Skip to main content

မျိုးရိုးဗီဇဆိုတာ

မျိုးရိုးဗီဇဆိုတာ
----
တစ်စုံတစ်ယောက်က သင့်ကို အမေတူ နှာတံရှိတယ် ဒါမှမဟုတ် မျက်လုံးက အဖေနဲ့ ချွတ်စွတ် စတဲ့ စကားလုံးတွေနဲ့ ပြောဆိုခြင်း ခံခဲ့ဖူးပါသလား ။ မိဘတွေ အဘိုးအဘွားတွေထံက တစ်ချို့သော ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ သူတို့ သားသမီး မြေးမြစ်ဆီ မကြာခဏ မျိုးရိုးဗီဇ ပါလာတက်ကြပါတယ် ။ ဆံပင်ကောက်ကောက်နဲ့ အမျိုးသားတစ်ဦးမှာ သူ့လို ဆံပင်ကောက်တဲ့ သမီးလေးတစ်ယောက် ရှိနေနိုင်တယ်မဟုတ်ပါလား ။ တကယ်လို့ သင့်မိဘ နှစ်ဦးစလုံး မျက်စံညိုသူတွေဖြစ်ခဲ့ရင် သင်လည်း မျက်စံညိုသူတစ်ယောက် ဖြစ်နိုင်ပါတယ် ။ တချို့သော ရုပ်လက္ခဏာတွေ သင့်မှာ ဗီဇ ပါလာနိုင်ပါတယ် ။ ဒီလို မျိုးရိုးလိုက်တာကို လေ့လာတဲ့ သိပ္ပံဘာသာရပ်ကတော့ ( Ge-netics ) လို့ ခေါ်ပါတယ် ။

မျိုးရိုးလိုက်တာကို သိပ္ပံနည်းကျ ပထမဆုံး လေ့လာခဲ့သူဟာ ဂရီဂေါဂျိုဟန်မန်ဒယ် ဖြစ်တယ် ။ သူဟာ ရွှင်ပြပြဝဖိုင့်ဖိုင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးပါ ။ မျိုးရိုးဆက်ခံခြင်း ပဟေဠိတွေကို ဖြေရှင်းနိုင်မဲ့ နိယာမတွေကို ပထမဆုံး အုတ်မြစ်ချပေးခဲ့တဲ့ သိပ္ပံပညာရှင်ဖြစ်တယ် ။ သူ့ နိယာမတွေဟာ မျိုးရိုးဗီဇ သိပ္ပံပညာရဲ့ တာထွက်အစလို့ ဆိုနိုင်ပါတယ် ။ ထူးဆန်းတယ်လို့ ဆိုရမှာကတော့ ဘုန်းတော်ကြီးမန်ဒယ်ကို မျိုးရိုးလိုက်ခြင်းနဲ့ ပတ်သတ်ပြီး ပထမဆုံး အာရုံညွှတ်စေခဲ့တာကတော့ ပဲပင်တွေ အပြည့်စိုက်ထားတဲ့ ဥယျာဉ်တစ်ခုဖြစ်နေခြင်းပါပဲ ။

မန်ဒယ်ရဲ့ ဖခင်ဟာ မိုရဗီးယားနိုင်ငံငယ်လေးက ဆင်းရဲတဲ့ ကျေးတောသား ဥယျာဉ်မှူးတစ်ယောက်ဖြစ်ပါတယ် ။ ကောင်လေးမန်ဒယ်ဟာ မိသားစုစိုက်ခင်းမှာ အပင်တွေ ပျိုးနုတ်ပေါင်းသင်တဲ့ အလုပ်တွေမှာ ကူညီလုပ်ပေးရတာကို နှစ်သက်သဘောကျခဲ့ပါတယ် ။ ကလေးသာသာအရွယ်ပေမယ့် မေးခွန်းတွေ မဆုံးတမ်း အမေးအမြန်းထူခဲ့တယ် ။ ပန်းပွင့်တွေ အရောင်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်နေတာ ဘာကြောင့်လဲ ။ သည်ပန်းပင်ဟာ အနီရောင်အသီး သီးပြီး အခြား ပန်းသီးပင်မှာကြ ဘာကြောင့်များ အဝါရောင် သီးရတာလဲ ။ မန်ဒယ်ရဲ့ ဖခင်ဟာ မေးခွန်းတွေ ပြန်မဖြေနိုင်တဲ့အတွက် အနည်းငယ် ရှက်ရွံ့မိခဲ့မှာပါ ။ ဒါပေမယ့် အဲ့ဒီ့ခေတ်အချိန်က အဖြေသိတဲ့သူ တစ်ယောက်မျှလည်း မရှိခဲ့ပါဘူး။

မန်ဒယ်ဟာ အသက် နှစ်ဆယ့်တစ်နှစ်အရွယ်မှာ သာသနာ့ဘောင်ဝင်ပြီး စိန့်ဂရီဂေါရီ ကို ဂုဏ်ပြုမှည့်ခေါ်တဲ့ ဂရီဂေါ ဆိုတဲ့ ဘာသာရေးအမည်ကို ခံယူခဲ့ပါတယ် ။ ကိုယ်တော်ဟာ အမှော်အမြင်ရှိရှိ ဘဝလမ်းကြောင်းရွေးချယ်ခဲ့တယ်လို့ ဆိုရမယ် ။ ဘာသာရေးကျောင်းတော်ဟာ သူ့အတွက် သုခရိပ့်မြုံတစ်ခုပါ ။ အပေါင်းအဖေါ် ဘုန်းကြီးတွေဟာ ရင်းနှီးခင်မင်တက်ကြပြီး ဘာသာရေးမှသည် စာပေ အနုပညာ နဲ့ သိပ္ပံအကြောင်းအရာတွေအထိ ကိစ္စတိုင်းကို လွတ်လွတ်လပ်လပ် ဆွေးနွေးတက်ကြတဲ့ ညာဏ်ရည်ထက်မြတ်သူတွေ ဖြစ်ကြတယ် ။ ဒါ့အပြင် ကျောင်းတော်မှာ အမြဲပြုပြင် ထိန်းသိမ်းထားတဲ့ သာယာလှပတဲ့ ဥယျာဉ်တစ်ခုရှိပါတယ် ။ ဂရီဂေါဟာ ဥယျာဉ်ထိန်းအလုပ်ကို နှစ်သက်ပျော်မွေ့တာကြောင့် ဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးအလုပ်ကို တာဝန်ယူခဲ့ပါတယ် ။ သူဟာ ဘာသာရေးကိုလည်း အဆက်မပျက် လေ့လာလိုက်စားခဲ့ပြီး ၁၈၄၇ ခုနှစ်မှာ ဓမ္မကထိက ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာခဲ့တယ် ။

ငယ်စဉ်ကောင်လေးတစ်ယောက်အရွယ်က သူ့ဖခင်ရဲ့ ဥယျာဉ်ထဲ ပျိုးထောင်ပေါင်းနုတ်လုပ်စဉ် အမေးအမြန်းထူခဲ့သလို အခုလည်း သူ့မေးခွန်းတွေ စပြီး မေးလာခဲ့ပါပြီ ။ တစ်ချို့သော ပဲမျိုးစေ့တွေဟာ အစေ့ချောကြပြီး အချို့တွေက တွန့်တွန့်ခေါက်ခေါက်အစေ့တွေ ဘာကြောင့်ဖြစ်ရတာလဲ ။ ချောမွတ်တဲ့ ပဲစေ့တွေသာ သေချာပေါက် သီးပွင့်ဖို့ ဘယ်လိုစိုက်ပျိုးနိုင်မလဲ ။

နောက်ဆုံးမှာ သိလိုစိတ် ပြင်းထန်နေမှုဟာ မန်ဒယ်ကို ပိုမိုကောင်မွန်တဲ့ လမ်းကြောင်းတစ်ခုနောက် လျှောက်လှန်းသွားစေခဲ့တယ် ။ ဒါကတော့တကယ့်ကို သိပ္ပံနည်းကျ စမ်းသပ်မှုတွေလုပ်ဖို့ ဆုံးဖြတ်လိုက်ခြင်းပါပဲ ။ ခန့်မှန်းတွေးတောနေမဲ့အစား အရာအားလုံးကို ဂရုတစိုက် လေ့လာမှတ်သားပြီး သင်ယူမှတ်သားမိသမျှ သူဟာ ရေးသားထားပါတော့တယ် ။ စမ်းသပ်မှုလုပ်ဖို့ လွယ်လွယ်ကူကူ ကြီးထွားနိုင်တဲ့ ပဲစေ့တွေကို သူ ရွေးချယ်စုဆောင်းတယ် ။ အဲ့ဒီ့နောက် ပဲမျိုးပေါင်း တစ်သောင်းကျော်ကို သူဟာ စိုက်ပျိုးသုတေသန လုပ်ဆောင်ခဲ့ပါတော့တယ် ။

အဖြေရှာဖို့ ကြိုးပမ်းနေတဲ့ ပြဿနာရဲ့ နမူနာတစ်ခုက ဒီလိုပါ ။

ပဲပင်ရှည်တစ်ပင်နဲ့ ပဲပင်တိုတစ်ပင်တို့ မျိုးစပ်ထားတဲ့ မျိုးစပ်ပွားပင်ခေါ် အပင်ပေါက်တွေဟာ ရှည်မလား ? တိုမလားဆိုတဲ့ မေးခွန်းပါပဲ ။ ပဲပင်ရှည်တစ်ပင်နဲ့ ပဲပင်တိုတစ်ပင်ကို မျိုးစပ်ပွားဖို့အတွက် ပဲပင်ရှည်ရဲ့ ဖိုဝတ်စံ ကိုယူပြီး ပဲတိုပင်ရဲ့ မဝတ်စံ ခေါ် အစေ့ခံ ခွက်ထဲကို ထားပါတယ် ။ ရရှိလာတဲ့ အစေ့တွေကို စိုက်ပျိုးကြည့်တဲ့အခါ အပင်ပေါက်တွေ အားလုံးဟာ ဖခင် ဗီဇအတိုင်း အပင်ရှည်ကြတာကို တွေ့ရှိရတယ် ။ ဒီလို မျိုးရှည်ဗီဇပါလာတာကို မန်ဒယ်ဟာ လွှမ်းမိုးဗီဇ လက္ခဏာလို့ ဒီလိုခေါ်ခဲ့တယ် ။ ထို မျိုးစေ့အပင်ရှည်တွေ ထပ်မံ မျိုးပွားတဲ့အခါ ဒုတိယမျိုးဆက် ဒါမှမဟုတ် မြေး အပင်ပေါက်တွေအားလုံး အပင်ရှည်တွေချည်း ဖြစ်မနေတာကို မန်ဒယ် သတိထားမိတယ် ။အပင်ရှည် သုံးပင်တိုင်းမှာ အပင်တိုတစ်ပင်ပါလာတာကို တွေ့ရမှာဖြစ်တယ် ။ ဒီအပင်တိုဟာ အဖွားရဲ့ မျိုးတိုဗီဇကို ဆက်ခံရရှိခဲ့တာဖြစ်ပါတယ် ။ ဒီလို မျိုးတို ဗီဇပါလာတာကို မန်ဒယ်ဟာ ငုပ်လျှိုဗီဇလက္ခဏာလို့ ခေါ်ဝေါ်ခဲ့ပါတယ် ။

ဒီနည်းအတိုင်း မန်ဒယ်ဟာ စမ်းသပ်မှုတွေ အကြိမ်အရေအတွက် ရာနဲ့ ချီပြီး ပြုလုပ်ခဲ့ပါတယ် ။ ထွက်ရှိလာတဲ့ ရလဒ်များဟာ ဒီသဘောတရားအတိုင်းချည်း တွေ့ခဲ့ရတယ် ။ ဒီနိယာမဟာ အာလုံးတူညီတာကို လက်တွေ့ပြနိုင်ခဲ့ပေမယ့် သူ လက်တွေ့မဖေါ်ပြနိုင်တာတစ်ခုကတော့ လူသားတွေမှာဖြစ်တယ် ။ ဒါဟာလဲ မန်ဒယ်ရဲ့ နိယာမအတိုင်း ဖြစ်တည်နေကြမယ်ဆိုတာ အချက်အများကြီးဖြစ်နိုင်ချေသာပါတယ် ။ ခက်တာက လူသားတွေနဲ့ လက်တွေ့ ဘယ်လိုမှ စမ်းသပ်ဖို့ဆိုတာ မလွယ်ကူပါဘူး ။ ဒါကြောင့် ဒီတစ်ခုကို လက်တွေ့မပြနိုင်တာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ ။

နောက်ပိုင်းမှာ မန်ဒယ်ရဲ့ နိယာမကို လက်ခံလာကြပြီး အသိအမှတ်ပြုချိန်မှာတော့ မန်ဒယ်ဟာ လူ့လောကကြီးမှာ မရှိတော့တာ ဆယ့်ခြောက်နှစ် တိုင်တိုင် ရှိနေခဲ့ပါပြီ ။ တစ်ချို့တွေကတော့ မန်ဒယ်ရဲ့ နိယာမဟာ အနည်းငယ် လိုအပ်ချက်တွေရှိနေတယ်လို့ဆိုကာ နောက်ပိုင်းကျတော့ သူ့ရှာဖွေတွေ့ရှိမှုကို နိယာမအနေနဲ့ မပြောတော့ပဲ သီအိုရီလို့တာ သုံးနှုန်းခဲ့ကြပါတယ် ။ သူဟာ ပထမဆုံးသော မျိုးရိုးဗီဇနဲ့ပတ်သတ်ပြီး ရှာဖွေသိရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်တယ် ။ သူ့ကျေးဇူးကြောင့် ဂျုံပြောင်း သီးနှံတွေ ပိုမိုအရည်အသွေးကောင်းအောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို မန်ဒယ် ချပေးခဲ့တဲ့ လမ်းကအများကြီး အထောက်အကူ ပြုခဲ့ပါပြီ ။

ချစ်စွာသော ဘုန်းတော်ကြီး ဂရီဂေါဂျိုဟန်မန်ဒယ် ကျွန်ပ်တို့ကို ပေးအပ်ခဲ့တဲ့ အသိပညာတွေမှ ကျွန်တော်တို့ အားလုံး တစ်နည်းနည်းနဲ့ အကျိုးကျေးဇူး ရရှိခံစားနေရတယ်ဆိုတာ ငြင်းစရာမရှိတဲ့ အမှန်တရားတစ်ခုပါပဲ ။

#htoohtoolay

Comments

Popular posts from this blog

လိပ့်ပြာလွှင့် အတက်ပညာ

လိပ်ပြာလွှင့်အတတ်ပညာ ----- ရေထုံ မီးထုံများကို ကူးပြီးမှ ဒုတိယအဆင့်ကို တက်လှမ်းအောင်မြင်သကဲ့သို့ ထွက်ရပ်ပေါက်ပညာ၏ အရေးအပါဆုံး အပိုင်းဖြစ်သော မရဏထုံကူးပြီးမ...

မင်းကွန်းခေါင်းလောင်းတော်ကြီး

မင်းကွန်းခေါင်းလောင်းတော်ကြီး ----- မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား (၁၇၈၂ - ၁၈၁၉) က ပုထိုးတော်ကြီးတွင် ထားရှိရန် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ၊ ကဆုန်လ (အေဒီ - ၁၈၀၈ ခုနှစ် ၊ ဧပြီလ) တွင် သွန်းလောင်းခဲ့ခြင်းဖြစ်သည် ။ ပုထိုးတော်ကြီးကိုမူကား အပြီးသတ် တည်ဆောက်နိုင်ခြင်း မရှိခဲ့ပေ ။ အလေးချိန် ၅၅၅၅၅ ပိဿာ (တန် ၉၀) ခန့်ရှိသော မင်းကွန်းခေါင်းလောင်းသည် ၎င်းထက် သုံးဆခန့် ကြီးသော မော်စကိုမှ ခေါင်းလောင်းကြီးပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီး ဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းကြီး ချိတ်ဆွဲထားရာတိုင်များမှာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ၊ (အေဒီ - ၁၈၃၉ ခုနှစ်) မြေငလျင်ဒါဏ်ကြောင့် ပျက်ဆီးသွားခဲ့သည် ။ ခေါင်းလောင်းတော်ကြီးကို လက်ရှိ ချိတ်ဆွဲထားသော သံယက်မကြီးကိုမူ နှောင်းခေတ်တွင်မှ ပြုလုပ်ထားခြင်းဖြစ်သည် ။ မင်းကွန်းခေါင်းလောင်းတော်ကြီး၏အတိုင်းတာမှ အောက်ပါအတိုင်းဖြစ်ပါသည် - ၁ ။ နှုတ်ခမ်းဝအချင်း (အပြင်ဘက်မှ တိုင်းတာလျှင်) - ၁၆ ပေ ၊ ၃ လက်မ ။ ၂ ။ အတွင်းပိုင်းအချင်း (နှုတ်ခမ်းဝအထက် ၄ ပေ ၈ လက်မအထက်မှ တိုင်းတာလျှင် - ၁၀ ပေ ။ ၃ ။ အမြင့် (အတွင်းပိုင်းမှ တိုင်းတာလျှင်) ...

သင်္ကြန်

သင်္ကြန် ----- နှစ်သစ်ကူးပွဲတော်ကို မြန်မာတို့က သင်္ကြန်ပွဲတော်ဟု သိကြသည် ။ သင်္ကြန်ဟူသော စကားမှာ သက္ကဋဘာသာမှ လာခြင်းဖြစ်ပြီး ၊ ၁၂ ရာသီခွင် တစ်ခုခုသို့ နေမင်းဝင်ရောက်ခြင်းဟု အဓိပ္ပာယ်ရှိသည် ။ နှစ်သစ်ကူးပွဲတော်ကို ၊ မြန်မာ့နက္ခတ္တဗေဒတွင် မဟာသင်္ကြန်ဟု ခေါ်ကြသည် ။ နေသည် မိန်ရာသီ ( ငါးရုပ် ) မှ မိဿရာသီ ( ဆိတ်သိုးရုပ် ) သို့ ကူးပြောင်းမှုကို အထိမ်းအမှတ် ပြုခြင်း ၊ နေနှစ်တစ်နှစ်၏ အဆုံးမှ နောက်နှစ်တစ်နှစ်၏အစသို့ ကူးပြောင်း သော အရေးကြီးသည့် အကူးအပြောင်း ဖြစ်ခြင်းတို့ကြောင့် မဟာသင်္ကြန်ဟု ခေါ်ခြင်းပင် ဖြစ်သည် ။ မြန်မာ့ပြက္ခဒိန်သည် လပြက္ခဒိန် ဖြစ်သောကြောင့် ပွဲတော်ရက်ကို အရှင်ထားရသည် ။ ပုံသေ သတ်မှတ်ထား၍ မရ ။ တစ်နှစ်နှင့်တစ်နှစ် နှစ်သစ်ကူးသော ရက်လ မတူကြပေ ။ သို့သော် အနောက်တိုင်း ပြက္ခဒိန်မှာ နေပြက္ခဒိန်ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ဧပြီ ၁၃ မှ ၁၅ ရက် သို့မဟုတ် ၁၃ မှ ၆ ရက် သို့မဟုတ် ၁၄ မှ ၁၆ ရက်အတွင်း ပွဲတော် ကျရောက်လေ့ ရှိသည် ။ မြန်မာတို့က နှစ်တစ်နှစ်ကို တွက်ချက်သောအခါ နေ၏အသွား အလာကိုပါ ထည့်သွင်းစဉ်းစားသည်ဟု ဆိုနိုင်သည် ။ ထို့ကြောင့် မြန်မာနှစ် ၏ ပထမလဖြစ်သော တန်ခူးလကို နှစ်သစ်မတိုင်မီ ...