Skip to main content

Posts

Showing posts from June, 2016

မျိုးရိုးဗီဇဆိုတာ

မျိုးရိုးဗီဇဆိုတာ ---- တစ်စုံတစ်ယောက်က သင့်ကို အမေတူ နှာတံရှိတယ် ဒါမှမဟုတ် မျက်လုံးက အဖေနဲ့ ချွတ်စွတ် စတဲ့ စကားလုံးတွေနဲ့ ပြောဆိုခြင်း ခံခဲ့ဖူးပါသလား ။ မိဘတွေ အဘိုးအဘွားတွေထံက တစ်ချို့သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ သူတို့ သားသမီး မြေးမြစ်ဆီ မကြာခဏ မျိုးရိုးဗီဇ ပါလာတက်ကြပါတယ် ။ ဆံပင်ကောက်ကောက်နဲ့ အမျိုးသားတစ်ဦးမှာ သူ့လို ဆံပင်ကောက်တဲ့ သမီးလေးတစ်ယောက် ရှိနေနိုင်တယ်မဟုတ်ပါလား ။ တကယ်လို့ သင့်မိဘ နှစ်ဦးစလုံး မျက်စံညိုသူတွေဖြစ်ခဲ့ရင် သင်လည်း မျက်စံညိုသူတစ်ယောက် ဖြစ်နိုင်ပါတယ် ။ တချို့သော ရုပ်လက္ခဏာတွေ သင့်မှာ ဗီဇ ပါလာနိုင်ပါတယ် ။ ဒီလို မျိုးရိုးလိုက်တာကို လေ့လာတဲ့ သိပ္ပံဘာသာရပ်ကတော့ ( Ge-netics ) လို့ ခေါ်ပါတယ် ။ မျိုးရိုးလိုက်တာကို သိပ္ပံနည်းကျ ပထမဆုံး လေ့လာခဲ့သူဟာ ဂရီဂေါဂျိုဟန်မန်ဒယ် ဖြစ်တယ် ။ သူဟာ ရွှင်ပြပြဝဖိုင့်ဖိုင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးပါ ။ မျိုးရိုးဆက်ခံခြင်း ပဟေဠိတွေကို ဖြေရှင်းနိုင်မဲ့ နိယာမတွေကို ပထမဆုံး အုတ်မြစ်ချပေးခဲ့တဲ့ သိပ္ပံပညာရှင်ဖြစ်တယ် ။ သူ့ နိယာမတွေဟာ မျိုးရိုးဗီဇ သိပ္ပံပညာရဲ့ တာထွက်အစလို့ ဆိုနိုင်ပါတယ် ။ ထူးဆန်းတယ်လို့ ဆိုရမှာကတော့ ဘုန်းတော်ကြီးမန်ဒယ်ကို မျိုးရိုးလ...

ဇာတိပေါ်လာတာနဲ့ ဒုက္ခဆင်းရဲဆိုတာ ဘာလဲ မိတ်ဆွေ ?

ဇာတိပေါ်လာတာနဲ့ ဒုက္ခဆင်းရဲဆိုတာ ဘာလဲ မိတ်ဆွေ ? ----- ကမ္မဆိုတဲ့ ကုသိုလ်ကံ အကုသိုလ်ကံ က ဘဝသစ်ဖြစ်ခြင်း = ဇာတိဆိုတဲ့အကျိုးကို ဖြစ်ပေါ်စေတာမှာ ကံများစွာရှိနေရင် ဘယ်လို ကံက အကျိုးပေးတယ်ဆိုတာကို ပြောရမှာဖြစ်တယ် ။ အဲ့ဒီ့ကံက ဘယ်လိုဖြစ်လာတာလဲလို့ မေးမယ်ဆိုပါတော့ ။ အဲ့ဒါက သင်္ခါရ ပစ္စယာ ဝိညာဏံ သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်ဆိုတာမှာ သေခါနီးက ကံ ကမ္မနိမိတ် ဂတိနိမိတ် ထင်စေတယ် ။ အဲ့ဒီ့ အာရုံနိမိတ်ကို စွဲလမ်းနေရင်း နောက်ဆုံး စုတိစိတ်နဲ့ စိတ်အစဉ် ပြတ်ပြီး သေသွားတဲ့အခါ အဲ့ဒီ့ စွဲလမ်းခဲ့တဲ့ အာရုံနိမိတ်ကိုပဲ စွဲမှီ အာရုံပြုကာ ဘဝသစ် ဝိညာဏ် ဖြစ်သွားရပါတယ် ။ အဲ့ဒီ့စိတ်နဲ့အတူ ကမ္မဇရုပ်တွေလဲ ဖြစ်တယ် ။ အဲ့ဒီ့ ရုပ်နာမ် ခန္ဓာတွေနဲ့ ရှေးဦးစွာ ဖြစ်ပေါ်မှုကို ဘဝအသစ် ဖြစ်ပေါ်စေရတာလို့ ဒီလိုဆိုတာဖြစ်တယ် ။ အဲ့ဒီ့နောက် အာရုံခြောက်မျိုး - အကောင်းနဲ့ အဆိုးကို ခံစားလို့ရတဲ့ တပ်မက်သာယာတဲ့ တဏှာ ခြောက်ပါး ဖြစ်ပေါ်လာတယ် ။ အဲ့ဒီ့ တဏှာက ရင့်လာတော့ စွဲလမ်းမှု ဥပါဒါန်ဖြစ်လာတယ် ။ မရသေးတာကို ရအောင် ရပြီးတာတွေလည်း မပျောက်ပျက်ရအောင် မခွဲမခွါရအောင် သတ်မှတ်မှဘဲ လိမ်မှပဲ ကုန်းတိုက်မှပဲ စတာတွေနဲ့ မှားမှား ယွင်းယွင်း စွဲလမ်းတယ် ။ ကုသိုလ်ပြုမှပဲ ဒါနပြု...

အရှိတရားနဲ့ အဖြစ်တရား

အရှိတရားနဲ့ အဖြစ်တရား ---- မြတ်စွာဘုရားက ( ဖြစ်ခြင်းသဘောမရှိတဲ့ တရားဟာ ရှိတယ် ) ဘာလဲဆို နိဗ္ဗာန်တဲ့ ။ ဒါကြောင့် နိဗ္ဗာန်ကို အရှိတရားလို့ ပြောရင် ရတယ် ။ နိဗ္ဗာန်ကို ဘယ်အကြောင်းက ထုတ်လုပ်တယ်လို့ အကြောင်းတရားရှာပြီး ပြောစရာ မလိုဘူး ။ နိဗ္ဗာန်ကို ထုတ်လုပ်တဲ့ အကြောင်းရယ်လို့ မရှိဘူး ။ သို့သော် နိဗ္ဗာန်ကို ရောက်စေတက်တဲ့ အကြောင်းတော့ ရှိတယ် ။ ဒါနကောင်းမှုလုပ်တယ် ။ သီလစောင့်တည်တယ် ။ ကမ္မဋ္ဌာန်းဘာဝနာ ပွားများအားထုတ်တယ် ။ ဒါတွေက နိဗ္ဗာန်ကို ရောက်စေတက်တဲ့ အကြောင်းတရားတွေပဲ ။ သို့သော် ဒီအကြောင်းတရားတွေက နိဗ္ဗာန်ကို ဖန်တီးတဲ့ အကြောင်းတရားတွေ မဟုတ်ဘူး ။ ဒါကြောင့် နိဗ္ဗာန်သည် အရှိတရား / ထာဝရရှိနေတဲ့ အရှိတရားပဲ ။ အဲ့ဒါကြောင့်မို့ ( အ,ဇာတ ) အဖြစ်တရား မဟုတ်ဘူး အရှိတရားလို့ ပြောတာ ။ ဘာကြောင့်လဲဆိုတော့ မီးငြိမ်းနေတာကို ကြည့်မယ်ဆိုရင် ငြိမ်းအေးမှုဆိုတာ မီးမရှိမှုကို ပြောတာ ။ မီးမရှိတဲ့ နေရာတိုင်းကို ငြိမ်းအေးတယ်လို့ ပြောလို့ ရသလား ။ မီးတောက်ပြီးတဲ့ နေရာမှာ အဲ့ဒီ့ မီးတောက်လေး ငြိမ်းသွားမှ အငြိမ်းလို့ ပြောလို့ရတာ ။ သို့သော် ငြိမ်းတယ်ဆိုတာ မရှိဘူးလားဆိုတော့ ရှိတယ် ။ အမြဲတမ်း ရှိတဲ့ အရာတစ်ခု ။ ငြိမ်းအေးတယ်ဆိုတဲ့ သဘာဝက အ...

အာရုံဆိုတာ ဘာကိုပြောတာလည်း ?

အာရုံဆိုတာ ဘာကို ပြောတာပါလဲ ? ---- အာရုံဆိုတဲ့စကားက ပါဠိသက် ဝေါဟာရပါ ။ ပါဠိက ( အာရမ္မဏ ) / (အာ) ဆိုတာ လာရောက်ပြီး ( ရမ္မဏ) ပျော်မွေ့တယ်ဆိုတဲ့ အဓိပ္ပါယ် ။ ပျော်မွေ့နေကြတယ် ။ အာရုံရှိရာကကိုသွားပြီး ပျော်မွေ့နေကြတယ် ။ သို့သော်လည်း ဒါဟာ တင်စားပြီးပြောတဲ့ စကားလုံးတွေ ဖြစ်ပါတယ် ။ အရပ်ထဲမှာလည်း ဒီလိုပဲ ပြောတာပါပဲ ။ တကယ်တော့ စိတ်က အာရုံဘက်ကို ထွက်သွားပြီး ပျော်မွေ့နေတာ မဟုတ်ဘူး ။ စိတ်က အာရုံကို တွေးနေတာဟာ ပျော်နေတာပဲ ။ ကောင်းတဲ့ အာရုံပဲ ဖြစ်ဖြစ် မကောင်းတဲ့ အာရုံပဲဖြစ်ဖြစ် အာရုံဆီ စိတ်ရောက်နေတာကို ပြောတာ ။ ဆိုပါစို့ - လူတစ်ယောက်ဟာ တစ်ခုခုကို မြင်ပြီးရင် စိတ်က အဲ့ဒီ့ မြင်ထားတဲ့ အာရုံဆီကို ရောက်မနေဘူးလား ? ။ အသံလေးတစ်သံ ကြားလိုက်လို့ရှိရင် ကြားလိုက်တဲ့ အသံအပေါ် အတွေးတွေ ရောက်သွားတာပါပဲ ။ ( စိတ်ကလေး လာရောက်ပြီး ပျော်မွေ့စရာ / လာရောက်ပြီး ကျတ်စားစရာ ) ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖွင့်ဆိုတာ ။ တကယ်စိတ်က ထွက်သွားပြီး အာရုံဆီ သွားနေတာတော့ မဟုတ်ဘူးပေါ့ ။ သို့သော် စိတ်နဲ့ အာရုံက တွေ့မနေဘူးလား ။ မျက်စိနဲ့ အဆင်းအာရုံလေး ဆုံလိုက်တာနဲ့ တစ်ပြိုင်နက် စိတ်ကလေး ပေါ်လာတယ် ။ အဲ့ဒီ့ စိတ်ကလေး ဘယ်သူနဲ့ အလုပ် လုပ်လည်းဆိုရင် မ...