္က်တဲ့ စတုရန္း ပုံေတြ ျဖစ္ေနၾကပါတယ္။ ပင္စည္လုံးပတ္မွာတင္ စတုရန္းပုံျဖစ္ေနတာ မဟုတ္ဘဲ ပင္စည္ကိုျဖတ္လိုက္တဲ့အခါမွာ ေပၚလာ တဲ့ သစ္ကြင္းအရစ္ေတြကလည္း စတုရန္းပုံျဖစ္ေနတာပါ။

အခ်ိန္မေ႐ြး မီးေတာင္ေပါက္ကြဲမႈျဖစ္နိုင္တဲ့ေနရာျဖစ္တာေၾကာင့္ ဆယ္စုႏွစ္နဲ႕ခ်ီေအာင္ လူသူေနထိုင္မႈမရွိ တဲ့ေဒသျဖစ္ၿပီး ေတာအုပ္ထဲ အႀကီးမား ဆုံးသစ္ပင္က ေပ၆၀လုံးပတ္ေလာက္ထိ ရွိတယ္လို႔သိရပါတယ္။ ႐ုကၡေဗဒအမည္ Quararibea asterolepis လို႔ သိရၿပီး ဘရာဇီး၊ ကိုလံဘီယာ၊ ကို႔စတာရီကာ၊ အီေကြေဒါ၊ ပနားမား၊ ပီ႐ူး၊ ဗင္နီဇြဲလားစတဲ့ နိုင္ငံေတြမွာေတြ႕ရတဲ့ မ်ိဳးရင္းျဖစ္တယ္လို႔ သိရပါတယ္။

ပနားမားရဲ႕ အယ္လ္ဗီလီ မီးေတာင္အနီး ေတာအုပ္မွာေတာ့ စတုရန္းပုံသစ္ပင္ေတြကို အမ်ားဆုံးေတြ႕ရွိရ တာျဖစ္ၿပီး ပနားမားရဲ႕ထူးျခားတဲ့သဘာ၀ ေနရာတစ္ခုအျဖစ္ ထင္ရွားေနတာျဖစ္ပါတယ္။

(AP, 4.11.17)

ျပည္ျမန္မာ

copy -

#htoohtoolay



unicode -

စတုရန်းပုံပင်စည်များနှင့် သစ်ပင်များ ပေါက်ရောက်နေသည့် ပနားမားတောအုပ်
---
ပနားမားနိုင်ငံ၊ အယ်လ်ဗီလီမီးတောင်ဒေသက တောင်ကြားနေရာမှာ ပေါက်ရောက်နေတဲ့ သစ်ပင်ရဲ့ ပင်စည် လုံးပတ်တွေက သာမန်အဝိုင်းပုံ ပင်စည်တွေမဟုတ်ဘဲ ထောင့်မှန်ကျတဲ့ စတုရန်း ပုံတွေ ဖြစ်နေကြပါတယ်။ ပင်စည်လုံးပတ်မှာတင် စတုရန်းပုံဖြစ်နေတာ မဟုတ်ဘဲ ပင်စည်ကိုဖြတ်လိုက်တဲ့အခါမှာ ပေါ်လာ တဲ့ သစ်ကွင်းအရစ်တွေကလည်း စတုရန်းပုံဖြစ်နေတာပါ။

အချိန်မရွေး မီးတောင်ပေါက်ကွဲမှုဖြစ်နိုင်တဲ့နေရာဖြစ်တာကြောင့် ဆယ်စုနှစ်နဲ့ချီအောင် လူသူနေထိုင်မှုမရှိ တဲ့ဒေသဖြစ်ပြီး တောအုပ်ထဲ အကြီးမား ဆုံးသစ်ပင်က ပေ၆၀လုံးပတ်လောက်ထိ ရှိတယ်လို့သိရပါတယ်။ ရုက္ခဗေဒအမည် Quararibea asterolepis လို့ သိရပြီး ဘရာဇီး၊ ကိုလံဘီယာ၊ ကို့စတာရီကာ၊ အီကွေဒေါ၊ ပနားမား၊ ပီရူး၊ ဗင်နီဇွဲလားစတဲ့ နိုင်ငံတွေမှာတွေ့ရတဲ့ မျိုးရင်းဖြစ်တယ်လို့ သိရပါတယ်။

ပနားမားရဲ့ အယ်လ်ဗီလီ မီးတောင်အနီး တောအုပ်မှာတော့ စတုရန်းပုံသစ်ပင်တွေကို အများဆုံးတွေ့ရှိရ တာဖြစ်ပြီး ပနားမားရဲ့ထူးခြားတဲ့သဘာ၀ နေရာတစ်ခုအဖြစ် ထင်ရှားနေတာဖြစ်ပါတယ်။

(AP, 4.11.17)

ပြည်မြန်မာ

copy -

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...