Skip to main content

ကမ႓ာေျမကို စြန္႔ခြာဖို႔ ႏွစ္ ၆၀၀ သာ လိုေတာ့သည္ !

zawgyi -

>>>ကမ႓ာေျမကို စြန္႔ခြာဖို႔ ႏွစ္ ၆၀၀ သာ လိုေတာ့သည္<<<

၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ (၅) ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕မွာျပဳလုပ္တဲ့ အာကာသဆိုင္ရာ ေဆြးေႏြးပြဲ တစ္ခုမွာ ႐ူပေဗဒ နဲ႔ သိပၸံပညာရွင္ စတီဗင္ေဟာ့ကင္း ေျပာၾကားလိုက္တဲ့ စကားပါ။ တိုးတက္လာတဲ့ နည္းပညာ နဲ႔ ယဥ္ေက်းမႈတို႔ရဲ႕ ေဘးထြက္ဆိုးက်ိဳးအျဖစ္ ကမ႓ာႀကီးဟာ လူသားေတြ မေနႏိုင္ေလာက္မယ့္ အေျခအေနကို လာမယ့္ ႏွစ္ေပါင္း ၅၀၀ ေက်ာ္မွာ ေရာက္ရွိေတာ့မွာျဖစ္ပါတယ္။

က်ယ္ေျပာလွတဲ့ စၾကဝဠာႀကီးထဲမွာ က်ေနာ္တို႔ လူသားေတြ အတြက္ ေနရာသစ္ကို ရွာေဖြရပါေတာ့မယ္..။ ဒါဟာ လူသားမ်ိဳးႏြယ္ေတြအတြက္ စိမ္းတဲ့အရာေတာ့မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့.. လူသားေတြ ျဖစ္တည္ခဲ့တဲ့ ႏွစ္ေပါင္း ၂ သန္းအတြင္းမွာ ေနရာသစ္မ်ားစြာကို ေရာက္ရွိ ခရီးႏွင္ခဲ့ၾကလို႔ပါပဲ။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၇၅၀၀၀ က အာဖရိကန္ေတြ ပင္လယ္နီကို ျဖတ္သန္းသြားလာခဲ့ရာက စလို႔ လူသားေတြဟာ ပင္လယ္ျပင္ကို ရြက္လႊင့္ရင္း ေနရာသစ္မ်ားစြာကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ၁၉ ရာစုမွာ ႐ိုက္ညီေနာင္တို႔ ေလယာဥ္ပ်ံကို စတင္ တီထြင္ ဖန္တီးရာမွ ယေန႔ေခတ္မွာ ေဝဟင္ နဲ႔ အာကာသကို ေရာက္ရွိ ခဲ့ၾကပါတယ္။ ဒါေပမယ့္.. ယခုတစ္ေခါက္ နယ္ေျမခ်ဲ႕ထြင္ရမွာကေတာ့ အာကာသ ႏွင့္ စၾကဝဠာကိုပါ။ အခက္အခဲေတြ အမ်ားႀကီး အမ်ားႀကီး ရွိပါတယ္။

ကမ႓ာနဲ႔ အနီးဆံုး (ေနနဲ႔အနီးဆံုး) အိမ္နီးခ်င္း ၾကယ္ျဖစ္တဲ့ ပေရာ့ဆစ္မာ ဆန္က်ဴရီ ဟာ အလင္းႏွစ္ ၄.၂ ႏွစ္ ကြာေဝးပါတယ္။ အိမ္နီးခ်င္းဆိုေပမယ့္ မိုင္ေပါင္း ထရီလီယံခ်ီၿပီး သိပ္ေဝးလြန္းပါတယ္။ ပင္လယ္နီကို ရြက္လႊင့္ ျဖတ္သေလာက္ လြယ္ကူျမန္ဆန္မွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လက္ရွိအေျခအေနမွာ ျဖစ္ႏိုင္ေခ်ေတြေတာ့ ရွိေနပါတယ္။ (ပေရာ္ဆစ္မာ ဆန္က်ဴရီၾကယ္ကိုပတ္ေနတဲ့ ကမ႓ာနဲ႔ တူတဲ့ ၿဂိဳဟ္ေတြရွိပါတယ္။)

လြန္ခဲ့တဲ့ ၁၅ ႏွစ္ အတြင္းမွာ က်ေနာ္တို႔ တိုးတက္လာတဲ့ နည္းပညာေတြ အမ်ားႀကီး ရွိပါတယ္။ အဲ့ဒီ့ထဲက နည္းပညာ (၃) ခုကို အဓိက အသံုးျပဳၿပီး ယခု နာႏို အာကာသယာဥ္ကို တီထြင္လိုက္ၾကပါတယ္။ ဒီနည္းပညာနဲ႔ ဆိုလွ်င္ အဂၤါၿဂိဳဟ္ကို တစ္နာရီေလာက္အတြင္း ေရာက္ရွိမွာျဖစ္ၿပီး ပေရာဆစ္မာ ဆန္က်ဴရီကို ႏွစ္ ၂၀ အတြင္း ေရာက္ရွိႏိုင္မွာျဖစ္ပါတယ္။

နာႏို အာကာသယာဥ္မွာ ယေန႔ မိုဘိုင္းဖုန္းမ်ားမွာ အသံုးျပဳေနတဲ့ (Chip) ခ်ပ္ျပားမ်ားလို ေသးငယ္ၿပီး ျပည့္စံုတဲ့ မိုက္ခ႐ိုခ်ပ္ျပား နဲ႔ ကင္မရာ၊ နာႏို နည္းပညာကို အသံုးျပဳထားတဲ့ ပါးလႊာတဲ့ ရြက္ဖ်င္၊ ေလဆာေရာင္ျခည္ နည္းပညာ ဆိုၿပီး အဓိက (၃) ပိုင္း ပါဝင္ပါတယ္။ ရြက္ေလွေတြလို ေလအား နဲ႔မဟုတ္ပဲ.. ေလဆာေရာင္ျခည္စြမ္းအားနဲ႔ တြန္းကန္ ရြက္လႊင့္မွာျဖစ္ပါတယ္။ အဲ့ဒီ့ တြန္းကန္မယ့္ ေလဆာေရာင္ျခည္ အားကိုေတာ့ ပံုမွာျပထားသလို ကမ႓ာေပၚက စက္မ်ားျဖင့္ ေရာင္ျခည္ေတြ စုၿပီး တြန္းပို႔ေပးလိုက္မွာပါ။ ဒါကို Starshot (ၾကယ္သို႔ပစ္ခြင္းျခင္း) လို႔ အမည္ေပးထားပါတယ္။

စြန္႔စားရမယ့္ အလုပ္တိုင္းမွာ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြ ဒြန္တြဲၿပီး ရွိတတ္ပါတယ္။ ကမ႓ာကေန အာကာသကို ဆန္႔ထုတ္လိုက္မယ့္ ေလဆာေရာင္ျခည္ဟာ ကမ႓ာ့ေလထု နဲ႔ ရာသီဥတုအေပၚ ဘယ္လိုသက္ေရာက္ႏိုင္မလဲ ဆိုတာကေတာ့ ပညာရွင္ေတြ ေလ့လာသံုးသပ္ၾကရမွာ ျဖစ္ပါတယ္။ ဒီ နည္းပညာအတြက္ ကုန္က်စရိတ္ဟာ အေမရီကန္ေဒၚလာ ၅ ဘီလီယံ မွ ၁၀ ဘီလီယံ အထိ ရွိမွာျဖစ္ၿပီး.. ပထမဆံုး Starshot ကိုေတာ့ ၂၀၃၆ ခုႏွစ္မွာ လႊတ္တင္မွာပဲ ျဖစ္ပါေတာ့တယ္..။

အနာဂတ္ပညာေရး ႏွင့္ အနာဂတ္ ၿငိမ္းခ်မ္းေရးအတြက္..

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ)

copy -

#htoohtoolay



unicode -

>>>ကမ္ဘာမြေကို စွန့်ခွာဖို့ နှစ် ၆၀၀ သာ လိုတော့သည်<<<

၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့မှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာပြုလုပ်တဲ့ အာကာသဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုမှာ ရူပဗေဒ နဲ့ သိပ္ပံပညာရှင် စတီဗင်ဟော့ကင်း ပြောကြားလိုက်တဲ့ စကားပါ။ တိုးတက်လာတဲ့ နည်းပညာ နဲ့ ယဉ်ကျေးမှုတို့ရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ကမ္ဘာကြီးဟာ လူသားတွေ မနေနိုင်လောက်မယ့် အခြေအနေကို လာမယ့် နှစ်ပေါင်း ၅၀၀ ကျော်မှာ ရောက်ရှိတော့မှာဖြစ်ပါတယ်။

ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ကျနော်တို့ လူသားတွေ အတွက် နေရာသစ်ကို ရှာဖွေရပါတော့မယ်..။ ဒါဟာ လူသားမျိုးနွယ်တွေအတွက် စိမ်းတဲ့အရာတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့.. လူသားတွေ ဖြစ်တည်ခဲ့တဲ့ နှစ်ပေါင်း ၂ သန်းအတွင်းမှာ နေရာသစ်များစွာကို ရောက်ရှိ ခရီးနှင်ခဲ့ကြလို့ပါပဲ။

လွန်ခဲ့သော နှစ်ပေါင်း ၇၅၀၀၀ က အာဖရိကန်တွေ ပင်လယ်နီကို ဖြတ်သန်းသွားလာခဲ့ရာက စလို့ လူသားတွေဟာ ပင်လယ်ပြင်ကို ရွက်လွှင့်ရင်း နေရာသစ်များစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၉ ရာစုမှာ ရိုက်ညီနောင်တို့ လေယာဉ်ပျံကို စတင် တီထွင် ဖန်တီးရာမှ ယနေ့ခေတ်မှာ ဝေဟင် နဲ့ အာကာသကို ရောက်ရှိ ခဲ့ကြပါတယ်။ ဒါပေမယ့်.. ယခုတစ်ခေါက် နယ်မြေချဲ့ထွင်ရမှာကတော့ အာကာသ နှင့် စကြဝဠာကိုပါ။ အခက်အခဲတွေ အများကြီး အများကြီး ရှိပါတယ်။

ကမ္ဘာနဲ့ အနီးဆုံး (နေနဲ့အနီးဆုံး) အိမ်နီးချင်း ကြယ်ဖြစ်တဲ့ ပရော့ဆစ်မာ ဆန်ကျူရီ ဟာ အလင်းနှစ် ၄.၂ နှစ် ကွာဝေးပါတယ်။ အိမ်နီးချင်းဆိုပေမယ့် မိုင်ပေါင်း ထရီလီယံချီပြီး သိပ်ဝေးလွန်းပါတယ်။ ပင်လယ်နီကို ရွက်လွှင့် ဖြတ်သလောက် လွယ်ကူမြန်ဆန်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ဖြစ်နိုင်ချေတွေတော့ ရှိနေပါတယ်။ (ပရော်ဆစ်မာ ဆန်ကျူရီကြယ်ကိုပတ်နေတဲ့ ကမ္ဘာနဲ့ တူတဲ့ ဂြိုဟ်တွေရှိပါတယ်။)

လွန်ခဲ့တဲ့ ၁၅ နှစ် အတွင်းမှာ ကျနော်တို့ တိုးတက်လာတဲ့ နည်းပညာတွေ အများကြီး ရှိပါတယ်။ အဲ့ဒီ့ထဲက နည်းပညာ (၃) ခုကို အဓိက အသုံးပြုပြီး ယခု နာနို အာကာသယာဉ်ကို တီထွင်လိုက်ကြပါတယ်။ ဒီနည်းပညာနဲ့ ဆိုလျှင် အင်္ဂါဂြိုဟ်ကို တစ်နာရီလောက်အတွင်း ရောက်ရှိမှာဖြစ်ပြီး ပရောဆစ်မာ ဆန်ကျူရီကို နှစ် ၂၀ အတွင်း ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

နာနို အာကာသယာဉ်မှာ ယနေ့ မိုဘိုင်းဖုန်းများမှာ အသုံးပြုနေတဲ့ (Chip) ချပ်ပြားများလို သေးငယ်ပြီး ပြည့်စုံတဲ့ မိုက်ခရိုချပ်ပြား နဲ့ ကင်မရာ၊ နာနို နည်းပညာကို အသုံးပြုထားတဲ့ ပါးလွှာတဲ့ ရွက်ဖျင်၊ လေဆာရောင်ခြည် နည်းပညာ ဆိုပြီး အဓိက (၃) ပိုင်း ပါဝင်ပါတယ်။ ရွက်လှေတွေလို လေအား နဲ့မဟုတ်ပဲ.. လေဆာရောင်ခြည်စွမ်းအားနဲ့ တွန်းကန် ရွက်လွှင့်မှာဖြစ်ပါတယ်။ အဲ့ဒီ့ တွန်းကန်မယ့် လေဆာရောင်ခြည် အားကိုတော့ ပုံမှာပြထားသလို ကမ္ဘာပေါ်က စက်များဖြင့် ရောင်ခြည်တွေ စုပြီး တွန်းပို့ပေးလိုက်မှာပါ။ ဒါကို Starshot (ကြယ်သို့ပစ်ခွင်းခြင်း) လို့ အမည်ပေးထားပါတယ်။

စွန့်စားရမယ့် အလုပ်တိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုးတွေ ဒွန်တွဲပြီး ရှိတတ်ပါတယ်။ ကမ္ဘာကနေ အာကာသကို ဆန့်ထုတ်လိုက်မယ့် လေဆာရောင်ခြည်ဟာ ကမ္ဘာ့လေထု နဲ့ ရာသီဥတုအပေါ် ဘယ်လိုသက်ရောက်နိုင်မလဲ ဆိုတာကတော့ ပညာရှင်တွေ လေ့လာသုံးသပ်ကြရမှာ ဖြစ်ပါတယ်။ ဒီ နည်းပညာအတွက် ကုန်ကျစရိတ်ဟာ အမေရီကန်ဒေါ်လာ ၅ ဘီလီယံ မှ ၁၀ ဘီလီယံ အထိ ရှိမှာဖြစ်ပြီး.. ပထမဆုံး Starshot ကိုတော့ ၂၀၃၆ ခုနှစ်မှာ လွှတ်တင်မှာပဲ ဖြစ်ပါတော့တယ်..။

အနာဂတ်ပညာရေး နှင့် အနာဂတ် ငြိမ်းချမ်းရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

copy -

#htoohtoolay


Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...